NEWS

Wonderful Apparel Co ,Ltd တွင် သတ်မှတ်ထားသည့် တစ်ရက်တာလုပ်အားခကို အပြည့်မပေးသည့်အပြင် အချိန်ပိုမဆင်းပါက အလုပ်ထုတ်

CoverLogo
482 Views

တရုတ်နိုင်ငံသားပိုင် Wonderful Apparel Co .Ltd မှာ အလုပ်သမားတွေကို ပေးချေဖို့ သတ်မှတ်ထားတဲ့ တစ်ရက် တာလုပ်အားခကို အပြည့်အဝမပေးတဲ့အပြင် အချိန်ပိုနာရီ မဆင်းတဲ့အလုပ်သမားတွေကို ဥပဒေမဲ့ အလုပ်ထုတ်နေတယ်လို့ အလုပ်သမားတွေဆီက သိရပါတယ်။

စက်ရုံကိုတော့ မှော်ဘီမြို့နယ်၊ မြောင်းတကာ စက်မှုဇုန်၊ ဟန်စတီးပါဝါလမ်းမှာ ဖွင့်လှစ်ထားတာဖြစ်ပြီး အလုပ် သမား (၂၄၀) ကျော်နဲ့ TRSLLKIDS အမှတ်တံဆိပ် ကိုရီးယားအော်ဒါထည်တွေကို ချုပ်လုပ်နေတာ ဖြစ်ပါတယ်။ 

လုပ်ငန်းခွင်တွင်းမှာ အလုပ်သမားသမဂ္ဂ ဖွဲ့စည်းထားတာမရှိဘဲ ဥပဒေပါအခွင့်အရေးချိုးဖောက်မှုတွေ လုပ်ဆောင် နေတယ်လို့ အလုပ်သမားတွေကပြောပါတယ်။

“ကျွန်မတို့ကို ဒေးကြေး ထောက်ပံ့ကြေး (၈၀၀၀) နဲ့ ရက်မှန်ကြေး (၂၀၀၀၀) ပဲ ပေးပါတယ်။ လုပ်အားခက နည်းပါတယ်၊ ဒါပေမယ့် အထည်စံချိန်ကို တော့ မတရားတောင်းပါတယ်။ စက်လိုင်းတစ်လိုင်းကို လူက (၁၉) ယောက်ပဲ ရှိပါတယ်။ စက်သမားတစ်ဦးက နှစ် ပွိုင့်ကနေ သုံးပွိုင့်အထိ ချုပ်ရပြီး တစ်နာရီကို (၁၂၀) လောက် တောင်းပါတယ်။ သူတို့တောင်းတဲ့ စံချိန်မပြည့်ရင် လည် လိုင်းစူပါတွေက ဆဲပါတယ်။ အချိန်ပိုတွေကိုလည်း ကြိုမပြောပါဘူး။ အလုပ်သမားတွေကို လက်မှတ်မထိုး ခိုင်းဘဲ မိုးလင်းအထိ ဆင်းခိုင်းပါတယ်။ သူတို့ခေါ်တဲ့ အချိန်ပိုအီတွေ မဆင်းရင် အလုပ်ကချက်ချင်း ထုတ်ပါတယ်။ စက်ရုံမှူးကလည်း သူမကြိုက်တဲ့အလုပ်သမားတွေဆို အလုပ်လုပ်နေရင်း တန်းလန်းကနေ ချက်ချင်းပြန်ခိုင်း ပါ တယ်။ ဟိုရက်ကလည်း (၁၁) ယောက်လောက်ကိုအလုပ်က ပြန်လွှတ်နေပါတယ်။ ပြောမယ်ဆို အလုပ်ထုတ်တာကို ဉပဒေမဲ့ လုပ်ချင်သလို လုပ်နေပါတယ်”လို့ အလုပ်သမားတစ်ဦးက ပြောပါတယ်။

လုပ်ငန်းခွင်ထဲမှာ လူမှုဖူလုံရေးကြေး ထည့်ဝင်ရပေမယ့် ဆေးခွင့်ခံစားခွင့်မပေးသလို သက်ဆိုင်ရာမြို့နယ်က လူမှုဖူ လုံရေးတာဝန်ရှိသူကို ပြောဆိုပေမယ့် ဖြေရှင်းပေးတာ မရှိပါဘူး။ အလုပ်သမားဥပဒေအတိုင်း ဆေးခွင့်၊ ရှောင်တခင် ခွင့်၊ လုပ်သက်ခွင့်တွေ ခံစားခွင့်မပေးတာကြောင့် အလုပ်သမားတွေက တစ်ရက်ပျက်ပါက ဒေးကြေး အပြင် ရက်မှန် ကြေးပါ ဖြတ်တောက်ခံနေရပါတယ်။

“အလုပ်ထဲမှာ နေ့စားအလုပ်သမားတွေ ရှိပါတယ်။ ဒီလူတွေကိုလည်း သုံးလပြည့်ပြီး ကျော်နေရင်း လခစားမခန့် ပါဘူး။ နောက်အသက်မပြည့်သေးတဲ့သူတွေကိုလည်း ဆရာဝန်ထောက်ခံချက်မရှိလည်း အလုပ်ခန့်ပါတယ်။ သူတို့ ကိုလည်း လူကြီးလုပ်သားတွေနဲ့တန်းတူ ခိုင်းပါတယ်။ စက်ရုံက လုပ်ခလစာနည်းတော့ လူကြီးတွေက အလုပ်လာမ လျှောက်ပါဘူး။ နောက်အိမ်သာတွေကလည်း သန့်ရှင်းမှု မရှိပါဘူး။ အိမ်သာထဲမှာ ရေပုံးလည်း မရှိပါဘူး။ အလုပ်ရှင် ဘက်က ချိုးဖောက်တာတွေ ခဏခဏလုပ်နေပေမယ့် အလုပ်သမားရုံးက လာစစ်လည်း ပြောင်းလဲတာ မရှိပါဘူး။ အလုပ်ရှင်က သူလုပ်ချင်တာတွေပဲ ပိုလုပ်လာပါတယ်”လို့  စက်ရုံ အလုပ်သမားတစ်ဦးက ပြောပါတယ်။

လက်ရှိမှာ အလုပ်သမားတွေက လုပ်ငန်းခွင်တွင်းမှာ ဥပဒေပါအခွင့်အရေးတွေကို ချိုးဖောက်တာတွေ ဆက်တိုက် လုပ်ဆောင်နေတာကြောင့် ကူညီဖြေရှင်းပေးဖို့  မြန်မာနိုင်ငံ ကုန်ထုတ်နှင့်စက်မှုလက်မှု အလုပ်သမားများ အဖွဲ့ချုပ် (IWFM) ကို ဆက်သွယ် အကူအညီ တောင်းခံထားပါတယ်။

အလုပ်သမားတွေအနေနဲ့ ချုပ်လုပ်နိုင်တဲ့ အထည်စံချိန်ကိုသာ တောင်းခံဖို့၊ အောစူပါတွေက အထည်စံချိန်တောင်း ရာမှာ မဆဲဖို့၊ ရိုင်းစိုင်းစွာ မပြောဖို့၊ အချိန်ပိုအိုတီတွေကို အလုပ်သမားတွေ သဘောဆန္ဒပါမှသာ မိုးလင်းအထိ ခေါ်ဖို့၊ အချိန်ပိုအိုတီ မဆင်းရင် အလုပ်မထုတ်ဖို့၊ တရုတ်အမျိုးသမီးက အလုပ်သမားတွေကို တိုက်ရိုက် မအုပ်ချုပ်ဖို့၊ အိမ်သာတွေ သန့်ရှင်းမှုရှိအောင် အလုပ်ရှင်ဘက်က စီမံဆောင်ရွက်ပေးဖို့ စတာတွေကို လိုလားနေတာ ဖြစ်ပါတယ်။

#MyanmarLabourNews

 

 


Related posts

Cover
နေရွှေဝင်းအထည်ချုပ်က အလုပ်သမား ၈၀ ကျော်ကို လုပ်ငန်းခွင်ပြန်ဝင်ဖို့နဲ့ နောက်ထပ်တောင်းဆိုမှု ၁ နှစ်အတွင်းမလုပ်ဖို့ထုတ်ပြန်
May 19, 2026
Cover
အလုပ်သမားပေးစာ LUCKYSKY BAGS Myanmar သန့်စင်ခန်းများ ပျက်စီး  သန့်ရှင်းပေးမှု အားနည်း
May 19, 2026
Cover
Joyful Myanmar Garment အမျိုးသမီး လုပ်သားများအား ပိတ်လိပ်ထမ်းခိုင်း
May 19, 2026
Cover
Heng Run Garment အထည်စံချိန်မပြည့်လို့ လုပ်ခမပေးဘဲ အချိန်ပို ဆင်းခိုင်း
May 19, 2026
Cover
Sambo Myanmar အထည်ချုပ်စက်ရုံ ညည့်နက်အချိန်ပို ညစာမကျွေးဘဲ ခိုင်း
May 18, 2026
Cover
Casico Garment ထောက်ပံ့ကြေး ကျပ် ၁၀၀၀ ကို ၇ လကျော်ကြာ မပေးဘဲ တောင်းဆိုသည့် အလုပ်သမားများအား ဒေးကြေးမပေး
May 18, 2026
Cover
ယူနန် ပြည်နယ် VS SA အထည်ချုပ်စက်ရုံ အချိန်ပိုကြေးမပေးဘဲ လုပ်ကိုင်ခိုင်း
May 18, 2026