NEWS

YFA စက်ရုံ အလုပ်သမား ၃၀၀ နီးပါး အလုပ်ရပ်စဲခံရမှု နို့တစ်ကြေးတစ်လစာပေးရန် စက်ရုံဘက်မှငြင်းဆို

CoverLogo
1.1K Views

ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မူဇုန်က YFAစက်ရုံက အလုပ်ထုတ်လိုက်တဲ့ အလုပ်သမားတွေဟာ အလုပ်ထုတ်လိုက်တဲ့ နို့တစ်ကြေးပေးရန်တောင်းဆိုထားရာ နို့တစ်ကြေးမပေးနိုင်လို့သာ ပြန်လည်အကြောင်းပြန်ခဲ့တယ်လို့ ယင်းစက်ရုံအလုပ်သမားအရေးကူညီပေးနေတဲ့ သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ်(STUM)ထံကသိရပါတယ်။

"နို့တစ်ကြေးလည်းမပေးနိုင်ဘူး။ အလုပ်လည်းပြန်မခန့်ဘူးဆိုပြီးစက်ရုံဘက်က အကြောင်းပြန်တယ်။ အဲဒီအတွက်အလုပ်သမားတွေဘက်ကလည်း ဥပဒေအတိုင်းဆက်သွားကြဖို့ရှိတယ်"လို့  STUMမှယင်းစက်ရုံအလုပ်သမားများ၏ကိုယ်စားလှယ်ကပြောပါတယ်။

အဲ့ဒီစက်ရုံက အလုပ်သမား​တွေဟာ အလုပ်ထုတ်ခံရမှုကြောင့် နို့တစ်ကြေးပေးရန်တောင်းဆိုပေမဲ့ နို့တစ်ကြေးမပေးနိုင်သလို အလုပ်လည်းပြန်မခန့်နိုင်ဘူးလို့သာ
အကြောင်းပြန်ပြီး ညှိနှိုင်းမှုကို ဆက်လက်တင်းခံနေတာဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါစက်ရုံက အလုပ်သမားများအားကြိုတင်အသိပေးခြင်းမရှိဘဲ အလုပ်ကထုတ်ပယ်လိုက်တာနဲ့ပတ်သက်ပြီး ဒီဇင်ဘာ၁ရက်နေ့က ညှိနိူင်းမူများဆက်လက်ပြုလုပ်ခဲ့ရာမျာ စက်ရုံဘက်က နို့တစ်ကြေးပေးရန်ထပ်မံငြင်းဆိုမူပြုလုပ်ခဲ့တာပါ။

"ခုံအဖွဲ့ရဲ့အဆုံးအဖြတ်ကိုမကျေနပ်ရင် ခုံကောင်စီ ကိုတက်ရင်တက်မဟုတ်ရင်အလုပ်သမားတွေသပိတ်မှောက်တောင်းဆိုခွင့်ရှိတယ်"ဆိုပါတယ်။

အဲ့ဒီညှိနိူင်းမှုအဆင်မပြေတဲ့အတွက် အလုပ်သမားတွေဟာ  ခုံသမာဓိအဖွဲ့ရဲ့ဆုံး​ဖြတ်ချက်ကို ဆက်လက်စောင့်ကြည့်သွားမှာဖြစ်ပြီး လိုအပ်ပါက ဥပဒေပါခွင့်ပြုချက်အတိုင်း သပိတ်မှောက်သွားဖို့ရှိတယ်လို့လည်းသိရပါတယ်။

YFAစက်ရုံက တရုတ်နိုင်ငံသားပိုင်ဖြစ်ပြီး စက်ရုံ ဖွင့်လှစ်ထားသည်မှာ ခြောက်လခန့်သာရှိသေးပြီး တရုတ်နဲ့ဂျပန်အပ်ထည်တွေကိုချုပ်လုပ်ပေးနေတာဖြစ်ပြီး အဲ့ဒီစက်ရုံကအလုပ်သမား ၃၀၀ခန့်ကို  ခိုင်လုံတဲ့အကြောင်းပြချက်မရှိဘဲ နိုဝင်ဘာ ၂၉က အလုပ်မှထုတ်ပယ်လိုက်တာကြောင့် ဥပဒေပါအတိုင်းပေးရမဲ့ တစ်လစာနို့တစ်ကြေးကို အလုပ်သမားများကတောင်းဆိုထားခြင်းဖြစ်ပါတယ်။

#MyanmarLabourNews


Related posts

Cover
စက်ရုံပိတ်မည် အကြောင်းပြ လူလျှော့ခြင်းအား ပွင့်လင်းမြင်သာစွာဆောင်ရွက်စေလိုဟုဆို
Sep 12, 2025
Cover
New Plus စက်ရုံတွင်း ခွဲခြားဆက်ဆံမှုနှင့် ဘက်လိုက်မှုများ
Sep 12, 2025
Cover
ပွဲစား ပစ်ထားခဲ့သည့် မြန်မာရွှေ့ပြောင်းလုပ်သား ၅၆ ဦး အဖမ်းခံရ
Sep 12, 2025
Cover
ပုသိမ် Dong Long အထည်ချုပ်စက်ရုံ လုပ်ငန်းခွင်အတွင်း ကိုယ်ထိလက်ရောက် ကျုးလွန်ခိုင်းစေ
Sep 11, 2025
Cover
ဖြတ်တောက်ထားတဲ့ လုပ်အားခတွေပြန်လည်တွက်ချက်ပေးဖို့ အလုပ်သမားတွေပြော
Sep 11, 2025
Cover
အလုပ်သမားအရေးလှုပ်ရှားသူ ဒေါ်မျိုးမျိုးအေး အပါ ၈ ဦး အာမခံလျှောက်ထားမှု ပလပ်ခံရ
Sep 09, 2025
Cover
သီတင်းကျွတ် အကြောင်းပြပြီး စက်ရုံအများစုမှာ ငွေကောက်ခံနေ
Sep 09, 2025
Cover
Max Technology စက်ရုံ ကြိုပို့ယာဉ် အဆင်မပြေဘဲ၊ ယာဉ်စီစဉ်သူက ဆဲဆို
Sep 09, 2025