NEWS

YUVA Electronic စက်ရုံ အချိန်ပို နာရီ ၂၀ ကျော်ခိုင်းစေပြီး လုပ်ခ နှစ်ဆမပေး

CoverLogo
643 Views
 
YUVA Electronic (Myanmar) Co.,Ltd စက်ရုံက တပတ် အချိန်ပို နာရီ ၂၀ ကျော် ခိုင်းစေ‌နေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ ဒါအပြင် တနင်္ဂနွေ နားရက်မှာပါ ခိုင်းစေလို့ နားရက်မရ ဖြစ်နေတယ်ဆိုပြီး ပြောပါတယ်။
 
" တနင်္ဂနွေဆင်းရက်ဆို အချိန် လုပ်ခ နှစ်ဆ မပေးဘဲ ခိုင်းတယါ၊ ညီမတို့ တလမှာ တရက်တည်းပဲ အနားရတယ်။ နေ့တိုင်း ည ၈ ခွဲ အထိဆင်းရတယ်။" လို့ အလုပ်သမားတွေက ပြောပါတယ်။
 
စနေနေ့တွေမှာ ည ၇ နာရီ ခွဲအထိ လုပ်ကိုင်ပေးရပြီး စံချိန် အရေအတွက် ဖိအားပေး တောင်းဆိုတာတွေ ရှိတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
"သူတို့ အော်ဒါတွေအများကြီယူပြီး မမီမှာ စိုးပြိ ည ၇ နာရီခွဲတွေ အိုတီခေါ်တယ်။ အော်ဒါ မမီတဲ့လိုင်းက ၈ ခွဲ အထိဆင်း။ မဆင်းရင် အိုတီ ထပ်ခိုင်းမယ်ဆိုတော့ ဆင်းနေရတာ။ အာဇာနည်နေ့လည်း မပိတ်ခဲ့ဘူ။ လပြည့်နေ့လည်း မပိတ်ဘူး။ စံချိန်က တခါပြီး တခါတိုးနေတာ။' လို့ ပြောပါတယ်။
 
ပြီးခဲ့တဲ့ ရက်ပိုင်းက မြို့နယ် အလုပ်သမားရုံးက တာဝန်ရှိသူတွေ စက်ရုံကို လာရောက်ခဲ့ပေမဲ့ အလုပ်သမားတွေ သေချာမေးမြန်းတာ မရှိခဲ့ဘူးလို့ ပြောပါတယ်။
 
"အလုပ်သမားရုံးက လာတယ်၊ သေချာမေး မသွားဘူး၊ စက်ရုံကလည်း တောက်လျောက်လိုက်နေတော့၊ ဘာမှပြောလို့မရဘူး။" အလုပ်သမား တဦး က ပြောပါတယ်။
 
လက်ရှိ စက်ရုံက အချိန်ပို မဆင်းနိုင်သူတွေကိူ အလုပ်ထွက်ဖို့ ပြောဆို ဖိအားပေးနေတယ်လို့လည်း သိရပါတယ်။
"လုပ်နိင်ရင်လုပ်၊ မလုပ်နိင်ရင် ထွက်ဆိုတဲ့ သဘောပဲ။
 
အဲတော့ အလုပ်သမားတွေက ထွက်ကြတယ်။ လစာလည်း နည်းတယ်။ဒေးကြေးက ၈၅၀၀၊ 8ယ အချိန်ပို Otက ၂၀၀၀၊ ရက်မှန်ကြေးက ၄၀၀၀၀ ဒါပဲ ရပါတယ်။ " လို့ အလုပ်သမားတွေက ပြောပါတယ်။
 
YUVA Electronic (Myanmar) Co.,Ltd စက်ရုံကိုပိုင်ရှတရုတ်နိုင်ငံသား ပိုင်ဆိုင်ပြီး အလုပ်သမား ၃၀၀ ဝန်းကျင် လုပ်ကိုနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ စက်ရုံအတွင်း WCC အဖွဲ့ရှိမရှိ သေချာ မဘူးလို့ ပြောဆိုကြပြီး စက်ရုံက ရန်ကုန်မြို့ သန်လျင်မြို့နယ်၊ သီလဝါပြည်တွင်းစက်မှုဇုန်၊ ဗန်းမော်အတွင်းဝန်လမ်းမှာ ရှိပါတယ်။

Related posts

Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026
Cover
Dongxin Garment Co, Ltd လုပ်ခတိုးပေးရန်တောင်းဆိုမှု အလုပ်ရှင်အလုပ်သမား ဒုတိယအကြိမ် စာချုပ်ချုပ်ဆို
May 30, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အထည်စံချိန်မပြည့်ပါက အလုပ်ထုတ်မည်ဟု နို့တစ်ကပ်
May 30, 2026
Cover
FM (1) အထည်ချုပ်စက်ရုံ သတ်မှတ်လစာ လျှော့ပေး
May 30, 2026
Cover
YST Co.,Ltd အထည်ချုပ် မန်နေဂျာမှ အထည်မရလို့ ကိုယ်ထိလက်ရောက် ကျူးလွန် ခိုင်းစေ
May 29, 2026
Cover
New Zhong Hui အထည်ချုပ် အချိန်ပို မဆင်းလို့ အလုပ်ထုတ်နေ
May 29, 2026
Cover
Victory Myanmar အထည်ချုပ် အချိန်ပို စစ်ဆေးမှုကို တိမ်းရှောင်ခိုင်း
May 29, 2026
Cover
He MeT (2)Co.,Ltd စက်ရုံ အချိန်ပို လုပ်ခမပေးဘဲ ကိုယ့်စရိတ်နှင့်ကိုယ် လုပ်ကိုင်ပေးနေရ
May 29, 2026