NEWS

YFAစက်ရုံကတာဝန်ရှိသူကိုပြောင်းလဲတရားစွဲဆိုထားမှု မေ ၅ ရက်နေ့ချိန်းဆိုထား

CoverLogo
945 Views

​ရွှေပြည်သာမြို့နယ်က YFA အထည်ချုပ်စက်ရုံမှ တာဝန်ရှိသူကိုပြောင်းလဲ တရားစွဲဆိုထားတာနဲ့ပတ်သက်လို့ ဧပြီလ ၂၅ ရက်မှာ ရွှေပြည်သာမြို့နယ်တရားရုံးက မေလ၅ရက်နေ့ကိုပြန်လည်ချိန်းဆိုလိုက်တယ်လို့ 
အလုပ်သမားဘက်က လိုက်ပါကူညီပေးနေတဲ့ သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ်(STUM)ထံက သိရပါတယ်။

" ကျွန်တော်တို့YFA ကရုံးချိန်းပေးရုံပဲ။ သူကသမ္ဗာန်စာအတည်ဖြစ်မဖြစ် စက်ရုံမန်နေဂျာကအဲ့နေ့ကမရှိလို့ စက်ရုံဂိတ်ကလည်းလက်မခံလိုက်လို့ ရုံးချိန်းပြန်ချိန်းပေးလိုက်တယ်။ မေ၅ရက်နေ့ချိန်းလိုက်တယ်" လို့ ၎င်းကဆိုပါတယ်။

အလုပ်သမားဖြစ်သူ မအိပိုပိုလှိုင်က အလုပ်ခန့်ထားမှုဆိုင်ရာသဘောတူစာချုပ်ချိုးဖောက်မှု​နဲ့ပတ်သက်လို့ YFA စက်ရုံပိုင်ရှင်ကို တရားစွဲဆိုခဲ့ရာ 
တရုတ်နိုင်ငံသားစက်ရုံပိုင်ရှင်က မြန်မာနိုင်ငံမှာရှိမနေတာကြောင့်ဆိုပြီး ရုံးချိန်း ၅ ကြိမ်လုံး ပျက်ကွက်ခဲ့လို့ လက်ရှိစက်ရုံကို တာဝန်ယူထားသူကို ပြောင်းလဲတရားစွဲဆိုမှု ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာတော့ ပြီးခဲ့တဲ့ဧပြီ၂၅ရက်က ပထမဆုံးရုံးချိန်းချိန်းဆိုခဲ့ရာ စက်ရုံမျသမ္ဗာန်စာအတည်မဖြစ်သေးတာကြောင့် နောက်လမေ၅ရက်နေ့ကို ပြန်လည်ချိန်းဆိုလိုက်တယ်လို့သိရပါတယ်။

YFAစက်ရုံက ပြီးခဲ့တဲ့နှစ်ကုန်မှာ အလုပ်သမားကို လုပ်သက်ခွင့်ရက်တွေ ရယူပြီး အလုပ်ပျက်လို့ဆိုကာ အီးစီစာချုပ်မှာ မပါဝင်တဲ့အကြောင်းပြချက်နဲ့အလုပ်ထုတ်လို့  အီးစီစာချုပ်ချိုးဖောက်တဲ့အတွက် ရွှေပြည်သာမြို့နယ်အလုပ်သမားရုံးက တရားစွဲဆိုခွင့်စာထုတ်ပေးပြီး အလုပ်သမားကတရားစွဲဆိုနိုင်ခဲ့ခြင်းဖြစ်ပါတယ်။

#MyanmarLabourNews 
Photo-စက်မှုဇုန်လုပ်သားများ။


Related posts

Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026
Cover
STUM ဦးဆောင်သူ ဒေါ်မျိုးအေးရဲ့အယူခံဝင်မှုအား ပလပ်၊ ဒုတိယအကြိမ်အယူခံတင်မည်
Mar 31, 2026
Cover
Asdet Myanmar Garment .စက်ရုံ အထည်စံချိန်တိုးတောင်းပြီး ဖိအားပေး အတင်းအကျပ် ချုပ်ခိုင်း
Mar 31, 2026
Cover
Jinli Garment တိုင်ကြားလို့ ဆိုပြီး အလုပ်သမားများအား ခြိမ်းခြောက်
Mar 27, 2026
Cover
ဝါးတရာစက်မှုဇုန် ရှိ ပလတ်စတစ်စက်ရုံ မှ အလုပ်သမား ၁၈ ဦးခန့် ဓာတုအဆိပ်သင့်မှုဖြစ်ပွား
Mar 26, 2026
Cover
စုယုအိ အထည်ချုပ် စက်ရုံ ပြန်ချိန် သတ်မှတ်ချက်မရှိဘဲ အချိန်ပို ဆင်းခိုင်း
Mar 26, 2026