NEWS

Yangon Oscar စက်ရုံလုပ်သားများ လူမှုဖူလုံရေးခံစားခွင့်များ ဆုံးရှုံးနေ

CoverLogo
532 Views
 
Yangon Oscar အထည်ချုပ်စက်ရုံက လှုဖူလုံရေးကြေးတွေ လစဉ် ကောက်ခံပေမဲ့ စက်ရုံလုပ်သားတွေမှာ လူမှုဖူလုံရေးဆေးခန်းမှာ ပြသခွင့်မရ ဖြစ်နေတယ်လို့ သိရပါတယ်။ လူမှုဖူလုံရေးဆေးခန်းပြဖို့ အကျိုးခံစားခွင့် အတွက် ကတ်မရှိတောကြောင့် အခုလို ပြသခွင့်မရတာလို့ အလုပ်သမားတွေက ပြောပါတယ်။
 
“နေမကောင်းလို ဆေးခန်းပြချင်တုန်းကဆို ဖူလုံရေးကတ်ကို HRမှာ သွားတောင်းတယ်။ မရှိဘူး ၊ ပျောက်ဆုံးနဲ့ လျှောက်ရဦးမယ်လို့ ပြောတယ််။ လူမှုဖူလုံရေး ကြေးကို လတိုင်း ပေးတယ်၊ စက်ရုံကလည်း ဖြတ်နေတာ။ သူတိုပေးတဲ့ စက်ရုံထောက်ခံစာကလည်း လူမှုဖူလုံရေးရုံးမှာ သုံးလိုမရဘူး"လို့ အလုပ်သမားတွေက ပြောပါတယ်။
 
ဖူလုံရေးဆေးခန်းပြဖို့ HR ဌာနက လူမှုဖူလုံးရေး အကျိုးခံစားခွင့်ကတ် ထုတ်မပေးဘဲ စက်ရုံထောက်ခံစာ ထုတ်တာဖြစ်လို့ လူမှုဖူလုံရေးဆေးခန်းမှာ ပြသခွင့် မရတာလို့ အလုပ်သမားတွေက ပြောပါတယ်။ စက်ရုံလုပ်သက် တနှစ် မပြည့်တဲ့ အလုပ်သမားတွေမှာပဲ လူမှုဖူလုံရေးကတ်ရှိနေပြီး လုပ်သက် နှစ်နှစ် နဲ့ အထက် အလုပ်သမားတွေမှာတော့ အကျိုးခံစားကတ် မရရှိတာလို့ ပြောပါတယ်။
 
“လုပ်သက်က နှစ်နှစ် ၊ သုံး နှစ် အလုပ်သမားတွေဆို အခုချိန်ထိဆေးခွင့် မရသေးဘူး။ ခံစားခွင့်လည်း မရဘူး ၊ ဖူလုံရေးကတ်လည်း မရဘူး။ ဒါနဲ့ပတ်သက်ပြီး စက်ရုံဘက်က ဘာမှလည်း မပြောဘူး.” လို့ အလုပ်သမားတွေက ပြောပါတယ်။
Yangon Oscar စက်ရုံ HR ဌာနက အလုပ်သွင်းပေးတယ်ဆိုပြီး အလုပ်သမားအသစ်တွေဆီက ငွေကြေး ကောက်ခံကြသလို အလှူငွေဆိုပြီးလည်း အတင်းအကျပ် ကောက်ခံတာတွေ ရှိနေတယ်လို့ ပြောပါတယ်။
 
Yangon Oscar စက်ရုံက P@vv တံဆိပ်တွေ ချုပ်လုပ်နေတဲ့ စက်ရုံဖြစ်ပြီး အလုပ်သမား ၁၀၀၀ ကျော် လုပ်ကိုင်နေပါတယ်။ စက်ရုံကတော့ ရန်ကုန်မြို့ ၊ အရှေ့ဒဂုံမြိုနယ် ၊ အရှေ့ဒဂုံစက်မှုဇုန်၊ပန်တည်းဝန် ဦးရွေအိုးလမ်းမှာ ရှိပါတယ်။
၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁၈ ရက် ည ၈ နာရီ ဝန်းကျင်မှာ စက်ရုံမီးလောင်မှုဖြစ်ပွားခဲပြီ အဲ့ဒီ အချိန်မှာ အချိန်ပိုလုပ်ကိုင်နေတဲ့ စက်ရုံအလုပ်သမားတွေ ရှိနေတာကို တွေ့ခဲ့ရပါတယ်။

Related posts

Cover
Myanmar Handsome မန်နေဂျာ လုပ်အားခ ခေါင်းပုံဖြတ်
Aug 07, 2026
Cover
Yuan Hong Garment မှာ အပတ်တိုင်း အချိန်ပို ခိုင်းခွင့် အလုပ်သမားရုံး ဦးစီးမှူး ကိုယ်တိုင် ခွင့်ပြုပေးထား
Aug 07, 2026
Cover
New Zhoung Hui အထည်ချုပ် စနေ့နေ့ အလုပ်ဆင်းခိုင်းပြီး အချိန်ပိုကြေးမပေး
Aug 07, 2026
Cover
Jin chang Myanmar အထည်ချုပ် စံချိန်မရလို့ တနင်္ဂနွေပိတ်ရက်ပါ အလုပ်ဆင်းခိုင်း
Aug 05, 2026
Cover
Spring Moon Garment Co,Ltd အထည်ချုပ်လုပ်သားတွေ လုပ်ခတိုးမြှင့်ပေးရန်တောင်းဆိုနေ
Aug 05, 2026
Cover
SHWE MYINN စက်ရုံ အချိန်ပို မဆင်းနိုင်ပါက အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Aug 05, 2026
Cover
Victory Myanmar အထည်ချုပ် အချိန်ပို မနက် ၃ နာရီအထိ တစ်ပတ် လေးရက် ခေါ်ခိုင်း
Aug 05, 2026
Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026