NEWS

Yangon Wan Ping Garment တွင် ဆန္ဒမပါဘဲ အချိန်ပိုဆင်းနေရ

CoverLogo
408 Views
 
ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ မြောင်းတကာစက်မှုဇုန်တွင် ဖွင့်လှစ်ထားသော Yangon Wan Ping Garment စက်ရုံမှာ အချိန်ပိုကို အလုပ်သမားဆန္ဒ မပါဘဲ အတင်းအကြပ် ဆင်းခိုင်းပါတယ်။
 
အချိန်ပိုအတွက် လက်မှတ်တွေကို ကိုယ်တိုင်ကိုယ်ကျထိုးခိုင်းတယ်။ မဆင်းချင်လို့ လက်မှတ်မထိုးရင်တောင် ဘာကြောင့် မထိုးတာလဲဆိုပြီး ခေါ်ပြောခံရသေးတာ။
 
ရုံးပိုင်းကလည်း မဆင်းချင်ရင် မထိုးကြဖို့တော့ ပြောပေးတယ်။ ဒါပေမယ့် တကယ့်လက်တွေ့ကျတော့ စူပါတွေက မထိုးရင် မရဘူးဆိုပြီးတော့ ပြောလို့ထိုးရတာမျိုး ပါ။
 
အလုပ်သမားတွေကလည်း စကားတွေ မပြောချင်တော့တာမို့လို့ ထိုးပေးလိုက်ရပါတယ်။ အချိန်ပို လာဖို့အဆင်မပြေရင် မလာပဲ နေလို တော့ရပါ။ အဲလို မလာတာဆိုရင်တော့ စူပါပဲ ဖြစ်ဖြစ် ရုံးပိုင်းကပဲ ဖြစ်ဖြစ် ခေါ်ဆူတာမျိုးလုပ်ပါတယ်။
WCCတွေကလည်း အချိန်ပိုခေါ်ရင် လက်မှတ်ထိုးဖို့ နဲ့ စက်ရုံက ပြောသမျှကို ခေါင်းငြိမ့်ဖို့ပဲလုပ်တတ်တယ်။
 
အချိန်ပိုမဆင်းချင်ဘဲ ဆင်းနေရတဲ့သူတွေ ရှိနေတာကို သူတို့ ဘာမှ ပြောပေးတာ မရှိဘူး။ ကရင် နှစ်သစ်ကူးတုန်းကလည်း ကရင်လူမျိုးတွေ အလုပ်မဆင်းချင်တာ ဖြစ်ခဲ့ဖူးတယ်။ မဆင်းလို့မရဘူး လက်မှတ်ထိုးပေးရမယ်၊ အလုပ်သမားရုံးကလည်း အိုတီခေါ်ခွင့်ကို ခွင့်ပြုချက် ပေးထားပြီးသားဆိုပြီး စူပါတွေက အတင်းပြောလို့ ထိုးပေးလိုက်ရတယ်။
WCC တွေ ဘာမှပြောခဲ့ပါဘူး။ အလုပ်သမားဥပဒေ ဆိုတာကို သိတောင်သိရဲ့လား မသိဘူး။
 
အလုပ်သမား အခက်အခဲ၊ ရင်ဖွင့် တိုင်ကြား‌တွေကို WOVO app ၊ Viber နဲ့တိုင်ကြားလို့ရတယ်။ ဒါပေမဲ့ အလုပ်သမား ကုတ်နံပါတ်ရေးပေးရ‌ေတာ့ လုံခြုံမှု မရှိတာပါ။
 
စက်ရုံသည် ရက်မှန်ကြေး ၁၀၀၀၀၀ ကျပ် ပေးပြီး ၊ အော်ဒါပါးရင်တော့ ၅၀၀၀၀ ကျပ်သာ ပေးမယ်လို့ကြေညာထားပါတယ်။
 
ရက်မှန်ကြေးလို့ ဆိုပေမယ့် အလုပ်ချိန် နောက်ကျတာ ၊ ဂိတ်ပတ်စ် ယူ ၊ စံချိန် အများအနည်းတူ ၊ ခွင့်ယူ၊ ပိတ်ရက် အချိန်ပို မဆင်းတာတွေဆို ၁၀၀၀၀၀ ကျပ် လုံးကို ဖြုတ်ပါတယ်။
 
ရက်မှန်ကြေးဆိုတာ အလုပ်ဆင်းရက်မှန်ဖို့ကိုသာ အလေးထားလို့ ရက်မှန်ကြေးအဖြစ်ဘောက်ဆူးသဘောပေးတာပါ၊ စံချိန်ရတာ မရတာနဲ့မဆိုင်သလို၊ အချိန်ပိုဆင်းခြင်း မဆင်းခြင်းနဲ့လည်း မဆိုင်ဘူးလို့ မြင်ပါတယ်။
 
စက်ရုံမှာ အလုပ်သမား ၁၀၀၀ ဝန်းကျင် လုပ်ကိုင်နေပါ။ H&M, YKK နဲ့ဂျပန် ကုန်အမှတ်တံဆိပ် တွေ ချုပ်နေပါတယ်။

Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026