NEWS

XING YUAN ( Myanmar) အထည်ချုပ် လိုင်းစူပါ ဆဲဆို ခိုင်းစေ

CoverLogo
219 Views
 
ညီမတိုက XING YUAN ( Myanmar) Co., Ltd အထည်ချုပ်စက်ရုံကပါ။ ရွှေပြည်သာမြိုနယ်၊ ဝါးတရာစက်မှုဇုန်၊ သိမ်ချောင်းလမ်မှာပါ ။ စက်ရုံဖွင့်ထားတာက တနှစ်ကျော်ရှိနေပါပြီ။ စက်ရုံမှာ အလုပ်သမား ၅၀၀ လောက်ရှိပါတယ်။ ပိုင်ရှင်ကတော့ တရုတ်လူမျိုးပါ။
 
လိုင်း ၁ စူပါက မနက်အလုပ်စတာနဲ့ ဆဲပြီး ခိုင်းပါတယ်။ ေ-ာက်ဆိုတဲ့ စကားလုံးကို အကြိမ်ကြိမ်သုံးပြီး ခိုင်းတာပါ။ အမျိုးသမီး အချင်းချင်း မိုက်မိုက်ရိုင်းရိုင်းပြောခိုင်းတာပါ။ ဆဲတဲ့သူက ဘယ်နေလဲ မသိပေမဲ့ ညီမတိုတွေရဲ့ နားထဲမှာ ဘယ်လိုမှ အဆင်မပြေပါဘူး။ အမ်ချင်သလိုလိုနဲ့ ရှက်လွန်းလို ထပြေးချင်စိတ် ဖြစ်ရပါတယ်။
 
ဒီလို ဆဲတာက မနက် အလုပ်စတဲ့ အချိန်တိုင်းပါ။ လိုင်းစူပါက အောစူပါနဲ့ ကားအတူစီးကြတဲ့ မိတ်ဆွေတွေပါ။
စက်လိုင်းထဲမှာ ဆဲတာက အလုပ်ထဲမှာ အကုန်ကြားရပါတယ်။
 
စက်လိုင်းအလုပ်သမားတွေ မလုပ်နိုင်ရင် ထွက် ဆိုတဲ့ စကားကို အမြဲပြောပါတယ်။ ဒီစကားမျိုးပြောတော့ ညီမတိုလည်း ဘယ်မှ မတိုင်ရဲပါဘူး။
 
စက်ရုံ တစ်ရုံလုံးမှာ လိုင်း ၁ စူပါက အပြောဆိုအကြမ်းဆုံးပါ။ စက်ရုံ အလုပ်ချိန်က ၈ နာရီ စပါတယ်။ ညီမတို မနက် အစာပြေကို စက်ရုံမှာ စားကြတာပါ။
 
မန်နေဂျာ ၈ နာရီ အတိုင်မီ အလုပ်ထဲကို အတင်းဝင်ခိုင်းပါတယ်။ စားနေသူတွေကိုလည်း အော်ပြောတာပါ။
စက်ရုံမှာ တိုင်ကြားဖို အခွင့်အရေးမရလို စာပိုထားတာပါ ရှင့်။
 

Related posts

Cover
အလုပ်သမားအခွင့်အရေးကြောင့် အထည်အော်ဒါမရတော့တဲ့ KINGSRICH ( Myanmar) FASHION စက်ရုံ ပိတ်သိမ်းဖို့အသိပေး
May 16, 2026
Cover
နေရွှေဝင်းအထည်ချုပ် အလုပ်သမားများအား အလုပ်ထုတ်ခြင်းသည် ဥပဒေဖေါက်ဖျက်မှု ဖြစ်  (အတွေးအမြင် )
May 12, 2026
Cover
ဒေးကြေး ကျပ် ၁၅၀၀၀ တိုးမြှင့်ပေးရန် Sunrise Fashion Myanmar အထည်ချုပ်လုပ်သားတွေ စုပေါင်းတောင်းဆိုမှု ၁၃ ရက်ကျော်ကြာအထိ ပြေလည်မှုမရှိသေး
May 06, 2026
Cover
အလုပ်ချိန် ၈ နာရီအတွက် အခြေခံလုပ်ခ ကျပ် ၂၀၀၀၀ ပေးရန် တောင်းဆို
May 01, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီကို ပွင့်လင်းမြင်သာစွာ ပြန်လည်ဖွဲ့စည်းပေးဖို့ INNOVATION FOOD Co.,Ltd အလုပ်သမားတွေလိုလားနေ
Apr 26, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026