NEWS

Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ

CoverLogo
308 Views

Yuan Hong Garment အထည်ချုပ်စက်ရုံက မြိုန့ယ် အလုပ်သမားရုံးရဲ့ တရားဝင်ခွင့်ပြုချက်နဲ့ ဆိုပြီး အချိန်ပိုတွေကို ပိတ်ရက်မရှိ လုပ်ကိုင်ခိုင်းနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။  စက်ရုံဘက်က တစ်လလုံး အောလင်းအောနိုက် အချိန်ပိုတွေအပြင်  တနင်္ဂနွေ ပိတ်ရက်တွေပါ လုပ်ကိုင်ခိုင်းတာလို့ သိရပါတယ်။


“အလုပ်သမားရုံးကို တရားဝင် အချိန်ပိုကို နှစ်ပတ်ပဲ တောင်းထားတယ်၊ အလုပ်သမားတွေကိုတော့ တစ်လလုံး အချိန်ပို ခေါ်ခွင့်ပေးထားတယ်ဆိုပြီးလိမ်တယ်။ အလုပ်သမားတွေကို မဆင်းမနေရ အတင်းဖိအားပေး ဆင်းခိုင်းတယ်။” လို့ ပြောပါတယ်။ 


အလုပ်သမားတေများမှာ အောစူပါ၊ စူပါ၊ လီတာတွေရဲ့ အငြိုးအတေးထားခံရမှာ၊ ဆဲဆို စောင်းမြောင်းတာတွေ စတဲ့ ဖိအားတွေ င်ကြောင့်  အချိန်ပို အမြဲလိုလို ဆင်းပေးနေရတာလို့ ပြောပါတယ်။  အချိန်ပိုဆင်းဖို့ ကြိုတင် ကြေညာတာမျိုးမရှိဘဲ တပတ်နှစ်ရက် အောလင်း၊ အောနိုက်တွေ လုပ်ကိုင်ပေးနေရတယ်လို့လည်း အလုပ်သမားတွေက ပြောပါတယ်။ 


“ HR မန်နေဂျာပြောတဲ့အချိန်မှာ အချိန်ပို အမြဲဆင်းပေးရတယ်။  အချိန်ပိုတွေ ဆင်းရတော့ စက်ရုံထဲမှာ မူးလဲတဲ့ထိ နေထိုင်မကောင်း ဖြစ်ကြတယ်။ “ လို့ ပြောပါတယ်။ 


HRမန်နေဂျာက စက်လိုင်းအလုပ်သမားတွေကို တခြားလိုင်းတွေဆီ သွားရောက်အလုပ်လုပ်ကိုင်ဖို့  ဖိအားပေးခိုင်းစေပြီး  မလုပ်နိုင်ပါက  အလုပ်ထုတ်မယ်ဆိုပြီး ခြိမ်းခြောက် တယ်လို့လည်း ပြောပါတယ်။  


အချိပို ဆင်းရလို့ ကျန်းမာရေးမကောင်းတာနဲ့ အရေးကြီးကိစ္စအတွက် ဂိတ်ပတ်စ်တောင်းပေမဲ့ မရသလို  ‘စက်ရုံကိုမလာချင် မလာနဲ့၊ စက်ရုံရောက်ရင် ဂိတ်ပတ်မပေးနိုင်ဘူး’ ဆိုပြီး  အော် ဟစ်ဆဲဆိုတယ်လို့လည်း အလုပ်သမားတွေက ပြောပါတယ်။   ဒါ့အပြင် စက်ရုံဘက်က အထည်စံချိန်တွေ တစ်ဖက်သတ်တောင်းခံပြီး စံချိန်မပြည့်ပါက အောစူပါ၊ စူပါနဲ့ လီတာ တွေက ဆဲဆို အော်ဟစ်တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။  


“ လူ ၄၀ လောက်ရှိတဲ့ စက်လိုင်းတစ်လိုင်း  ရှပ်အင်္ကျီဆို အထည်၈၀/၉၀။ ဘောင်းဘီအရှည်ဆိုရင် ၇၀/၈၀ ၊  ဂါဝန်ဆို ၈၀/၉၀ အဲလို စံချိန်တောင်းတယ်။ အချိန်ပိုတွေလုပ်ခိုင်းတာ   တခါတလေဆို ဖယ်ရီကားတောင်  စီစဥ် မပေးဘူး။ ကိုယ့်အစီစဥ်နဲ့ ကိုယ်ပြန်ရတယ်။” လို့ ပြောပါတယ်။ 


စက်ရုံဘက်က စီစဉ်ပေးတဲ့ ပုံမှန် ဖယ်ရီယာဉ်တွေမှာ လုံလောက်မှုမရှိဘဲ အလုပ်သမားအမျိုးသမီးတွေ တွဲခို လိုက်ပါ စီးနေရတယ်လို့လည်း အလုပ်သမားတွေက ပြောပါတယ်။  လုပ်ငန်းခွင်မှာ  ထိခိုက်မိတာ၊ နေမကောင်းဖြစ်တာတွေအတွက်  ဆေးပေးခန်းမှာ  ဆေးဝါးမရှိဘဲ  နေမကောင်းဖြစ်တဲ့ အလုပ်သမားတွေမှာ  ပါရာစီတမောဆေးကို ကိုယ်တိုင် ဝယ်သောက်ရတယ်လို့လည်း ပြောာထးပါတယ်။   


“လုပ်ငန်းခွင်မှာ WCC တွေ ရှိတယ်။  ဖိနှိပ်ခံနေ ရတာလည်း သူတို့တွေ့တယ်။  ဒါပေမဲ့  သူတို့နဲ့မဆိုင်သလို အမြဲတယ်။ HR မန်နေဂျာကိုလည်း ပြောဆိုရဲတာ မရှိကြဘူး၊ အလုပ်သမားတွေပဲ နစ်နာနေတာ” လို့ ပြောထားပါတယ်။   
Yuan Hong Garment စက်ရုံက ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်၊ တွင်းသွင်းတိုက်ဝန် ဦးထွန်းညိုမှာ လုပ်ငန်းလုပ်ကိုင်နေပြီး တရုတ်နိုင်ငံသားပိုင်ဆိုင်ပါတယ်။  အလုပ်သမား ၉၀၀ ဝန်းကျင်လုပ်ကိုင် နေပြီး Sinsay, celio, HERING, FB Sister တံဆိပ်အထည်တွေ ချုပ်လုပ်နေတယ်လို့ သိထားပါတယ်။  


Related posts

Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026
Cover
Myanmar Handsome စက်ရုံ အချိန်ပို အတင်းကျပ် ဆင်းခိုင်း
Jun 25, 2026
Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026
Cover
စုပေါင်းတောင်းဆိုနေသည့် အလုပ်သမားများအား Max Technology  စက်ရုံ အတွင်း ဝင်ခွင့်မပေး
Jun 24, 2026
Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026