NEWS

ZHI YUAN GARMENT အထည်ချုပ်စက်ရုံ အခွင့်အ​ရေးချိုး​ဖောက်မှု​တွေကျူးလွန်​နေတယ်လို့ အလုပ်သမား​တွေ​ပြော

CoverLogo
492 Views

လှိုင်သာယာမြို့နယ် ၊ ရွှေလင်းဗန်းစက်မှုဇုန် မူကြိုလမ်းဆုံ၊ ဆေးရုံ ၁ လမ်းရှိ  ZHIYUAN  GARMENT အထည်ချုပ်စက်ရုံက စက်ရုံတွင်း အလုပ်သမားတွေအပေါ် ကိုယ်ထိလက်ရောက်ကျူးလွန်မှုတွေရှိနေပြီး  စစ်ကောင်စီကတရားဝင်တိုးမြှင့်သတ်မှတ်ပေးထားတဲ့ ထောက်ပံ့ကြေး၂၀၀၀ ကိုလည်း  အပြည့်အဝမပေးဘဲဖြတ်တောက်ခံနေရတယ်လို့ သိရပါတယ်။  


အဆိုပါစက်ရုံမှာ  အလုပ်သမားဦး(၇၀၀) ကျော်ဖြင့်  ကလန့်ကာနှင့်ဂျာကင်အထည်များချုပ်လုပ်နေပြီး   တရုတ်နိုင်ငံသားပိုင်ဆိုင်တဲ့ စက်ရုံလုပ်သက်( ၆) လမပြည့်သေးတဲ့စက်ရုံဖြစ်သလို  အလုပ်သမားများကို  ဒေးကြေး(၅၈၀၀)ကျပ်ထောက်ပံ့ကြေး (၂၀၀၀)ကျပ် အချိန်ပိုကြေး တနာရီ(၁၆၀၀)ကျပ် ရက်မှန်ကြေး(၃၀၀၀၀)ကျပ်ပေးကာ အလုပ်သမားများကို ကျွမ်းကျင်ကြေး ပေးထားခြင်းမရှိဘဲ စက်ရုံရှိ Super များကိုသာ Grand ကြေးထားခြင်းများဖြင့် လုပ်ကိုင်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ 


"အလုပ်ရှင်ကSuper တွေကို ခေါ်ပြီးတနဂ်​နွေ ကို အချိန်ပိုကြေးမပေးတော့ဘဲ ရက်စားဆင်းခိုင်းမယ်ပြောတယ်။ Sunday ရက်ကိုမဆင်းပေးရင် ရက်မှန်ကြေးဖြတ်မယ် အချိန်ပိုဘယ်တော့မှမခေါ်တော့ဘူး Supersတွေကို Grade ကြေးမပေးဘူးလို့ ခြိမ်းခြောက်တယ်။ အဲ့တာနဲ့ ပတ်သတ်ပြီး အလုပ်သမားတွေက အချိန်ပိုမခေါ်လျှင် ဘယ်တော့မှ မဆင်းဘူးလို့ ထပြန်ချိန် အလုပ်ရှင်ဘက်က တရုတ်စကားပြန်က စက်ရှိ ယောက်ကျားလေးဝန်ထမ်းကို ကိုယ်ထိလက်ရောက် အတင်းစောင့်တွန်းခဲ့တယ်။ ထိုကိစ္စနှင့် ပတ်သက်ပြီး အလုပ်သမားများအနေနဲ့လုပ်ငန်းတွင် တောင်ဆိုးဆန္ဒပြခဲ့ကြတယ်"လို့ အလုပ်သမားတွေ က​ပြောဆိုပါတယ်။  


မနေ့ကနိုဝင်ဘာလ၊ ၂၃ ရက်နေ့က အလုပ်ရှင်ဘက်မှ အလုပ်သမားများကို အော်ဒါအရေးကြီးသည်ဟုဆိုကာ စနေနေ့တွင် အချိန်ပို (၆) နာရီအထိ လုပ်ကိုင်ပေးရန်နဲ့ တနင်္ဂနွေနေ့ကို အချိန်ပိုဖြင့်ဆင်းပေးရန် အလုပ်ရှင်ဘက်မှ ဆင်းခိုင်းခဲ့တာဖြစ်ပြီးအချိန်မဆင်းပါက ရက်မှန်ကြေးဖြတ်တောက်ခြင်း၊ အချိန်ပိုဘယ်တော့မှမခေါ်တော့ခြင်းနဲ့ Supersတွေကို Grade ကြေးမပေးဘူးလို့ ခြိမ်းခြောက်ခေါ်ယူခဲ့တာဖြစ်ပါတယ်။  


ဒါ့အပြင် ဥပေဒအပါ အခွင့်ရေးများဖြင့် ခွင့်ယူပါက ရက်မှန်ကြေး   (၁၅၀၀၀)ကျပ်ဖြတ်တောက်ခြင်းများလုပ်ဆောင်သလို အလုပ်သမားများအား လုပ်ငန်းခွင့်အတွင်း ကျန်းမားရေး မကောင်းလို့ ဂိတ်ပတ်ယူက ဂိတ်ပတ်အားအလွယ်ကူမပေးဘဲ အချိန် နာရီလောက် စောင့်ရပြီ နာရီကျော်မှ ဂိတ်ပတ်ပေးခြင်း၊ အများပြည်သူအလုပ်ပိတ်များနှင့် တနဂ်နွေပိတ်ရက်တွေမှာ တရားဝက်ပေးထားတဲ့   ထောက်ပံကြေး (၂၀၀၀) ကျပ်ကိုအပြည့်ဝပေးဘဲ ( ၁၀၀၀)ကျပ်သာပေးတယ်လို့လည်း သိရပါတယ်။  


စက်ရုံတွင် နိုင်ငံခြားသား တရုတ်များက အလုပ်သမားများကို တိုက်ရိုက်အုပ်ချုပ်ပြီး အော်ဟစ်ဆဲဆိုခြင်းများပြုလုပ်တဲ့အပြင်  တနဂ်နွေးနေ့တွင် အချိန်ပို့ဆင်းရရင်လည်း  ည (၇.၀၀) နာရီဆင်းရပြီး  လုပ်ငန်းခွင့်တွင် ကျန်းမားရေးနှင့်ဘေးအန္တာရာယ်ကင်းရှင်းရေးကိုလုပ်ဆောင်ပေးခြင်းမရှိဘဲ အိမ်သာများမသန့်ရှင်းခြင်း အနံ့များထွက်နေခြင်းများနှင့် အိမ်သာတံခါး ပျက်စီးနေခြင်းများကိုပြုပြင်ပေးခြင်းမရှိဘူးလို့လည်း သိရပါတယ်။ 


စက်ရုံတွင် အလုပ်သမားများ မထုတ်လုပ်နိုင်သော စံချိန်းများအား အတင်းအဓမ္မတောင်းခံခြင်းများပြုလုပ်ပြီး  အစည်းအဝေးခေါ်ယူပါက မနက်ပိုင်းအလုပ်မစခင်အချိန်ပိုကြိုတင်ခေါ်ယူတာရှိသလို ထမင်းစားနားချိန်များကိုအစည်းဝေးလုပ်ဆောင်တာတွေပြုလုပ်တာယ်လို့လည်း သိရပါတယ်။  


အဲ့ဒီလိုအလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေကြောင့် အလုပ်သမားတွေကဆန္ဒပြတောင်းဆိုမှုပြုလုပ်ခဲ့တာဖြစ်ပြီး  အလုပ်သမားများအနေနဲ့  ၁။ အလုပ်သမားများ ထုတ်လုပ်နိုင်သောစံချိန်းများကိုသာ တောင်းခံရန်

၂။ ဥပဒေအပါခွင့်များဖြင့် ခွင့်ယူပါက ရက်မှန်ကြေးမဖြတ်တောက်ရန်

၃။ တရုတ်နိုင်ငံသားများမှ အလုပ်သမားများကို တိုက်ရိုတ်အုပ်ချုပ်ခြင်းမပြုရန်နှင့် အော်ဟစ်ဆဲဆိုးခြင်းများမ ပြုလုပ်ရန်။

၄။ အလုပ်သမားများ ကျန်းမာရေးမကောင်းလို့ ဂိတ်ပတ်ယူပါက အလွယ်တကူပေးရန် ၅။ အများပြည်သူ အလုပ်ပိတ်ရက်များနှင့် Sunday ရက်များကို ထောက်ပံကြေး (၁၀၀၀) ကျပ်ဖြတ်မတောက်ရန်

၆။ တရုတ်စကားများမှ အလုပ်သမားများကို ကိုယ်ထိလက်ရောက်လုပ်ခြင်းကို ဥပဒေအတိုင်းအရေးယူပေး ရန်

၇။ လုပ်ငန်းခွင့်အတွင်း ကျန်းမာရေးနှင့် ဘေးအန္တာရာယ်ကင်းရှင်းရန်လုပ်ဆောက်ပေးရန်

၈။ အချိန်ပို ခေါ်ယူပါက ဥပဒေတိုင်း ခေါ်ယူရန်နှင့် အလုပ်သမားကို ကြိုတင်အကြောင်းကြားရန် စတဲ့တောင်းဆိုချက်များကိုတောင်းဆိုခဲ့တယ်လို့သိရပါတယ်။ 


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026