ရန်ကုန်မြို့ရွှေပြည်သာမြို့နယ်၊ထဲမှာလုပ်ကိုင်နေတဲ့တရုတ်နိုင်ငံသားပိုင် Xinda Home Textile စက်ရုံမှာအလုပ်သမားများကိုလိင်ပိုင်းဆိုင်ရာနှေင့်ယှက်စော်ကားတာတွေအပြင်အကြောင်းမဲ့သက်သက်ဖိအားပေးအလုပ်ထုတ်ပယ်တာမျိုးတွေရှိနေတယ်လို့နစ်နာသူတွေက MLN ကိုပြောပါတယ်။
"မြန်မာမိန်ကလေးတချို့ကိုကျူးလွန်ပြစ်မှားပြီးအနည်အငယ် လျော်ကြေးပေးတယ်ပေါ့။ ပြီးတော့ အလုပ်သမားအသစ်တွေကိုခေါ်ပြီးသုံးလအထိပါမစ်နစ်မခန့်တာတွေရှိတယ်"လို့စက်ရုံရဲ့လိင်ပိုင်းဆိုင်ရာစော်ကားမှု့ခံခဲ့ရတဲ့နစ်နာသူအလုပ်သမတဦးက MLN ကိုပြောပါတယ်။
ဒီလိုဥပဒေမဲ့လုပ်ရက်တွေအပြင် မသန့်ရှင်းတဲ့ အိမ်သာရေကိုသာသုံးစွဲနေရတာကြောင့် ဒီစက်ရုံမှာလုပ်တဲ့အလုပ်သမားတွေအနေနဲ့ကျန်းမာရေးထိခိုက်တာတွေရှိတယ်လို့လဲသိရပါတယ်။
ဒါ့အပြင် "Xinda Home Textile စက်ရုံမှာ ကျွန်တော်ကစက်ပြင်နဲ့အလုပ်လုပ်ကိုင်လာတာ ၂နှစ်နီးပါးခန့်ရှိပါပြီ။ (နိုဝင်ဘာ ၁၄) ရက်နေ့မှာ ကျွန်တော်အလုပ်လုပ်တဲ့စက်ရုံမဟုတ်ဘဲ ယခုသူဌေးပိုင်စက်ရုံခွဲမှာစက်ပြင်အနေနဲ့ (3)လသွားရောက်လုပ်ကိုင်ရမည်ဟုတရုတ်အမျိုးသမီးခေါ်ပြောပါတယ်။ကျွန်တော်ကသွားဖို့ ငြင်းတော့ နို့တစ် ၁ လပေးမယ်နို့တစ်ပြည့်ရင်အလုပ်ထွက်ရမည်ဟုပြောခဲ့ပြီးကျွန်တော်ကအပြစ်မရှိပဲနို့တစ်ပေးခံရတာရှက်သည့်အတွက်(နိုဝင်ဘာ ၁၆)ရက်နေ့တွင်အလုပ်မှထွက်ခဲ့ရပါတယ်"လို့အလုပ်ထုတ်ခံလိုက်ရတဲ့အလုပ်သမားတဦးက MLN ကိုပြောပါတယ်။
အဆိုပါစက်ရုံပိုင်ရှင်မှာစစ်ကောင်စီရဲ့မြန်မာနိုင်ငံကုန်သည်နဲ့စက်မှု့လက်မှု့အသင်းချုပ်UMFCCIရဲ့အသင်းဝင်တဦးလဲဖြစ်တယ်လို့သိရပါတယ်။
"အဲ့ဒီ့စက်ရုံက၀န်ထမ်းများကိုဖိအားအမျိုးမျိုးပေးမှုကြောင့်လည်းထွက်သွားတဲ့အလုပ်သမားတွေလဲရှိတယ်အလုပ်ရှင်တွေကတော့ နိုင်ငံရေးအခွင့်ကောင်းယူကာဥပဒေမဲ့လုပ်ချင်တိုင်လုပ်နေတာပဲ"လို့အဆိုပါစက်ရုံဝန်ထမ်းတဦးကပြောပါတယ်။
အလုပ်ရှင်များအနေနှင့်နိုင်ငံရေးအခြေအနေကိုအခွင့်ကောင်းယူပြီးအလုပ်သမားတွေအပေါ်ဥပဒေမဲ့အလုပ်ကထုတ်ပယ်တာတွေကိုယခုလိုစစ်အာဏာသိမ်းပြီးကာလနောက်ပိုင်းမှာပိုမိုလုပ်ဆောင်နေကြတယ်လို့အလုပ်သမားတွေကပြောပါတယ်။
အဆိုပါအလုပ်ပါအခွင့်အရေးချိုးဖောက်ခံရမှု့အပေါ်နစ်နာခဲ့တဲ့အလုပ်သမားတွေအနေနဲ့ မြန်မာနိုင်ငံကုန်ထုတ်နှင့်စက်မှုလက်မှုအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(IWFM)ကိုတိုင်ကြားထားတယ်လို့သိရပါတယ်။