NEWS

ZYZ Apparel စက်ရုံ လုပ်သက် တနှစ်ခွဲရှိ အလုပ်သမားတဦးအား အလုပ်ထုတ်

CoverLogo
477 Views

ZYZ Apparel Co.,Ltd စက်ရုံက လုပ်သက် တနှစ်ခွဲ ဝန်းကျင်ရှိ အလုပ်သမားတဦးကို စက်ရုံတာဝန်ရှိသူတွေက အလုပ်ကနေ ထုတ်ပယ်ခဲ့တယ်လို့ သိရပါတယ်။  

 

မပိုင်ဆိုသူ အလုပ်သမား အလုပ်ထုတ်ခံခဲ့တာ ဖြစ်ပြီး မပိုင်ရဲ့ နိုဝင်ဘာလ လုပ်ခလစာထဲက ကျပ် ၂၀၀၀၀ နဲ့ ဒီဇင်ဘာ လုပ်ခလစာထဲက ကျပ် ၅၀၀၀၀ ဖြတ်တောက်ခဲ့တာ ကြောင့် အလုပ်သမားရုံးကို တိုင်ကြားထားတယ်လို့ သွေးစည်းညီညွတ်သောသမဂ္ဂများ အဖွဲ့ချုပ် STUM အဖွဲ့က ပြောပါတယ်။

 

“ အလညကို တိုင်ထားတယ်။ အနည်းဆုံးလုပ်ခလစာကို မပြည့်မီဘူး ဒီအတွက်လည်း တိုင်ကြားထားပါတယ်” လို့ STUM အဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။ 

 

ZYZ Apparel Co.,Ltd စက်ရုံ ရဲ့ အလုပ်သမားဖြစ်သူ မပိုင်ဟာ ဇန်နဝါရီ ၂ရက် ညနေပိုင်းမှာ မနက်ပိုင်း အလုပ် နောက်ကျတာနဲ့ ဂိတ်ပတ်စ်ယူတာတွေရှိလို့ ဝမ်တိန် လက်မှတ်ထိုး ခိုင်းတာကြောင့် ထိုးပေးခဲ့တယ်လို့ သိရပါ တယ်။ အဲဒီလို ၀မ်တိန်ထိုးပြီးနောက် နောက်ရက်ကစ အလုပ်လာစရာမလိုဘဲ အလုပ်ကနေ ထုတ်ပယ်ကြောင်းကို စက်ရုံ မန်နေဂျာက ပြောခိုင်းတယ်ဆိုပြီး လိုင်းစူပါက လာရောက် ပြောဆိုပြီး အလုပ်ထုတ်ခံခဲ့ရတာလို့ သိရပါ တယ်။  

 

ZYZ Apparel Co.,Ltd စက်ရုံကတော့ ရွှေပြည်သာမြို့နယ် ဝါးတရာစက်မှုဇုန်မှာရှိပြီး အလုပ်သမား ၈၀၀ လောက်နဲ့ လုပ်ငန်းလည်ပတ်နေတာ ၆ နှစ် ဝန်းကျင်ရှိပြီလို့ သိရပါတယ်။ စက်ရုံက ROMAN PETITE ၊ GEMO ၊ Sinsay စတဲ့ ကုန်အမှတ်တံဆိပ်တွေကို ချုပ်လုပ်နေတယ်လို့ သိထားပါတယ်။

 #MyanmarLabourNews


Related posts

Cover
Myanmar San He စက်ရုံ EC စာချုပ်ချိုးဖောက်
Apr 22, 2025
Cover
အိုမန်မှ ပေးစာ
Apr 19, 2025
Cover
မြန်မာအပါအဝင်အထောက်အထားမပြည့်စုံတဲ့ နိုင်ငံခြားသားအလုပ်သမား ၅၀၀ ကျော်အဖမ်းခံရ
Apr 19, 2025
Cover
GYSEN (Myanmar) အလုပ်သမားများ လုပ်ငန်းခွင်ပြန်လည်ဝင်ရောက်နိုင်ခြင်းမရှိ
Apr 12, 2025
Cover
၇ ရက် ဘဏ်စနစ်ဆိုပြီး ဝန်ထမ်းများ နားရက် မရှိ လုပ်ကိုင်ပေးရ
Apr 11, 2025
Cover
Golden Colour Fashion အလုပ်သမားတွေကို ဖိအားပေးလက်မှတ်ထိုးခိုင်း
Apr 11, 2025
Cover
Alpine သောက်ရေသန့် သင်္ကြန်ကာလ အတင်းအကျပ် အချိန်ပို လုပ်ခိုင်း
Apr 11, 2025
Cover
စကြာမင်းတိုင်းရင်းဆေးစက်ရုံကို အလုပ်သမားရုံးကဝင်ရောက်စစ်ဆေးပြီးနောက် ကျူးလွန်သူတွေကို ရာထူးချ အရေးယူခဲ့
Apr 10, 2025