NEWS

Yangon Oscar စက်ရုံ EC ချုပ်မပေး၊ အလုပ်သမားများ နစ်နာနေ

CoverLogo
266 Views
စက်ရုံက အရှေ့ဒဂုံမြို့နယ် ၊ အရှေ့ဒဂုံ စက်မှုဇုန် ၊ ဖန်ချက်ဝန်ဦးရွေအိုးလမ်းမှာ ရှိပါတယ်။
Yangon Oscar စက်ရုံမှာ အလုပ်ရှင် ၊ အလုပ်သမား ၊အလုပ်ခန့်ထားမှု ဆိုင်ရာ သဘောတူညီချက်စာချုပ် EC ကို ချုပ်မပေးပါဘူး။
 
EC စာချုပ် ချုပ်မ‌ ပေးတော့ အလုပ်သမား အခွင့်အရေးများ ဆုံးရှုံး ရပါတယ်။ အခုဆို HR မန်နေဂျာက လုပ်သက် ၆ လ အထက် အလုပ်သမားတွေကို လျှော့ချမယ်လို့ ပြောတယ်။ အဲါအတွက် HR မန်နေဂျာက အလုပ်သမားတွေဆီက ပိုက်ဆံကောက်တယ်။
 
HR မန်နေဂျာကပဲ ဝန်ထမ်းများကို အကြောင်းပြချက်မရှိဘဲ အလုပ်ထုတ်တယ်။ အလုပ်ရှင်က အလုပ်သမားကို အလုပ်ထုတ်မယ်ဆို ခိုင်လုံသော အကြောင်းပြချက်‌တွေ ၊ မှတ်တမ်းမှတ်ရာ‌တွေ နဲ့ အလုပ်ထုတ်ခွင့်ရှိတယ်လို့ မြင်ပါတယ်။
 
အခု‌တော့ အလုပ်သမား တွေ နစ်နာရပါတယ်။
အလုပ်ရှင် ၊ အလုပ်သမား ၊ အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ် မရှိ‌တော့ အလုပ်သမားတွေရဲ့ လူမှုဘဝက မရေမရာ ဖြစိရပါတယ်။
 
အလုပ်သမားရေးရာ လုပ်ငန်းခွင်ညှိနှိုင်းရေး ကော်မတီ ( WCC ) ကိုလည်း အလုပ်သမားများကို ရွေးချယ် ခွင့်မပေးပါ။
အလုပ်ရှင်ဘက်ကပဲ တဖက်သတ်ရွေးချယ်ဖွဲ့စည်းထား တော့ အလုပ်သမား နစ်နာရတာကိုလည်း တင်ပြခွင့် မရပါဘူး။
Yangon Oscar စက်ရုံတွင် အလုပ်သမား ၁၀၀၀ ကျော် လုပ်ကိုင်နေပါတယ်။
 
စက်ရုံမှာ LCW ၊ P@VV စသောကုန်အမှတ်တံဆိပ်တွေ ချုပ်လုပ်နေပြီး တရုတ်နိုင်ငံသားပိုင် စက်ရုံဖြစ်ပါတယ်။
 

Related posts

Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026
Cover
Dongxin Garment Co, Ltd လုပ်ခတိုးပေးရန်တောင်းဆိုမှု အလုပ်ရှင်အလုပ်သမား ဒုတိယအကြိမ် စာချုပ်ချုပ်ဆို
May 30, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အထည်စံချိန်မပြည့်ပါက အလုပ်ထုတ်မည်ဟု နို့တစ်ကပ်
May 30, 2026
Cover
FM (1) အထည်ချုပ်စက်ရုံ သတ်မှတ်လစာ လျှော့ပေး
May 30, 2026
Cover
YST Co.,Ltd အထည်ချုပ် မန်နေဂျာမှ အထည်မရလို့ ကိုယ်ထိလက်ရောက် ကျူးလွန် ခိုင်းစေ
May 29, 2026
Cover
New Zhong Hui အထည်ချုပ် အချိန်ပို မဆင်းလို့ အလုပ်ထုတ်နေ
May 29, 2026
Cover
Victory Myanmar အထည်ချုပ် အချိန်ပို စစ်ဆေးမှုကို တိမ်းရှောင်ခိုင်း
May 29, 2026
Cover
He MeT (2)Co.,Ltd စက်ရုံ အချိန်ပို လုပ်ခမပေးဘဲ ကိုယ့်စရိတ်နှင့်ကိုယ် လုပ်ကိုင်ပေးနေရ
May 29, 2026