NEWS

Wonderful Apparel စက်ရုံတွင် ‌အချိန်ပို‌ကြေး မပေးဘဲ အဓမ္မခိုင်းစေ‌နေဟုဆို

CoverLogo
798 Views

တရုတ်နိုင်ငံသားပိုင်  Wonderful Apparel စက်ရုံတွင် ‌ဥပ ဒေပါ ခွင့်ရက်‌ တွေကို ငွေကြေးဖြတ်တောက်တာနဲ့ အချိန်ပို‌ကြေး မပေးဘဲ အဓမ္မလုပ်အားခိုင်းစေတာတွေ လုပ်ဆောင်နေတယ်လို့ စက်ရုံအလုပ်သမားတွေက ပြောပါတယ်။

ဒီစက်ရုံကို မှော်ဘီမြို့နယ်၊ မြောင်းတကာ စက်မှုဇုန်၊ ဟန်စတီးပါဝါလမ်းမှာ  ဖွင့်လှစ်ထားတာဖြစ်ပြီး လုပ်သားအင်အား (၄၅၀) ကျော်နဲ့ လည်ပတ်နေတာ ဖြစ်ပါတယ်။

စက်ရုံမှာ KIABI၊ TROLLKIDS စတဲ့အမှတ်တံဆိပ်တွေချုပ်လုပ်နေတာလို့ သိရပါတယ်။စက်ရုံမှာအလုပ်သမားသမဂ္ဂဖွဲ့စည်းထားတာမရှိဘဲ လုပ်ငန်းခွင်ညှိနှိုင်းရေးကော်မတီ WCC ဖွဲ့စည်းထားတယ်လို့ ဆိုပါတယ်။

''ခွင့်တွေကိုလည်း အလုပ်သမားအချင်းချင်း ခွဲခြားပေးတယ်။ အများစုက ခွင့်ရက်မရဘူး။ နေမကောင်းလို့ ခွင့်တိုင်ရင် အပြောအဆို ခံရတယ်။ ပြီးရင်ဒေးကြေးကော၊ ရက်မှန်ကြေးကော ဖြတ်တယ်။ ရက်ပျက်ရင် ဂရိတ်ကြေးတွေပါ လျော့ပစ်တယ်''လို့ စက်ရုံအလုပ်သမားတစ်ဦးက ပြောပါတယ်။

စက်ရုံအလုပ်သမားတွေအနေနဲ့ နံနက် (၈) နာရီကနေ ည (၁၂) နာရီထိ နေ့စဉ်လုပ်ကိုင်နေရတာ ဖြစ်ပါတယ်။ 
ဒါ့အပြင် အလုပ်သမား တွေကိုည (၁၂) ထိ အချိန်ပို ခေါ်ယူတာနဲ့ ညလုံးပေါက် အချိန်ပို ခေါ်ယူနေတာလည်း ဖြစ်ပါတယ်။

အခုလိုချုပ်လုပ်နေရတဲ့ အထည်တွေမှာ ကွာလတီမကောင်းတာဖြစ်ရင် QC တွေကို အိုတီအခမဲ့ဆင်းခိုင်းတာ ဖိအားပေးခိုင်းစေတာတွေလုပ်ပြီး အိုတီဆင်းရန်ငြင်းဆန်ပါက နောက်နေ့မလာတော့ရန် ခြိမ်းခြောက်ပြောဆိုတာတွေ ပြုလုပ်နေတယ်လို့လည်း အမည်မဖော်လိုတဲ့အလုပ်သမားကပြောပါတယ်။ယင်းကဲ့သို့ အထည်မအောင်တာ အရည်အသွေးမမီတာဖြစ်ရင် QC တွေထံက အဆင့်ဆင့်ငွေကြေးဖြတ်တောက်မှုတွေ လုပ်ဆောင်သေးတယ်လို့ ဆိုပါတယ်။

''အချိန်ပိုတွေ မဖြစ်မနေ ဆင်းရပေမယ့် အချိန်ပိုကြေးမရပါဘူး။ ပြီးခဲ့တဲ့‌စနေနှစ်ရက်ကို အော်ဒါနည်းလို့ဆိုပြီး အလုပ်ရှင်က သူ့သဘောနဲ့ ပိတ်ပေးတယ်။ အခုကျမှ သီတင်းကျွတ်ပိတ်ရက်တွေမှာ ပြီးခဲ့တဲ့ စနေအစား ပြန်ဆင်းပေးရမယ်လို့ ပြောတယ်။ သူတို့လုပ်ချင်သလို လုပ်နေတယ်။ နောက်ပြီး စက်ရုံအိမ်သာတွေဆိုလည်း တစ်ပတ်တစ်ခါလောက်ပဲ ဆေးတယ်။ စက်ရုံဆေးခန်းမှာလည်း ဆေးမရှိဘူး''လို့ သူက ပြောပါတယ်။

စက်ရုံအလုပ်သမားတွေ အနေနဲ့ ဥပဒေပါ ခွင့်ခံစားများ ရရှိရေး၊ အချိန်ပိုများ ခေါ်ယူပါက အလုပ်သမားတွေရဲ့ သဘောထားကို မေးဖို့နဲ့ အချိန်ပိုကြေး ပေးချေရေး၊ တရုတ်နိုင်ငံသား တိုက်ရိုက် မအုပ်ချုပ်ရေး၊ ဂရိတ်ကြေး‌‌တွေကို ခွဲခြားမပေးရေးနဲ့ ရက်ပျက်ပါက ဂရိတ်ကြေးကို အချိုးကျသာ ဖြတ်ပေးရေးနဲ့ အိမ်သာသန့်ရှင်းရေး လုပ်ဆောင်ပေးရေး လိုလားနေတာ ဖြစ်တယ်လို့ ဆိုပါတယ်။ 

#MyanmarLabourNews


Related posts

Cover
အလုပ်ချိန် ၈ နာရီအတွက် အခြေခံလုပ်ခ ကျပ် ၂၀၀၀၀ ပေးရန် တောင်းဆို
May 01, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီကို ပွင့်လင်းမြင်သာစွာ ပြန်လည်ဖွဲ့စည်းပေးဖို့ INNOVATION FOOD Co.,Ltd အလုပ်သမားတွေလိုလားနေ
Apr 26, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026