NEWS

Xiang Rong မန်နေဂျာမှ စစ်တပ်နှင့် ရဲ ခေါ် ဖမ်းခိုင်းမယ်ဆိုပြီး အလုပ်သမားများအား ခြိမ်းခြောက်

CoverLogo
758 Views

Xaing Rong စက်ရုံမန်နေဂျာက လုပ်ငန်းခွင် တောင်းဆိုမှု ပြုလုပ်သူတွေကို စစ်တပ်နဲ့ ရဲ ခေါ်ပြီး ဖမ်းဆီး  ခိုင်းမယ် ဆိုပြီး ခြိမ်းခြောက်ပြောဆိုခဲ့တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ Xaing Rong  (XR Sports Myanmar Co.,Ltd) လုပ်ငန်းခွင်အတွင်း ထောက်ပံကြေး ကျပ်တထောင် အတွက် တောင်းဆိုမှုတွေကို ဇူလိုင် ၁၉ ရက်က ပြုလုပ်နေချိန်မှာ အခုလို ပြောကြားခဲ့တာလို့ အလုပ်သမားတွေက ပြောပါတယ်။ 


“လုပ်ငန်းရပ်ပြီး တောင်းဆိုတာက ထောက်ပံကြေး (ကျပ်)တစ်ထောင်တိုးမပေးလို့ ပါ၊ စက်ရုံထဲက အကူလုပ်သား တွေနဲ့ စက်သေးချုပ်တဲ့သူတွေကို ၆၅၀၀ ပဲ ပေးမယ်ပြောတယ်။ နောက် စက်ကြီးကိုင်တဲ့ သူတွေက နဂိုကတည်း က ၇၀၀၀ ရနေတာကို ၇၂၀၀ ပဲ တိုးပေးမယ်လို့ ပြောတယ်။ အလုပ်သမားတွေက တိုးပေးတဲ့ ကျပ် တတောင်ကို အပြည့်အဝ လိုချင်တာပါ” လို့ ပြောပါတယ်။ 
စက်ရုံက ကျောပိုးအိပ်ချုပ်လုပ်တဲ့ စက်ရုံဖြစ်လို့ စက်အကြီး ချုပ်တဲ့ အလုပ်သမားတွေက ပိုမိုအားစိုက်ရတာ ကြောင့်  အရင်ကတည်းက တရက် ကျပ် ၇၀၀၀ ပေး ခန့်ထားခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။ ဝန်ကြီးဌာနရဲ့ ကြေညာချက်အတိုင်း ဒီဩဂုတ်လက စပြီး ကျပ်တထောင် တိုးပေးဖို့ကို အလုပ်သမားတွေက တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။ 


ဆန္ဒထုတ်ဖော်နေစဉ် စက်ရုံမန်နေဂျာက စစ်တပ်နဲ့ ရဲတွေကို ပိုက်ဆံပေးခေါ်ပြီး ဖမ်းဆီးခိုင်းမယ်ဆိုပြီး ခြိမ်းခြောက်လို့ အလုပ်သမားတွေ တောင်းဆိုမှုကို ရပ်နားခဲ့ရတာလို့ သိရပါတယ်။ ဒါ့အပြင် ဩဂုတ်လ ၁၆ ရက်က အချိန်ပို အလွန်အကျွံ ခေါ် တာကြောင့် အလုပ်သမားအရာရှိ တချို့ လာရောက်စစ်ဆေးပေမဲ့ စက်ရုံကို အရေးယူခဲ့တာ မရှိဘူးလို့ ပြောပါတယ်။ 


ဩဂုတ်လအတွင်း ညနက် အချိန်ပို နှစ် ကြိမ်ခေါ်ယူခဲ့ပြီး တနင်္ဂနွေ တရက် အလုပ်ဆင်းထားရတဲ့ လို့ အလုပ်သမား တွေက ပြောပါတယ်။ ဒါ့အပြင် ခွင့် ငါးရက်ထက် ပိုယူပါက လုပ်သက် အသစ်လို့ ပြန်သတ်မှတ်တာကြောင့် အလုပ်သမားတွေမှာ ဥပဒေပါ အခွင့်အရေးတွေ ချိုးဖောက်ခံနေရတယ်လို့  အလုပ်သမားတွေက ပြောပါတယ်။  “လုပ်သက် အသစ် ပြန်သတ်မှတ်ခံရရင် ဆေးခွင့်၊ ရှောင်တခင်ခွင့် မရတော့ဘူး” လို့ပြောပါတယ်။


ဒါ့အပြင် စက်ရုံအလုပ်အချိန်က မနက် ၈နာရီခွဲကနေ ည ၆  နာရီခွဲအထိ ဖြစ်လို့ ထမင်းစားနားပြီးကတည်းက ၆ နာရီဆက်တိုက် အနားမရဘဲ လုပ်ကိုင်နေရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ အလုပ်သမားတွေ လိုက်နာရမယ်ဆိုပြီး အပေါ့အပါး သွားဖို့ကိစ္စ အပါအဝင် စက်ရုံ စည်းကမ်းတွေ တင်းတင်းကျပ်ကျပ် ထုတ်ပြန် ထားတယ်လို့လည်း အလုပ်သမားတွေက ပြောပါတယ်။ 
“အလုပ်ချိန် တဆက်တည်း ၆ နာရီလုပ်ခိုင်းတယ်။ အစားအသောက်  မကျွေးဘူး။ အပြင်ထွက် ဝယ်စားရင် နုတ်သတိပေး သုံးကြိမ်၊ နောက် ဝမ်တိန် ထိုးရမယ်။ အိမ်သာ သွားဖို့ ကတ်မပါရင် ဒီလို အရေးယူမယ်။ ဒါတွေက မျှတမှုမရှိဘူး။ အလုပ်သမားတွေကိုတွေကို သန့်စင်ခန်း မသွားစေချင်သလို ဖြစ်နေတယ်။”  လို့ပြောပါတယ်။


XR Sports Myanmar Co.,Ltd စက်ရုံအတွင်းက လုံခြုံမှုမရှိဘဲ ညစ်ပတ် ညစ်ညမ်းနေတဲ့ သန့်စင်ခန်းတွေရဲ့ ဓါတ်ပုံ တချို့လည်း Myanmar Labour News က ရရှိထားပါတယ်။  ဒါ့အပြင် စက်ရုံဝင်ပေါက်အနီးက အမှိုက်ပုံကို အလုပ်သမားတွေ စားသောက်တဲ့နေရာ နီးကပ်နေတဲ့ အပြင် စွှန့်ပစ် မှုမရှိတာ ကြာလို့ ညစ်ပေပြီး အနံဆိုးတွေ ထွက်ပေါ်နေတယ်လို့လည်း အလုပ်သမားတွေက ပြောကြားထားပါတယ်။


XR Sports Myanmar Co.,Ltd စက်ရုံက ရွှေလင်ဗန်းစက်မှုဇုန်မှာ ရှိပြီး  တရုတ်နိုင်ငံသားပိုင်ဆိုင်တယ်လို့ သိထား ပါတယ်။ Sakura ၊ Olympia စတဲ့ အမှတ်တံဆိပ် ကျောပိုးအိပ်တွေကို စက်ရုံ လုပ်သား ၅၀၀ ဝန်းကျင်က ချုပ်လုပ် နေပါတယ်။ 


Related posts

Cover
Myanmar Handsome မန်နေဂျာ လုပ်အားခ ခေါင်းပုံဖြတ်
Aug 07, 2026
Cover
Yuan Hong Garment မှာ အပတ်တိုင်း အချိန်ပို ခိုင်းခွင့် အလုပ်သမားရုံး ဦးစီးမှူး ကိုယ်တိုင် ခွင့်ပြုပေးထား
Aug 07, 2026
Cover
New Zhoung Hui အထည်ချုပ် စနေ့နေ့ အလုပ်ဆင်းခိုင်းပြီး အချိန်ပိုကြေးမပေး
Aug 07, 2026
Cover
Jin chang Myanmar အထည်ချုပ် စံချိန်မရလို့ တနင်္ဂနွေပိတ်ရက်ပါ အလုပ်ဆင်းခိုင်း
Aug 05, 2026
Cover
Spring Moon Garment Co,Ltd အထည်ချုပ်လုပ်သားတွေ လုပ်ခတိုးမြှင့်ပေးရန်တောင်းဆိုနေ
Aug 05, 2026
Cover
SHWE MYINN စက်ရုံ အချိန်ပို မဆင်းနိုင်ပါက အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Aug 05, 2026
Cover
Victory Myanmar အထည်ချုပ် အချိန်ပို မနက် ၃ နာရီအထိ တစ်ပတ် လေးရက် ခေါ်ခိုင်း
Aug 05, 2026
Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026