မင်္ဂလာပါရှင့်။
မော်ဘီမြိုနယ်၊ မြောင်းတကာစက်မှုဇုန်က Wonderful April အထည်ချုပ်စက်ရုံမှာ အလုပ်သမားအခွင့်အရေး ချိုးဖောက်နေတာကို အရေးယူပေးစေချင်လိုပါ။
၁။ အလုပ်ချိန် - မနက် ၈ နာရီ ကနေ ည ၇ နာရီခွဲထိ (နေ့စဉ်)။ စနေနေ့ ည ၆ နာရီခွဲထိ။
၂။ နားချိန် - တစ်နေ့လုံးမှာ မိနစ် ၃၀ သာ ပေးနားပါတယ်။
၃။ အပတ်စဉ်နားရက် - တနင်္ဂနွေနေ့တွေပါ နားရက်မရှိ ခေါ်ဖို စီစဉ်နေပါတယ်။
၄။ ကလေးအလုပ်သမားတွေလုပ်ကိုင်ပါတယ်။ သူတို့လည်း ကျန်းမာရေး ထိခိုက်နေကြပါတယ်။
အချိန်ပိုကို မဆင်းရင် အလုပ်ပြုတ်မှာ စိုးရိမ်ပြီး ဆန္ဒမပါဘဲ ဆင်းရပါတယ်။
အချိန်ပိုကို လျော့ပေးစေချင်ပါတယ်။
ဒီကိစ္စကို ထိထိရောက်ရောက် ကူညီစစ်ဆေးပေးပါရှင်။ မေတ္တာ ရပ်ခံပါတယ်ရှင့်။







