NEWS

ZYZ Apparel စက်ရုံ လုပ်သက် တနှစ်ခွဲရှိ အလုပ်သမားတဦးအား အလုပ်ထုတ်

CoverLogo
748 Views

ZYZ Apparel Co.,Ltd စက်ရုံက လုပ်သက် တနှစ်ခွဲ ဝန်းကျင်ရှိ အလုပ်သမားတဦးကို စက်ရုံတာဝန်ရှိသူတွေက အလုပ်ကနေ ထုတ်ပယ်ခဲ့တယ်လို့ သိရပါတယ်။  

 

မပိုင်ဆိုသူ အလုပ်သမား အလုပ်ထုတ်ခံခဲ့တာ ဖြစ်ပြီး မပိုင်ရဲ့ နိုဝင်ဘာလ လုပ်ခလစာထဲက ကျပ် ၂၀၀၀၀ နဲ့ ဒီဇင်ဘာ လုပ်ခလစာထဲက ကျပ် ၅၀၀၀၀ ဖြတ်တောက်ခဲ့တာ ကြောင့် အလုပ်သမားရုံးကို တိုင်ကြားထားတယ်လို့ သွေးစည်းညီညွတ်သောသမဂ္ဂများ အဖွဲ့ချုပ် STUM အဖွဲ့က ပြောပါတယ်။

 

“ အလညကို တိုင်ထားတယ်။ အနည်းဆုံးလုပ်ခလစာကို မပြည့်မီဘူး ဒီအတွက်လည်း တိုင်ကြားထားပါတယ်” လို့ STUM အဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။ 

 

ZYZ Apparel Co.,Ltd စက်ရုံ ရဲ့ အလုပ်သမားဖြစ်သူ မပိုင်ဟာ ဇန်နဝါရီ ၂ရက် ညနေပိုင်းမှာ မနက်ပိုင်း အလုပ် နောက်ကျတာနဲ့ ဂိတ်ပတ်စ်ယူတာတွေရှိလို့ ဝမ်တိန် လက်မှတ်ထိုး ခိုင်းတာကြောင့် ထိုးပေးခဲ့တယ်လို့ သိရပါ တယ်။ အဲဒီလို ၀မ်တိန်ထိုးပြီးနောက် နောက်ရက်ကစ အလုပ်လာစရာမလိုဘဲ အလုပ်ကနေ ထုတ်ပယ်ကြောင်းကို စက်ရုံ မန်နေဂျာက ပြောခိုင်းတယ်ဆိုပြီး လိုင်းစူပါက လာရောက် ပြောဆိုပြီး အလုပ်ထုတ်ခံခဲ့ရတာလို့ သိရပါ တယ်။  

 

ZYZ Apparel Co.,Ltd စက်ရုံကတော့ ရွှေပြည်သာမြို့နယ် ဝါးတရာစက်မှုဇုန်မှာရှိပြီး အလုပ်သမား ၈၀၀ လောက်နဲ့ လုပ်ငန်းလည်ပတ်နေတာ ၆ နှစ် ဝန်းကျင်ရှိပြီလို့ သိရပါတယ်။ စက်ရုံက ROMAN PETITE ၊ GEMO ၊ Sinsay စတဲ့ ကုန်အမှတ်တံဆိပ်တွေကို ချုပ်လုပ်နေတယ်လို့ သိထားပါတယ်။

 #MyanmarLabourNews


Related posts

Cover
Dishang Fashion (Myanmar) အောစူပါမှ ကိုယ်ထိလက်ရောက်ပြုလုပ်တဲ့ အပြင် အလုပ်ပါ အထုတ်ခံရ
May 23, 2026
Cover
T M A အထည်ချုပ် စက်ရုံ အချိန်ပို တပတ် နာရီ ၂၀ ကျော် လုပ်ကိုင်ခိုင်း
May 23, 2026
Cover
Shan Dong Jiayi အထည်ချုပ်စက်ရုံ အချိန်ပို မဆင်းလို့ လုပ်ခ လျှော့ပေး
May 23, 2026
Cover
Peak Outdoor Yangon စက်ရုံ မန်နေဂျာ ဝမ်တိန်အသုံးချ အဓမ္မအလုပ်ထုတ် ပြင်ပဆေးခန်းပြလို့ ဆေးခွင့်မပေးဘဲ ဝမ်တိန်ထိုးခိုင်း
May 21, 2026
Cover
Shwe Myinn Co.,Ltd Washing Fact စက်ရုံ လုပ်သားများအား ဌာနနေရာစုံ လုပ်ကိုင်ခိုင်း
May 21, 2026
Cover
နေရွှေဝင်းအထည်ချုပ်က အလုပ်သမား ၈၀ ကျော်ကို လုပ်ငန်းခွင်ပြန်ဝင်ဖို့နဲ့ နောက်ထပ်တောင်းဆိုမှု ၁ နှစ်အတွင်းမလုပ်ဖို့ထုတ်ပြန်
May 19, 2026
Cover
အလုပ်သမားပေးစာ LUCKYSKY BAGS Myanmar သန့်စင်ခန်းများ ပျက်စီး  သန့်ရှင်းပေးမှု အားနည်း
May 19, 2026
Cover
Joyful Myanmar Garment အမျိုးသမီး လုပ်သားများအား ပိတ်လိပ်ထမ်းခိုင်း
May 19, 2026