NEWS

ကြမ်းတမ်းစွာအော်ဟစ်ဆဲဆိုခိုင်းစေခံနေရတဲ့အပြင် အချိန်ပိုပါ အခမဲ့ ဆင်းပေးနေရတယ်လို့ LIAN CHENE Garment အထည်ချုပ်မှအလုပ်သမားများပြော

CoverLogo
1.8K Views

လုပ်ငန်းခွင်အတွင်း စူပါ အောစူပါများမှရုန့်ရင်းကြမ်းတမ်းစွာအော်ဟစ်ဆဲဆိုပြီး အလုပ်သမားများကိုခိုင်းစေနေတဲ့အပြင် တနဂ်နွေအလုပ်ပိတ်ရက်တွေပါအချိန်ပိုခေါ်ပြီး လုပ်ခလစာမပေးဘဲခိုင်းစေနေတဲ့အတွက် LIAN CHENE Garment အထည်ချုပ်စက်ရုံမှအလုပ်သမားတွေအခက်ကြုံနေရတယ်လို့သိရပါတယ်။

အဆိုပါစက်ရုံမှာတရုတ်နိုင်ငံသားပိုင်ဆိုင်ပြီးရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ စက်မှု့ဇုန်အမှတ်၂ မှာလုပ်ကိုင်နေတာဖြစ်ပြီးလုပ်သားဦးရေ ၇၀၀ ဝန်းကျင်နဲ့လည်ပတ်နေတဲ့စက်ရုံတခုလဲဖြစ်တယ်လို့ သိရပါတယ်။

"သူက ပွိုင့်ကြေး ခေါ် တစ်ကတ်ကြေး အထည်မပြည့်ရင် စူပါ အောစူပါတွေကအသေဆဲတာ တစ်ကဒ် မပြည့်ရင်လဲတနဂ်နွေနေ့ကိုအိုတီကြေးမပေးပဲဆင်းခိုင်းတာ ဥပဒေပါခွင့်ရက်ဘာညာဘာမှမရဘူးဒီမှာက"လို့အဆိုပါစက်ရံမှ  အလုပ်သမားတဦးကပြောပါတယ်။

ဒါ့အပြင်အလုပ်သမားများအတွက်ဥပဒေပါခံစားခွင့် ရှောင်တစ်ခင်ခွင့်များ၊ လုပ်သက်ခွင်များလည်းမရရှိဘဲ တစ်ရက်ပျက်လျှင်(၁၀၀၀၀)ကျပ်ဖြတ်ခံနေရပြီးလူမှုဖူလုံရေကြေးလစဥ်ထည့်ရသော်လည်း အလုပ်သမားများလူမှုဖူလုံရေးခံစားခွင့်များလည်မရရှိဘူးလို့သိရပါတယ်။

"အခုစက်ရံမှာကနေ့စားသမား၁၀၀ ကျော်ရှိတယ်သုံးလကျော်ပြီးတနှစ်နီးပါးရှိနေပြီ တရားဝင်မခန့်ဘူးပြီးတော့အဲ့လူတွေကိုအတည်ပြုဝန်ထမ်းမဟုတ်ဖူးဆိုပြီးအလုပ်ရှင်ကဥပဒေပါခံစားခွင့်တွေဘာမှမပေးဘူး"လို့စက်ရုံဝန်ထမ်းတဦးကဆက်ပြောပါတယ်။

လက်ရှိအခြေအနေမှာတော့ LIAN CHENE Garment အထည်ချုပ်စက်ရုံအလုပ်သမားတွေအနေနဲ့သုံးလပြည့်ပြီးနေ့စားသမားများအတည်ပြုဝန်ထမ်းခန့်အပ်ရန်၊ ဆဲဆိုမှုများအရးယူပေးပါရန်နှင့်ဥပဒေ အတိုင်းခံစားခွင့်များပေးရန်အလကားဆင်းပေးရသော OTကြေးများပြန်လည်းရရှိလိုကြောင်းတောင်းဆိုထားကြပါတယ်။

အထက်ပါစက်ရုံဟာ fox&bunny အမှတ်တံဆိပ်အထည်တွေချုပ်လုပ်ပြီးစျေးကွက်ကိုဖြန့်ချီနေတဲ့စက်ရုံတခုလဲဖြစ်တယ်လို့ သိရပါတယ်။


 


Related posts

Cover
အိုမန်မှ ပေးစာ
Apr 19, 2025
Cover
မြန်မာအပါအဝင်အထောက်အထားမပြည့်စုံတဲ့ နိုင်ငံခြားသားအလုပ်သမား ၅၀၀ ကျော်အဖမ်းခံရ
Apr 19, 2025
Cover
GYSEN (Myanmar) အလုပ်သမားများ လုပ်ငန်းခွင်ပြန်လည်ဝင်ရောက်နိုင်ခြင်းမရှိ
Apr 12, 2025
Cover
၇ ရက် ဘဏ်စနစ်ဆိုပြီး ဝန်ထမ်းများ နားရက် မရှိ လုပ်ကိုင်ပေးရ
Apr 11, 2025
Cover
Golden Colour Fashion အလုပ်သမားတွေကို ဖိအားပေးလက်မှတ်ထိုးခိုင်း
Apr 11, 2025
Cover
Alpine သောက်ရေသန့် သင်္ကြန်ကာလ အတင်းအကျပ် အချိန်ပို လုပ်ခိုင်း
Apr 11, 2025