NEWS

WAN HE SHUO FASHION အလုပ်သမားများ အချိန်ပို ညလုံးပေါက် အခမဲ့လုပ်ပေးရ

CoverLogo
554 Views
 
ရန်ကုန်မြို့၊ အင်းစိန်မြိုနယ်၊ ရွှေပြည်သာစက်မှုဇုန် (၃) ၊ ဦးဖိုးလှိုင်လမ်းနဲ့ မင်းကြီးမဟာ မင်းခေါင် လမ်းဒေါင့် WAN HE SHUO FASHION Co;Ltd အထည်ချုပ်စက်ရုံက အချိန်ပိုကြေးမပေးဘဲ ညလုံးပေါက် လုပ်ကိုင် ခိုင်းခဲ့တယ်လို့
 
သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ် STUM ကို အလုပ်သမားတွေက ပြောပါတယ်။ မနေ့ (ဧပြီ ၃၀ရက်) ညနေ ၄ နာရီလောက်မှာ အချိန်ပို ဆင်းခိုင်းပြီး အချိန်ပိုခ ပေးမှာ မဟုတ်ဘူးလို့ စက်ရုံမန်နေဂျာ ဒေါ်ခင်မြတ်သူနဲ့ HR မန်နေဂျာတို့က ပြောခဲ့တာလို့ အလုပ်သမားတွေက ပြောပါတယ်။
 
စက်လိုင်း ၇ လိုင်းလုံးက အကူအလုပ်သမားတွေနဲ့ နေ့စားအလုပ်သမားတွေ ချဉ်မွှေးညှပ်တာ မပြီးတာကြောင့် ထုတ်ပိုးဌာနက အလုပ်သမားအားလုံး အချိန်ပို မိုးအလင်း ဆင်းရမှာ ဖြစ်ပြီး အဲဒီအတွက် လုပ်ခ မပေးဘူးဆိုပြီး ပြောဆိုခဲ့တာလို့ အလုပ်သမားတွေက ပြောပါတယ်။
 
ဒါ့အပြင် အကူအလုပ်သမားတွေနဲ့ နေ့စားအလုပ်သမားတွေကို အထည်စံချိန်မပြည့်လို့ဆိုပြီး လိုင်းစူပါတွေက ဆဲဆိုခိုင်းစေ ခဲ့တယ်လို့လည်း ပြောပါတယ်။
 
WAN HE SHUO FASHION စက်ရုံဟာ Ticket ကြေး စက်ရုံဖြစ်ပေမဲ့ အထည်စံချိန် မတန်တဆတောင်းသလို အော်ဟစ်ဆဲဆိုခိုင်းစေတာတွေ နေ့စဉ်ပြုလုပ်နေတဲ့အပြင် တနင်္ဂနွေ ပိတ်ရက်တွေမှာ အချိန်ပိုလုပ်ခ မပေးဘဲ အခမဲ့နဲ့ ပယ်ပြင်ပေးရတယ်လို့လည်း အလုပ်သမားတွေက ပြောဆိုပါတယ်။
 
WANHESHUOFASHIONCo;Ltd စက်ရုံမှာ အလုပ်သမား ၆၀၀ ဝန်းကျင်လုပ်ကိုင်နေပြီး Sinsay အမှတ်တံဆိပ် ချုပ်လုပ်နေတဲ့ စက်ရုံဖြစ်တယ်လို့ သိထားပါတယ်။

Related posts

Cover
Denko Petrochemical Management ကုမ္ပဏီ ခွင့်မပေးဘဲ ဥပဒေ ချိုးဖောက်
Jan 15, 2026
Cover
Chi Mei အထည်ချုပ် QR မန်နေဂျာ မှာ အတင်းအကျပ် အချိန်ပိုဆင်းခိုင်း
Jan 15, 2026
Cover
"မတရားသဖြင့် အလုပ်ထုတ်ခံရမှုအပေါ် မူလရာထူးဖြင့် အလုပ်ပြန်လည်ရရှိရေး ရင်ဖွင့်တိုင်ကြားစာ"
Jan 14, 2026
Cover
Grand Forest အထည်ချုပ် လုပ်သားများ တောင်းဆိုမှု ၆၀ ရာခိုင်နှုန်းဝန်းကျင်သာ ပြည့်ဝ ဟုဆို
Jan 14, 2026
Cover
Golden Five Myanmar အထည်ချုပ် လုပ်သားများ တောင်းဆိုမှု ပြီးဆုံး
Jan 14, 2026
Cover
အွန်လိုင်းမှ အလုပ်ခေါ်စာ တွေ့ပြီး ကမ္ဘောဒီးယားသို့ တရားမဝင်သွားမည့် မြန်မာ ၁၆ ဦး ထိုင်းတွင် အဖမ်းခံရ
Jan 12, 2026
Cover
Golden Five Myanmar အထည်ချုပ် လုပ်သား ၃၀၀ ကျော် တောင်းဆိုမှု ပြုလုပ်နေ
Jan 12, 2026
Cover
လုံခြုံရေးအခြေအနေတွေ ကြုံတွေ့ရလို့ STUM နှစ်ချုပ်အစီရင်ခံစာ ၁၀ လစာအတွက်သာ မှတ်တမ်းတင်နိုင်
Jan 11, 2026