NEWS

WHN Garment စက်ရုံ ကျွမ်းကျင်ကြေးများ ဖြတ်တောက်ပေး

CoverLogo
485 Views
 
WHN Garment (အထည်ချုပ်) စက်ရုံက ပိတ်ရက်အတွက် ကျွမ်းကျင်ကြေးတွေ ဖြတ်တောက်လို့ နစ်နာနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ သင်္ကြန်ပိတ်ရက် ၁၀ ရက်အတွက် ဖြတ်တောက်ခံရပြီး လုပ်ခလစာရဲ့ တစ်လစာ ကျွမ်းကျင်ကြေး ၄၀ ရာခိုင်နှုန်းလောက် ဖြတ်တောက်ခံရတာလို့ အလုပ်သမားတွေက ပြောပါတယ်။
 
“သင်္ကြန် ၁၀ ရက်ပိတ်တယ်။ ဧပြီလ လစာထုတ်တော့ ပေးထားတဲ့ ကျွမ်းကျင်းကြေးတွေကို ရက် ၃၀ နဲ့(စား) တွက်ပြီးပေးတယ်။ ကျွမ်းကျင်ကြေး A အဆင့်က ကျပ် တစ်သိန်း ရတယ်ဆိုရင် ရက်သုံးဆယ်နဲ့ စားပြီး ရက် ၂၀ အတွက် ပဲ ပေးတာ။ A အဆင့်က ၁၀၀၀၀၀ ရရင် ၆၀၀၀၀ လောက်ပဲ ရတော့တယ်။” လို့ အလုပ်သမားတွေက ပြောပါတယ်။
 
WHN Garment အထည်ချုပ်စက်ရုံမှာ အလုပ်သမား ၅၀၀ ဝန်းကျင်လုပ်ကိုင်နေပြီး ET VOUS, PROMOD, CALLOPE,PUNT တံဆိပ် အထည်တွေ ချုပ်နေတယ်လို့ မြန်မာနိုင်ငံကုန်ထုန်နှင့်စက်မှုလက်မှုအလုပ်သမားများအဖွဲ့ချုပ် IWFM ဆီက သိရပါတယ်။ စက်ရုံဘက် က ကျွမ်းကျင်ကြေးကို ပိတ်ရက်အတွက် ဖြတ်တောက်ပေမဲ့ အလုပ်သမားတွေရဲ့ နေထိုင်စားသောက်စာရိတ်တွေက ရပ်တန့်မရလို့ အခက်အခဲတွေ ဖြစ်ပေါ်နေတယ်လို့။
 
“အလုပ်သမားတွေက ရတဲ့ လုပ်ခလစာနဲ့ တောင် မလောက်လို့ အကြွေးတွေနဲ့၊ သင်္ကြန် ၁၀ ရက်တွက် ကျွမ်းကျင်းကြေး နုတ်တော့ ပိုခက်ခဲတာပေါ့။ ပိတ်ရက်မို့ အဆောင်ခကို မပေးဘူးလို့ ပြောမရဘူးလေ။ စားဖို့လည်း အတူပဲ ရပ်ထားလို့မှ မရဘူး.” လို့ အလုပ်သမားတွေက ပြောပါတယ်။
 
WHN Garment စက်ရုံက ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ ‌ရွှေလင်ဗန်းစက်မှုဇုန် ၂ ၊ ဆရာစံလမ်းမှာ လုပ်ငန်းလုပ်ကိုင်နေပြီး စက်ရုံပိုင်ရှင်ကတော့ တရုတ် နိုင်ငံသားဖြစ်ပါတယ်။

Related posts

Cover
လှည်းကူးတွင် စက်ရုံဖယ်ရီ နှင့် မီနီဘတ်စ် ယာဉ်တိုက်မှုကြောင့် ၄ ဦး သေ၊ ၃၂ ဦး ဒဏ်ရာရ
Feb 03, 2026
Cover
CDM ဝန်ထမ်းများကို အမည်ပျက်စာရင်းမှ ပယ်ဖျက်ပေးမည်ဟု စစ်ကော်မရှင်ဆို
Feb 02, 2026
Cover
Baisheng ဖိနပ် စက်ရုံ ဖူလုံရေးကြေး ပေးသွင်းခွင့်မပေး၊ ကိုယ်ဝန်ဆောင် အလုပ်သမားများ အခွင့်အရေး ဆုံးရှုံး
Feb 02, 2026
Cover
Dong long အထည်ချုပ်စက်ရုံလုပ်ငန်းခွင်တွင် ခြိမ်းခြောက် ဆဲဆိုမှုများနှင့် ကြုံနေရ
Feb 01, 2026
Cover
Lucky Top Myanmar အထည်ချုပ်စက်ရုံ ဖိအားပေး အချိန်ပို ဆင်းခိုင်း
Feb 01, 2026
Cover
စက်မှုဇုန်များကို လျှပ်စစ်မီတာခ တစ်ယူနစ် ၉၀၀ ကျပ်သို့ တိုးမြှင့်ကောက်မည်
Jan 31, 2026
Cover
ETERNAL FASHION CO.,Ltd အထည်ချုပ်စက်ရုံ ပိတ်သိမ်း
Jan 31, 2026
Cover
LITA MYANMAR အထည်ချုပ် ခွင့်မဲ့ သတ်မှတ် အလုပ်ထုတ်နေ
Jan 31, 2026