NEWS

WHN Myanmar တနင်္ဂနွေပိတ်ရက်များအား အလုပ်ဆင်းခိုင်း

CoverLogo
900 Views

လှိုင်သာယာ စက်မှုဇုန် ၂ က WHN Myanmar အထည်ချုပ်စက်ရုံမှာ နေ့စဉ် အချိန်ပို လုပ်ကိုင်ပေးခဲ့ရတဲ့ အပြင် ဇူလိုင်လ ပိတ်ရက် တနင်္ဂနွေ ၄ ရက်လုံး လုပ်ကိုင်ပေးခဲ့ရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

“ဇူလိုင်လထဲမှ တနင်္ဂနွေ ၄ ရက်လုံး အလုပ်ဆင်းခဲ့ရတယ်။ အောနိုက်(ညနက် ၁၂ နာရီ) ကို ရက်ခြား ဆင်းရတယ်။ ရက်စား နှစ်ရက် ပြန်ပိတ်ပေးတယ်။ အလုပ်အရေးကြီးတယ်ဆိုပြီး၊ မဆင်းရင် ခြိမ်းခြောက်တယ်” လို့ ပြောပါတယ်။
ဇူလိုင်လထဲမှာ အများပြည်သူ အလုပ်ပိတ်ရက် ၂ ရက်နဲ့ ရတ်သတ္တပတ် အလုပ်ပိတ်ရက် ၄ ရက် စုစုပေါင်း ပိတ်ရက် ၆ ရက်ရှိပါတယ်။ စက်ရုံဘက်က ပိတ်ရက်ထဲကနေ ရက်သတ္တပတ်ပိတ်ရက် အတွက် ရက်စား ၂ ရက်နဲ့ အများပြည်သူပိတ်ရက် ၂  ရက် စုစုပေါင်း ၄ ရက် ပိတ်ပေးခဲ့ပါတယ်။

“ဒီဇူလိုင်လထဲမှာ တနင်္ဂနွေတွေမနားခဲ့ရဘူး။ ရက်အစား ၂ ရက် လုပ်ပေးရတယ်၊ အဲဒါက တနင်္ဂနွေနေ့တွေ။ အိုတီခရတာက ဇူလိုင်လ ၇ နဲ့ ၂၁ ရက်ပဲ ရှိတယ်။ တနင်္ဂနွေဆိုတာ အမြဲပိတ်ရက်ပဲ၊ အဲနေ့မှာ အိမ်ကိစ္စ၊ ကျန်းမာရေး ကိစ္စတွေ လုပ်ရတယ်။ ရက်စားရတော့ မိသားစုနဲ့လည်း အတူမနေရ၊ ဆရာဝန်နဲ့တွေ့ဖို့လည်း အဆင်မပြေတွေ ဖြစ်တာတော့။ ” လို့  WHN Myanmar ရဲ့ အလုပ်သမားတွေက ပြောပါတယ်။ 

စက်ရုံဘက်က ပိတ်ရက်တွေအသုံးချပြီး ခိုင်းခဲ့ပေမဲ့ အလုပ်သမားတွေအတွက် လူမှုရေး၊ ကျန်းမာရေး ကိစ္စတွေမှု နစ်နာမှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ ပြောပါတယ်။ ဒါ့အပြင် ဇူလိုင်လအတွင်း စက်ရုံဘက်က ညနက်(အောနိုက်) ကို တရက်ခြား လုပ်ကိုင်ခိုင်းခဲ့တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

“ပွိုင့်ကြီးကိုင်ရတဲ့ စက်လိုင်းတွေကို တရက်ခြား အောနိုက်တွေ လုပ်ခိုင်းတယ်။ စက်ရုံမှာက အချိန်ပို မဆင်းလို့ မရဘူး။ မဆင်းဘူးဆိုရင် ရုံးခန်းရောက်တာပဲ။ ရက်စားမဆင်းရင်တ ဂရိတ်ကြေးချမယ်၊ ရက်မှန်ကြေး ဖြုတ်မယ် ဆိုပြီး အောစူပါတွေက  ခြိမ်းခြောက်ပြီး ပြောနေတာ။” လို့ ပြောပါတယ်။

စက်ရုံအလုပ်သမားတွေရဲ့ ရပိုင်ခွင့်ကျွမ်းကျင်ကြေးက အနိမ့်ဆုံး ကျပ်ငါသောင်းကနေ တစ်သိန်း၊ ရက်မှန် ကြေးက ၅၀၀၀၀ ဖြစ်လို့ အလုပ်သမားတွော မှကျန်းမာရေး ပြဿနာတွေလည်း ရှိနေလည်း လုပ်ကိုင် ပေးနေရတာလို့ သိရပါတယ်။ အချိန်ပို အောနိုက် လုပ်ကိုင်ရတိုင်း စက်ရုံဘက်က ကြိုပို့ယာဉ်တွေ မနက် ၄ နာရီမှ လာကြိုတယ်လို့ လည်း အလုပ်သမားတွေက ပြောပါတယ်။ 

“အောနိုက် ၁၂ အလုပ်ပြီးတာနဲ့ စက်ရုံက မီးပိတ်လိုက်တယ်။ စက်ရုံထဲမှာ ခြင်ကိုက်ခံပြီး ဖြစ်သလို အိပ်ရတာ၊ အဲ့ကနေ မနက်လေးနာရီမှာ ဖယ်ရီလာကြိုတယ်၊ ထမင်းဟင်းချက်နဲ့ မနက် ၈ နာရီ အလုပ်ပြန်ဝင်ဖို့ ပြင်ဆင်ရနဲ့ဆို ဘယ်လိုမှ ပြန်အိပ်ချိန်  မရှိဘူး” လို့ ပြောပါတယ်။ 

ဒါအပြင် နေ့စဉ် နေ့လည်စားပြီးကတည်းက အချိန်ပိုကို ည ၇ နာရီခွဲအထိ လုပ်ကိုင်ပေးရတာကြောင့် အလုပ်ချိန် ၇ နာရီ ဆက်တိုက် အနားမရဘဲ လုပ်ကိုင်ပေးနေရတယ်လို့ ပြောပါတယ်။ ဒါ့အပြင် စက်ရုံလုပ်သားတွေကဟာ သန့်ရှင်းမှုမရှိတဲ့ သန့်စင်ခန်းတွေ ဆက်လက် သုံးစွဲနေဖြစ်တယ်လို့ သိရပါတယ်။  

WHM Myanmar အထည်ချုပ်စက်ရုံကို ပြီးခဲ့တဲ့ မေလထဲမှာ အလုပ်သမားအရာရှိတချို့ လာရောက် စစ်ဆေး ခဲ့တဲ့ တရက်တည်း သန့်စင်ခန်းတွေကို သန့်ရှင်းထားခဲ့ပေမဲ့ နောက်ရက်တွေမှာတော့ သန့်ရှင်းမှုမရှိ တာ လက်ရှိ အချိန်အထိ ဖြစ်တယ်လို့ အလုပ်သမားတွေက ပြောပါတယ် ။ စက်ရုံကို စစ်ဆေးပြီးနောက် တနင်္ဂနွေ နားရက်တွေမှာ အချိန်ပို ခေါ်ယူ လုပ်ကိုင်ခိုင်းစေတာတွေ ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။ 

Myanmar Labour News က နောက်ဆုံး သိရှိထားတဲ့ အချက်အလက်တွေထဲမှာWHM Myanmar အထည်ချုပ်စက်ရုံက ရန်ကုန်မြို့၊ လှိုင်သာယာစက်မှုဇုန် ၂ ၊ ဆရာစံလမ်းမှာ ရှိပြီး တရုတ်နိုင်ငံသားပိုင် စက်ရုံ ဖြစ်ပါတယ်။ အီတလီနိုင်ငံ အခြေစိုက် OVS , ပိုလန်ခြေစိုက် House (Sinsay) အမှတ်တံဆိပ်တွေကို အလုပ်သမား ၃၀၀ ကျော်က ချုပ်လုပ်နေတယ်လို့ သိထားပါတယ်။ 

 


Related posts

Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026
Cover
Myanmar Handsome စက်ရုံ အချိန်ပို အတင်းကျပ် ဆင်းခိုင်း
Jun 25, 2026
Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026
Cover
စုပေါင်းတောင်းဆိုနေသည့် အလုပ်သမားများအား Max Technology  စက်ရုံ အတွင်း ဝင်ခွင့်မပေး
Jun 24, 2026
Cover
Tanjin fashion milestone အောစူပါ၊ စူပါများ ကလေးလုပ်သားများအား အလုပ်သွင်း
Jun 23, 2026
Cover
ဟွာဖု (မြန်မာ) အထည်ချုပ် လုပ်အားခ ခေါင်းပုံဖြတ်ဖို့ နေ့စားလုပ်သား ခိုင်းနေ
Jun 23, 2026
Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026