NEWS

YFA စက်ရုံလုပ်ငန်းရှင်ကိုတရားစွဲဆိုမှူ ရုံးချိန်း၆ချိန်းအပြီး တိုင်းတရားရုံးမှာနှစ်ဖက်ပြေလည်မှုရရှိ

CoverLogo
619 Views

ရွှေပြည်သာမြို့နယ်က YFA အထည်ချုပ်စက်ရုံမှ တာဝန်ရှိသူကိုပြောင်းလဲ တရားစွဲဆိုထားတာ နဲ့ပတ်သက်ပြီး ရုံးချိန်း ၆ချိန်းအပြီး တိုင်းတရားရုံး၌ စေ့စပ်ညှိနှိုင်းရာမှ နှစ်ဖက်ပြေလည်မှုရရှိခဲ့တယ်"လို့  အလုပ်သမားဘက်က လိုက်ပါကူညီပေးနေတဲ့ သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ်(STUM)ထံက သိရပါတယ်။

“လုပ်ငန်းရှင်ကအလုပ်သမားကို သူကနစ်နာကြေး၁၀သိန်းပေးလိုက်တယ်။ သူကမြို့နယ်တရားရုံးမှာတရားဆွဲတယ်။ တရားမမှုဖြစ်တဲ့အတွက် သူကပဏာမအနေနဲ့စေ့စပ်ညှိနှိုင်းပေးတယ်။ တိုင်းတရားရုံးမှာညှိနှိုင်းလိုက်တယ်။ အလုပ်သမားကိုနစ်နာကြေး၁၀သိန်းပေးလိုက်တယ်။ အဲ့ဒါမှာဘာပါလဲဆိုတော့  သူကဒီYFAနဲ့ပတ်သက်ပြီးတော့ လူမှုကွန်ယက်စာမျက်နှာပေါ်တင်ထားတာတွေကို ဖြုတ်ပေးရမယ်ပေါ့။ သူကဖြုတ်ချပေးမယ်လို့လက်မှတ်ထိုးခဲ့တယ်။ ဒါပေမဲ့STUMကတော့ လက်မှတ်ထိုးထားတာမဟုတ်လို့  STUM ကတော့ဖြုတ်ပေးမှာမဟုတ်ပါဘူး။”လို့  အဆိုပါအဖွဲ့တာ၀န်ရှိသူကဆိုပါတယ်။

အလုပ်သမားဖြစ်သူ မအိပိုပိုလှိုင်က အလုပ်ခန့်ထားမှုဆိုင်ရာသဘောတူစာချုပ်ချိုးဖောက်မှုနဲ့ပတ်သက်လို့ YFAစက်ရုံပိုင်ရှင်ကို တရားစွဲဆိုခဲ့ရာ တရုတ်နိုင်ငံသားစက်ရုံပိုင်ရှင်က မြန်မာနိုင်ငံမှာရှိမနေတာကြောင့်ဆိုပြီး ရုံးချိန်း ၅ ကြိမ်လုံး ပျက်ကွက်ခဲ့လို့ လက်ရှိစက်ရုံကို တာဝန်ယူထားသူကို ပြောင်းလဲတရားစွဲဆိုမှု ပြုလုပ်ခဲ့ရာ ပြီးခဲ့တဲ့မေ၅ရက်နေ့ရုံးချိန်း ၆ ချိန်းမြောက်မှာပဲ  မေ၁၉ရက်နေ့တိုင်းတရားရုံးမှာနှစ်ဖက်စေ့စပ်ညှိနှိုင်းဖို့နဲ့ တိုင်းတရားရုံးမှာစေ့စပ်ညှိနှိုင်းပြီး အဆင်ပြေသည်ဖြစ်စေမပြေသည်ဖြစ်စေ မေ၂၀ရက်နေ့မှာ တရားရုံးသို့ပြန်လည်လာရောက်ရမယ်လို့ အမိန့်ချမှတ်လိုက်တာဖြစ်ပါတယ်။

YFAစက်ရုံက ပြီးခဲ့တဲ့နှစ်ကုန်မှာ အလုပ်သမားမအိပိုပိုလှိုင်ကိုလုပ်သက်ခွင့်ရက်တွေ ရယူပြီး အလုပ်ပျက်လို့ဆိုကာ အလုပ်ထုတ်လိုက်တာကြောင့်  အီးစီစာချုပ်ချိုးဖောက်တဲ့အတွက် ရွှေပြည်သာမြို့နယ်အလုပ်သမားရုံးက တရားစွဲဆိုခွင့်စာထုတ်ပေးပြီး အလုပ်သမားမအိပိုပိုလှိုင်ကတရားစွဲဆိုနိုင်ခဲ့တာပဲဖြစ်ပါတယ်။

ယခုလာမဲ့ဇွန်လ၂၀ရက်နေ့မှာတော့  အလုပ်သမားဖြစ်သူမအိပိုပိုလှိုင်အနေဖြင့်  ရွှေပြည်မြို့နယ်တရားရုံးမှာ  YFAအလုပ်ရှင်ကိုတရားစွဲဆိုခဲ့တဲ့အမှုကို ပြန်လည်ရုပ်သိမ်းပေးရမှာပဲဖြစ်ပါတယ်။

#MyanmarLabourNews


Related posts

Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026
Cover
Eslite Garment အထည်ချုပ်စက်ရုံ အလုပ်နောက်ကျလို့ ရက်မှန်ကြေးဖြတ်
May 25, 2026
Cover
ဟွာဖု (မြန်မာ) အထည်ချုပ် အချိန်ပို အတင်းအကျပ် ဆင်းခိုင်း ၊ သတ်မှတ် အချိန်ပိုကြေး မပေး
May 25, 2026
Cover
Dishang Fashion (Myanmar) အောစူပါမှ ကိုယ်ထိလက်ရောက်ပြုလုပ်တဲ့ အပြင် အလုပ်ပါ အထုတ်ခံရ
May 23, 2026
Cover
T M A အထည်ချုပ် စက်ရုံ အချိန်ပို တပတ် နာရီ ၂၀ ကျော် လုပ်ကိုင်ခိုင်း
May 23, 2026
Cover
Shan Dong Jiayi အထည်ချုပ်စက်ရုံ အချိန်ပို မဆင်းလို့ လုပ်ခ လျှော့ပေး
May 23, 2026
Cover
Peak Outdoor Yangon စက်ရုံ မန်နေဂျာ ဝမ်တိန်အသုံးချ အဓမ္မအလုပ်ထုတ် ပြင်ပဆေးခန်းပြလို့ ဆေးခွင့်မပေးဘဲ ဝမ်တိန်ထိုးခိုင်း
May 21, 2026
Cover
Shwe Myinn Co.,Ltd Washing Fact စက်ရုံ လုပ်သားများအား ဌာနနေရာစုံ လုပ်ကိုင်ခိုင်း
May 21, 2026