“ဆရာတို့ဘက်တော့ တစ်ရက်မလာဘူးဆိုရင် ရက်မှန်ကြေးတွေ၊ လစာတွေရော ဖြတ်လိမ့်မယ်။ ၃ ရက်မလာရင် အလုပ်ထွက်ရမှာနော်” ( စက်ရုံတာဝန်ရှိသူ) “လုပ်မယ်ဆို အထဲဝင်၊ ဒီနယ်မြေက စစ်အုပ်ချုပ်ရေး နယ်မြေ။ ပြောထားပြီးသား။ သမဂ္ဂတွေ ဘာတွေ လာမလုပ်နဲ့ ။ စစ်အုပ်ချုပ်ရေးမှာ ဘာ သမဂ္ဂမှ မရှိဘူး။” ( စစ်ကောင်စီတပ်မှ အရာရှိတစ်ဦး) ရွှေပြည်သာမြို့နယ် သာဓုကန်စက်မှူဇုန်ရှိ Hosheng (Myanmar) Garment Company Limited မှာ အလုပ်သမား သမဂ္ဂခေါင်းဆောင် ၇ ဦးကို အကြောင်းမဲ့ အလုပ်ထုတ်လိုက်လို့ စက်ရုံအလုပ်သမား ၆၀၀ ကျော် ဆန္ဒပြနေတယ်လို့ သိရပါတယ်။ စက်ရုံအတွင်း အလုပ်သမားတွေက ဆန္ဒပြနေစဉ် စစ်ကောင်စီတပ်တွေနဲ့ စက်ရုံတာဝန်ရှိသူတွေက ခြိမ်းခြောက်ပြောဆို ခဲ့ပါတယ်။ ဆန္ဒ ပြနေစဥ် စက်ရုံဘက်ကရဲနဲ့စစ်တပ်ကိုခေါ်ယူကာ အလုပ်ဆက်လုပ်ရန် နှင့်အလုပ်မလုပ်ဘဲ ဆန္ဒပြပါက အလုပ်ထုတ်ခံရနိုင်တယ်လို့ ခြိမ်းခြောက်ဖိအားပေးတာတွေပါ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ စစ်တပ်မှ "ကိုယ့်ဘ၀ကိုယ်သိ ဆို ကိုယ့်မိသားစုအတွက်ကိုစဥ်းစား လုပ်မယ်ဆိုအထဲဝင် မလုပ်ချင်ပြန်သွား ရွှေပြည်သာက စစ်အုပ်ချုပ်ရေးနယ်မြေ တခြားနယ်မြေနဲ့မတူဘူး စစ်အုပ်ချုပ်ရေးမှာဘာသမဂ္ဂမှမရှိဘူး" ဆိုကာ ခြိမ်းခြောက်ပြောဆိုခဲ့တာပါ။ အဆိုပါ စက်ရုံမှာ ZARA , Inditexစတဲ့ အမှတ်တံဆိပ်ချုပ်လုပ်တာဖြစ်တယ်လို့သိရပါတယ်။ #MyanmarLabourNews
VIDEO
စစ်အုပ်ချုပ်ရေးမှာဘာသမဂ္ဂမှမရှိဘူးလို့စစ်တပ်ကအလုပ်သမားတွေကို ခြိမ်းခြောက်
833 Views
Related posts
တလလျှင် တနင်္ဂနွေပိတ်ရက် (၂) ရက်သာ ပိတ်ပေးပြီး အလုပ်ဆင်းခိုင်းသော်လည်း အချိန်ပိုလုပ်ခလစာများကို အပြည့်အဝ မရှင်းဘဲ အကြွေးချန်နေလို့ အခက်အခဲဖြစ်
Dec 26, 2024
Golden Colour Fashion စက်ရုံပိုင်ရှင်မှ အလုပ်သမားကို လက်ရောက်ကျူးလွန်ပြီး မောင်းထုတ်
Dec 24, 2024
အချိန်ပိုအလွန်အကျွံခေါ်ယူမှုကြောင့် အလုပ်သမားများ ကျန်းမာ ရေး ထိခိုက်လာ
Dec 24, 2024
အိမ်အကူလုပ်သားများ တရားဝင်ရွှေ့ပြောင်းသွားလာသည့်လမ်းကြောင်းဖြစ်စေရေး အရပ်ဖက်အဖွဲ့အစည်းများ တိုက်တွန်း
Dec 24, 2024
New Plus အထည်ချုပ်စက်ရုံ လချီ အချိန်ပိုခေါ်ယူမှု အလုပ်သမားများ လုံခြုံရေး စိုးရိမ်လာ
Dec 24, 2024
အချိန်ပိုအိုတီ အလွန်အကျွံခေါ်ယူမှုကို ဝန်ကြီးဌာနကကြပ်မတ်ပေးရန်လိုနေ
Dec 23, 2024
LITA MYANMAR အထည်ချုပ်စက်ရုံ အလုပ်သမားများ လုပ်ငန်းခွင် တောင်းဆိုမှုပြုလုပ်နေ
Dec 23, 2024
Eternal fashion Co .Ltd တွင် တဖက်သတ် တောင်းခံသည့် အထည်စံချိန်မပြည့်ပါက အချိန်ပိုနာရီများကို အခမဲ့ ခိုင်းစေနေ
Dec 22, 2024