NEWS

Yangon Young clothing အထည်ချုပ်စက်ရုံ တပတ်နာရီ ၂၀ ကျော် အချိန်ပို လုပ်ကိုင်ခိုင်း

CoverLogo
642 Views
 
Yangon Young clothing အထည်ချုပ်စက်ရုံက အချိန်ပိုတွေကို တပတ် နာရီ ၂၀ ကျော် လုပ်ကိုင်ခိုင်းနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ ဒီလို အချိန်ပိုလုပ်ကိုင်နေရတာက ၅ လပိုင်း(မေလ) အစ ကတည်းက လုပ်ကိုင်နေရတာလို့ သိရပါတယ်။
 
"၅လပိုင်းလစကတည်းက အိုတီ တွေ တောက်လျှောက် ဆင်းရပါတယ်ရှင်။ ညီမ တို့စက်ရုံက ရုံ ၂ရုံရှိပါတယ်။ ရုံသစ်ကတော့ဖွင့်တာမကြာသေးပါဘူး။ ညီမတို့ ရုံကတော့ကြာပါပြီ။ အစကတော့ ည ၈နာရီကို အထည်မနိုင်တဲ့ ပွိုင့်တွေပဲခေါ်တာပါ။ အခုတော့ နိုင်လည်းဆင်း ၊ မနိုင်လည်းဆင်းဆိုပြီး အတင်းအကျပ် ဖြစ်လာတယ်။” လို့ အလုပ်သမားတွေက ပြောပါတယ်။
 
စက်ရုံရဲ့ ပုံမှန် အလုပ်ချိန်က မနက် ၇ နာရီခွဲကနေ ညနေ ၄ နာရီ ဖြစ်ပြီး အချိန်ပိုကို ည ၈ နာရီအထိ နားချိန်မပေးဘဲ လုပ်ကိုင်ရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ ဒါ့အပြင် စနေနေ့ပါ ည ၈ နာရီအထိ လုပ်ကိုင်ရလို့ အဆင်မပြေမှုတွေ ဖြစ်နေတာလို့ အလုပ်သမားတွေက ပြောပါတယ်။
 
“အလုပ်ချိန်က မနက် ၇ ခွဲကနေ ၁၁ ခွဲ၊ ထမင်းစားပြီး ၁၂ နာရီကနေ အချိန်ပို ပြီးတဲ့အထိကို တဆက် တည်း လုပ်ရတယ်။ လုံးဝ နားချိန်မပေးတာ။ စနေနေ့လည်း ၈ နာရီအထိဆင်းရတယ်၊ တနင်္ဂနွေနေ့ မလုပ်ရတော့ဘူး။ ဒီနေ့လည်း ည ၈နာရီအထိ ဆင်းရမယ်။ နောက်ကျတော့ ညဘက် မိုးတွေရွာ၊ မီးကပျက်နဲ့ ပြန်ရတာအဆင်မပြေဘူး။ ဖြစ်နိုင်ရင် အချိန်ပိုတွေ အမြဲ မခေါ် စေချင်ဘူး။ခေါ်ရင်တောင် နားချိန်လေးပေးစေချင်ပါတယ်။ ” လို့ ပြောပါတယ်။
 
လုပ်ငန်းခွင် ဝင်ရောက်ပါက အလုပ်သမားတွေရဲ့ လုပ်ကိုင်ဖုန်းတွေ သိမ်းဆည်းပြီး ကျန်းမာရေး နေမကောင်းလို့ ဂိတ်ပတ်စ်တောင်းလည်း စက်ရုံတာဝန်ရှိသူတွေက မပေးလို့ ပြန်မရဘူးလို့ အလုပ်သမားတွေက ပြောထားပါတယ်။
 
“အချိန်ပိုတွေ နေတိုင်းဆင်းရတာ အဆင်မပြေတော့ဘူး။ သောက်ရေတွေဆို သံကြေး အနံတွေရတယ်။ ။ လိုင်းခေါင်းဆောင်တွေကနေ တဆင့် ပြောပြဖူးတယ်။ လုပ်မပေးကြဘူး။ အလုပ်သမားတွေစုပြီး ဝယ်သောက်ရတယ်။ အိမ်သာတွေလည်း မကောင်းဘူး။ “ လို့ ပြောပါတယ်။
 
Yangon Young clothing အထည်ချုပ်စက်ရုံက တရုတ်နိုင်ငံသားပိုင်စက်ရုံ ဖြစ်ပြီး ရန်ကုန်မြို့ ရွှေပြည်သာ မြို့နယ်၊ သာဓုကန်စက်မှုဇုန်၊ ကျောက်စိမ်းလမ်းမှာ လုပ်သား ၁၀၀၀ ဝန်းကျင်နဲ့ လုပ်ငန်းလုပ်ကိုင် နေပါတယ်။
 

Related posts

Cover
Jin chang Myanmar အထည်ချုပ် စံချိန်မရလို့ တနင်္ဂနွေပိတ်ရက်ပါ အလုပ်ဆင်းခိုင်း
Aug 05, 2026
Cover
Spring Moon Garment Co,Ltd အထည်ချုပ်လုပ်သားတွေ လုပ်ခတိုးမြှင့်ပေးရန်တောင်းဆိုနေ
Aug 05, 2026
Cover
SHWE MYINN စက်ရုံ အချိန်ပို မဆင်းနိုင်ပါက အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Aug 05, 2026
Cover
Victory Myanmar အထည်ချုပ် အချိန်ပို မနက် ၃ နာရီအထိ တစ်ပတ် လေးရက် ခေါ်ခိုင်း
Aug 05, 2026
Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026
Cover
Myanmar Handsome စက်ရုံ အချိန်ပို အတင်းကျပ် ဆင်းခိုင်း
Jun 25, 2026
Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026
Cover
စုပေါင်းတောင်းဆိုနေသည့် အလုပ်သမားများအား Max Technology  စက်ရုံ အတွင်း ဝင်ခွင့်မပေး
Jun 24, 2026