NEWS

W & F အထည်ချုပ်စက်ရုံ အချိန်ပို အလွန်အကျွံ ခိုင်းစေ

CoverLogo
233 Views
 
ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှုဇုန်တွင် ရှိသော W & F အထည်ချုပ်စက်ရုံမှာ အချိန်ပို အလွန်အကျွံ ခိုင်းစေနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ စက်ရုံဘက်က ည ၉ နာရီနဲ့ အောင်လင်းတွေ ခိုင်းစေနေတာလို့ အလုပ်သမားတွေက ပြောပါတယ်။
 
“ အချိန်ပိုတွေခိုင်းရင် ၉ နာရီအထိဆို ၆ နာရီမှာ အနားပေးတယ်။ အော်လင်းဆို ည ၇ နာရီမှာ အနားပေးတယ်။ နာရီဝက် နားပေးတယ်။ ၉ နာရီဆိုပြီး အောလင်းလင်းဆင်းခိုင်းရင် ထမင်းထွက်မစားတော့ဘဲနေတဲ့ အလုပ်သမားတွေ အငတ်ခံရတာ။ အဆင်မပြေဘူးပေါ့” လို့ ပြောပါတယ်။
 
စနေနေ့ အောလင်းခိုင်းစေခဲ့ ၃ ပတ်ရှိပြီး မတ် ၂၁ ရက်မှာတော့ ည ၉ နာရီအထိ ခိုင်းစေခဲ့တယ်လို့ အလုပ်သမား တွေက ပြောပါတယ်။ မြန်မာနိုင်ငံရဲ့ အလုပ်သမားဥပဒေအရ အလုပ်ချိန် ၅ နာရီ ဆက် လုပ်ကိုင်ခိုင်းပြီး နာရီဝက် ပေးနားဖို့ နဲ့ အချိန်ပိုကို တစ်ပတ် နာရီ ၂၀ ပဲ ခိုင်းစေဖို့ ပြဌာန်းထားတာပါ။
 
“စနေနေ့ အောလင်းဆင်းဖို့ စက်ရုံက WCC ကိုယ်တိုင်က လက်မှတ်ထိုးပြီး ကိုယ်တိုင်အလုပ်ဆင်းကြတယ်။ အချိန်မဆင်းလိုဘူးဆိုရင် ညီမတို့က ဘယ်သူကို သွားပြောရမလဲ” လို့ ပြောပါတယ်။
 
W & F Group Co., Ltd အထည်ချုပ်စက်ရုံက ၁၉၅၁ ခုနှစ်၊ အလုပ်ရုံများအက်ဥပဒေ ပုဒ်မ ၅၉၊ ၆၃၊ ၆၄၊ ၇၁ တွေကို ချိုးဖောက်ခဲ့ပြီး ပုဒ်မ ၈၅ နဲ့ တရား စွဲမယ်လို့ ၂၀၂၃ ခုနှစ်မှာ ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ဖူးပါတယ်။
 
W & F Group Co., Ltd ကုမ္ပဏီပိုင် အထည်ချုပ် စက်ရုံဟာ တရုတ်နိုင်ငံသားပိုင်ဖြစ်ပြီး စက်ရုံကတော့ ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ ဝါးတရာ စက်မှုဇုန်၊ သိမ်ချောင်းလမ်းမှာ ရှိပါတယ်။ လုပ်သားအင်အား ၈၀၀ ဝန်းကျင်နဲ့ လုပ်ငန်း လည်ပတ် နေတယ်လို့ Myanmar Labour News ရဲ့ အချက်အလက်တွေအရ သိရပါတယ်။

Related posts

Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026
Cover
Myanmar Zhen Xiang Garment တပတ် နာရီ ၂၀ ကျော် အချိန်ပိုဆင်းခိုင်း ဖယ်ရီမပေးဘဲ ဆဲဆို
Jun 07, 2026
Cover
Casico Garment တွင် နှစ်လုံးရောင်းချသူ ဖုန်းအား မသိမ်းဘဲ၊ အလုပ်သမား ဖုန်း အားလုံး သိမ်းဆည်း
Jun 07, 2026
Cover
Saifeom International အထည်ချုပ် လျှစ်စစ် အန္တရာယ်နှင့် ကြုံတွေ့နေရ
Jun 07, 2026