NEWS

Zong Hong စက်ရုံ သင်္ကြန်ပိတ်ရက် အချိန်ပိုကြေးအပြည့်အဝမပေးဘဲ ခေါင်းပုံဖြတ်

CoverLogo
682 Views
 
လှိုင်သာယာမြို့နယ် မြစိမ်းရောင်စက်မှုဇုန် မြခေတ္တာလမ်း၊ Zong Hong စက်ရုံက သင်္ကြန်ပိတ်ရက်မှာ အချိန်ပိုကြေးနှစ်ဆပေးမယ်လို့ခေါ်ယူခဲ့ပေမဲ့ အမှန်တကယ်အပြည့်အဝမပေးဘဲ ခေါင်းပုံဖြတ် ခိုင်းစေခဲ့တာကြောင့် ဖြေရှင်းပေးစေလိုတယ်လို့ အလုပ်သမားတွေထံကသိရပါတယ်။
 
"ပိတ်ရက်မှာ အချိန်ပို ဆင်းပေးရမယ် "ဆင်းရင် ၂ဆ လည်း ပေးမယ်" ဆိုပြီး ခေါင်းဆောင်တွေက ပြောခေါ်တာ တကယ်ရှင်းပေးတော့ ၁၅၂၅၀ ထဲ ရှင်းပေးတယ် ရှင်းပေးတော့လဲ အပြည့်မပေးဘူး။ အစွန်း ထွက်ကို လိုင်းခေါင်းဆောင်က ဖြတ်ထားတယ်။ အကြွေ မရှိလို့ ဆိုပြီး အမ်းယူမယ် ပြောလဲ မပေးဘူး အိုတီက ဝန်ထမ်း ၂၀၀ လောက်ဆင်းရတာ တခြားဌာနမှာ သွားလုပ်ပေးရတာ " လို့ အလုပ်သမားကဆိုပါတယ်။
 
အဆိုပါစက်ရုံအလုပ်သမားတွေဟာ သင်္ကြန် ပိတ်ရက် ဖြစ်တဲ့ ဧပြီ ၁၉ရက်၊၂၀ ရက်နှင့် ၂၁ ရက်နေ့တွေမှာ အိုတီကြေး နှစ်ဆပေးမယ်ဆိုပြီး အချိန်ပိုခေါ်ခြင်း ဖြစ်လို့ အလုပ်သမား ၂၀၀ ကျော်တို့ကဆင်းပေးခဲ့တာဖြစ်ပါတယ်။
ခုအချိန်ပိုကြေးရှင်းပေးရာမှာတော့ ၁၅၂၅၀ ကျပ်သာ ရှင်းပေးတယ်လို့သိရပါတယ်။
 
စက်ရုံရဲ့ ပုံမှန်ပေးထားတဲ့ ဒေး​ကြေး ၇၈၀၀ကျပ်နဲ့ တစ်နာရီလျှင် အချိန်ပိုကြေး (၁၉၅၀)ရရှိတာဖြစ်ပြီး နှစ်ဆမရဘဲ ၁၅၂၅၀ ကျပ်သာရရှိခဲ့ပြီး အစွန်းထွက်ကိုဖြတ်ထားတယ်လို့ ဆိုပါတယ်။
 
အဲ့ဒီလို ရှင်းပေးလို့အလုပ်သမားတွေက WCC ကိုအသိပေးပေမဲ့ WCC က "ကိုယ့်ဘာသာ ပြော" ဆိုပြီးသာ တုန့်ပြန်ခဲ့တယ်လို့ ဆိုပါတယ်။
 
"အခုလို ကိစ္စ မှာ သူတို့က ဘာမှ မလုပ်ပေးဘူး ညှိနှိုင်းမှု မလုပ်ပေးဘူး ပိတ်ရက်မှာ တစ်နေကုန် အလုပ်လာလုပ်တာ ပိုက်ဆံ လိုချင်လို့လေ ဒါကို သူတို့က ပေးရမဲ့ အတိုင်း မပေးဘဲ ခိုင်းတာ ကတော့ လွန်တယ် မဆင်းရင် လဲ ခေါင်းဆောင်တွေ က လိုင်းထိပ်ခေါ်ပြီး အော်ဟစ် ဆူတယ်"လို့ ပြောလာပါတယ်။
 
စက်ရုံအလုပ်သမားတွေဟာ အလုပ်ဝင်ချိန်ထက်စောပြီး အလုပ်ဝင်လုပ်ခိုင်းဖို့ ဖယ်ရီကားကို စောပြီးကြိုခိုင်းတာဖြစ်သလို နေ့လည် ထမင်းစား နားချိန်မှာလည်း ထမင်းအမြန်စားခိုင်းပြီး အလုပ်ပြန်လုပ်ခိုင်းတာတွေ ရှိနေတယ်လို့သိရပါတယ်။
 
စောဝင်လုပ်ရတဲ့အလုပ်အချိန်တွက် အချိန်ပိုခပေးခြင်းမရှိဘူးလို့လည်းပြောပါတယ်။
"မနက်အလုပ်ဝင်ချိန်က ၈နာရီ အဲ့ဒါ ကို ဖယ်ရီ က တစ်နာရီ လောက်စောပြီး လာကြိုတယ် စက်ရုံ ရောက်တော့ ၇နာရီ ပဲရှိသေးတယ် မနက်စာစားပြီးချိန်ဆို ၇နာရီ ၂၀ မိနစ် လောက်ပဲ ရှိသေးတယ် မနက်စာစားပြီးတာနဲ့ အလုပ်ဝင်လုပ်ခိုင်းတယ် အဲ့လို လုပ်ဖို့ မီးစက်ကမောင်းပေးထားတယ် မနက်အစောကြီး ထရတယ် ပြီးတော့ ဒီမှာ အလုပ်ကို စောပြီးလာလုပ်ပေးရတယ်၊ အဲ့လိုလုပ်ပေးရလို့ အချိန်ပို ခ ပေးလားဆိုတော့ မပေးဘူး ဖယ်ရီ ကားသမားကို ဘာလို့ အစောကြီး လာကြိုတာလဲ စက်ရုံ ဘက်ကို ပြောပေးပါ လားပြောတော့ ကားသမားကလဲ ပြောပြတယ် စက်ရုံ က မရဘူး ဒီချိန်ပဲ ကြိုပေးပါ ပြောလို့ ကြိုရတာလို့ ပြောတယ် ဒီကိစ္စ ကိုလဲ WCC က ဘာမှ လုပ်မပေးဘူး ထမင်းစားနားချိန်ကျရင် ခေါင်းဆောင်က နင်တို့ မြန်မြန်စားပြီး အထည်မပြည့်သေးတာကို လာချုပ်ခိုင်းတယ် မနားရဘူး မီးစက်ကလည်း ပိတ်မထားဘူး " လို့ ဆိုပါတယ်။
 
ဒါ့အ​ပြင်စက်ရုံကအလုပ်သမားတွေကို စက်ရုံဘက်က တစ်လလုံးတစ်ရက်မှမပျက်လျင်ပေးထားတဲ့ တရက် ၁၀၀၀၊ တစ်လ ၃သောင်း ကျပ်ကိုလည်း ငလျင်ဘေးသင့် ပြည်သူအတွက်ဆိုကာ မထည့်မနေရ ကောက်ခံတယ် လို့လည်းပြောပါတယ်။
 
အလုပ်သမားတွေကို စေတနာရှိသလောက်အလှူငွေကောက်ခံတာ လှူနိုင်သလောက်ကောက်ခံတာမဟုတ်ဘဲ ကျပ်၃၀၀၀၀ လုံးကိုမလှူမနေရကောက်ခံတာလို့လည်း သိရပါတယ်။
 
"စက်ရုံ ဘက်က အလှူငွေကောက်တာ လက်ခံပါတယ်။ စေတနာရှိသလောက် ထည့်ဆိုတာမျိုး မဟုတ်ဘဲ ၃သောင်း ကို မဖြစ်မနေ ထည့်ခိုင်းတာ။ ၂သောင်းထည့်တဲ့သူတွေလဲ ရှိတယ်။ အဲ့ဒါ လဲ မရဘူး ၃သောင်းလုံးထည့်ရမယ် ဆိုပြီး ခေါင်းဆောင်တွေက အတင်းထည့်ခိုင်းတယ်။ နာမည်စာရင်းနဲ့ အတိအကျ ကောက်တာ လစာထုတ်တဲ့ နေ့ထဲက တခါထဲ ထည့်ခဲ့ရတယ်။ အဲ့လို မျိုးကျတော့ အဆင်မပြေဘူး ခေါင်းဆောင်တွေက သူတို့ သဘောအတိုင်း လုပ်နေတာ" လို့ စက်ရုံ ဝန်ထမ်းက ပြောပါတယ်။
 
Zong Hong စက်ရုံဟာ တရုတ်နိုင်ငံသားပိုင်စက်ရုံဖြစ်ပြီး လူဦးရေ ၁၀၀၀ ကျော်နဲ့ စက်ရုံ ဖွင့်လှစ်ကာ Only တံဆိပ်ချုပ်လုပ်နေတဲ့စက်ရုံ ဖြစ်တယ်လို့ သိရပါတယ်။

Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026