NEWS

Yangon Nadia-Pacific  အထည်ချုပ် လုပ်ခတိုးမြှင့်ရေးတောင်းဆိုနေသည့် လုပ်သား ၈၀၀ ဝန်းကျင်အား အလုပ်ထုတ်

CoverLogo
754 Views

လုပ်ခလစာတိုးမြှင့်ပေးရေး တောင်းဆိုနေတယ် စက်ရုံလုပ်သား အားလုံးကို Yangon Nadia-Pacific  clothing Company Limited  ပိုင် အထည်ချုပ်စက်ရုံက အလုပ်ကနေ ထုတ်ပယ်လို့ သိရပါတယ်။ အဲ့ဒီစက်ရုံက ရန်ကုန်မြို့ ၊ လှိုင်သာယာအရှေ့ပိုင်းမြို့နယ်၊ လှိုင်သာယာစက်မှုဇုန် ၄ ၊ ပြင်စည်မင်းသားကြီး လမ်းမှာ ရှိပြီး စက်ရုံမှာ အမျိုးသမီး အမျိုးသား လုပ်သား စုစုပေါင်း ၈၀၀ ဝန်းကျင် လုပ်ကိုင်နေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

“ညီမတို့ တနေ့လုပ်ခကို ၈၅၀၀ တိုးပေးဖို့ တောင်းဆိုခဲ့တာပါ။ ဒီနေ့ မနက် ၉ နာရီလောက်မှာ HR မန်နေဂျာက လုပ်ခလစာလည်း တိုးမပေးဘူး။ အလုပ်သမား အားလုံးကိုလည်း အလုပ်ထုတ်ဆိုပြီး စက်ရုံဆင်း ဘဲလ်တီးပြီး ပြန်လွှတ်လိုက်တာ။ အလုပ်သမားတွေက စက်ရုံထဲမှာ ရှိသေးတယ်။ တချို့လည်း အလုပ်သမားရုံးတွေဆီ သွားနေကြတယ်” လို့ စက်ရုံအတွင်းက အလုပ်သမားတဦးက ပြောာပါတယ်။

လုပ်ခလစာတိုးမြှင့်ပေးဖို့ ပြီခဲ့တဲ့ အောက်တိုဘာ ၂၇ ရက် ညနေ ၃ နာရီလောက်မှာ အလုပ်ရပ်တောင်းခဲ့တာလို့ ပြောပါတယ်။ ၂၈ ရက်မှာတော့ လုပ်ခတိုးမြှင့်ပေးတဲ့ တခြားစက်ရုံရဲ့ အထောက်အထားကို စက်ရုံဘက်က တောင်းဆိုတာကြောင့် အဲဒီ အထောက်အထားကို သက်သေပြဖို့ အလုပ်သမားတွေ ရှာဖွေ ခဲ့တယ်လို့ ပြောပါတယ်။ ဒီ ၂၉ ရက်မှာတော့ သက်သေအထောက်အထားကို HR မန်နေဂျာထံ တင်ပြခဲ့ပြီးနောက် ဆွေးနွေးမှုတွေ မလုပ်ဘဲ စက်ရုံဘက်က အလုပ်သမားအားလုံးကို တဖက်သတ် အလုပ်ထုတ်ခဲ့တာလို့ သိရပါတယ်။

“သူတို့ တောင်းတဲ့အတိုင်း ညီမတို့ သက်သေပြခဲ့ပေမဲ့၊ မဆွေးနွေးဘူး၊ တိုးမပေးနိုင်ဘူး၊ အားလုံးကို အလုပ်ထုတ်တယ်လို့ ပြောလိုက်တာပဲ။ အလုပ်သမားတွေလည်း ငိုတဲ့သူငိုနဲ့ ဘယ်သူ့ကို အကူအညီတောင်းရမှန်း မသိ ဖြစ်နေတယ်။ ” လို့ အလုပ်သမားတဦးက ပြောပါတယ်။ 

ကုန်ဈေးနှုန်းနဲ့ နေထိုင်စာရိတ်တွေ ကြီးမြင့်နေတာကြောင့်  စက်ရုံဘက်က မူလပေးနေတဲ့ ၆၈၀၀ ကနေ ၈၅၀၀ ကျပ် အထိ တိုးမြှင့်ပေးဖို့  အလုပ်သမားတွေက ၃ ရက်ကြာ တောင်းဆိုနေတာလို့ သိရပါတယ်။ စက်ရုံနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ ကိုတော့ DICA မှာ တိတိကျကျ ဖော်ပြထားတာ မရှိပါဘူး။ 

 #MyanmarLabourNews


Related posts

Cover
Myanmar Handsome မန်နေဂျာ လုပ်အားခ ခေါင်းပုံဖြတ်
Aug 07, 2026
Cover
Yuan Hong Garment မှာ အပတ်တိုင်း အချိန်ပို ခိုင်းခွင့် အလုပ်သမားရုံး ဦးစီးမှူး ကိုယ်တိုင် ခွင့်ပြုပေးထား
Aug 07, 2026
Cover
New Zhoung Hui အထည်ချုပ် စနေ့နေ့ အလုပ်ဆင်းခိုင်းပြီး အချိန်ပိုကြေးမပေး
Aug 07, 2026
Cover
Jin chang Myanmar အထည်ချုပ် စံချိန်မရလို့ တနင်္ဂနွေပိတ်ရက်ပါ အလုပ်ဆင်းခိုင်း
Aug 05, 2026
Cover
Spring Moon Garment Co,Ltd အထည်ချုပ်လုပ်သားတွေ လုပ်ခတိုးမြှင့်ပေးရန်တောင်းဆိုနေ
Aug 05, 2026
Cover
SHWE MYINN စက်ရုံ အချိန်ပို မဆင်းနိုင်ပါက အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Aug 05, 2026
Cover
Victory Myanmar အထည်ချုပ် အချိန်ပို မနက် ၃ နာရီအထိ တစ်ပတ် လေးရက် ခေါ်ခိုင်း
Aug 05, 2026
Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026