NEWS

Vince Myanmar ဖိနပ်စက်ရုံတွင် တောင်းဆိုမှု ပြုလုပ်၊ ညှိနှိုင်းပြီး အဆင်ပြေ

CoverLogo
643 Views
 
ကြိုပို့ယာဉ်ခ ပေးချေရေးနဲ့ ပတ်သတ်ပြီး Vince Myanmar ဖိနပ်စက်ရုံ အလုပ်သမားတွေက လုပ်ငန်းခွင် မဝင်ဘဲ တောင်းဆိုမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။ ဒီလို တောင်းဆိုမှုတွေက အောက်တိုဘာ ၇ ရက်ကတည်းက စတင်ခဲ့တာ ဖြစ်ပြီး လက်ရှိ ညှိနှိုင်းမှုတွေ ပြုလုပ်နေတယ်လို့ တောင်းဆိုမှုမှာ ပါဝင်နေသူ အလုပ်သမားတဦးက ပြောပါတယ်။
 
“စက်ရုံဘက်က ကြိုပိုခတောင်းတယ်။ စက်ရုံဘက်က တဝက်၊ ကြိုပို့စီးတဲ့ အလုပ်သမားတွေက တဝက်ဆိုပြီး သဘောတူ ထားတာ။ အဲ့ဒါ ၃ ရက်နေ့က ယာဉ်မောင်းတွေဘက်က ၆ သောင်းတောင်းတယ်။ အဲ့ဒါကို စက်ရုံဘက် တယောက် ၄ သောင်းတောင်းတယ်။ ဒါတင်မဟုတ်ဘူး အခုလစာထုတ်တော့ တောင်းတာ။ အလုပ်သမားတွေလည်း ပေးစရာရှိတာ ပေးပြီးဆိုတော့ အဲ့ဒီယာဉ်စီးခ ပေးဖို့က မရှိတော့ဘူး။ ဒါကို စက်ရုံဘက်က သူတို့စိုက်ထားမယ်။ နောက်လစာမှာ နှစ်လစာ ဖြတ်မယ်ဆိုပြီး ပြောတာ။ ဒါကို မဖြတ်ဖို့ တောင်းဆိုတာပါ” လို့ ပြောပါတယ်။
 
လုပ်ငန်းခွင် တောင်းဆိုမှုကို စက်ရုံ ထမင်းစားဆောင်မှာ ပြုလုပ်နေပြီး အလုပ်သမား ၂၀၀ ဝန်းကျင် ပါဝင်နေပေမဲ့ စက်လိုင်းထဲက စူပါတွေ၊ လီတာတွေတော့ ပါဝင်တာမရှိဘူးလို့ သိရပါတယ်။ တောင်းဆိုမှုအတွက် နှစ်ဖက် ညှိနှိုင်းမှုတွေပြုုလုပ်ခဲ့ပြီးနောက် နှစ်ဖက် သဘောတူညီမှု ရခဲ့တယ်လို့လည်း အလုပ်သမားတဦးက ပြောပါတယ်။
 
“အဆင်ပြေတာကတော့ ၉ လပိုင်းအတွက် မပေးရတော့ဘူး။ အခုလအတွက်တော့ တယောက်ကို တသောင်းခွဲ ပေးရမယ်။ ကျန်တာကို စက်ရုံဘက်က စိုက်မယ်လို့တော့ ပြောတယ်။ အဲဒါကို မနက်ဖြန်မှာ အလုပ်သမားရုံး ကလူတွေ ရှေ့မှာ စာချုပ်မယ်လို့တော့ကြားတယ်။ အဲလိုပါ” လို့ အလုပ်သမားတဦးက ပြောဆိုပါတယ်။
 
Vince Myanmar စက်ရုံကတော့ မြေကွက်အမှတ်(၂)၊ မြေတိုင်းရပ်ကွက်အမှတ်-၁၆၆၊ တောင်ဒဂုံမြို့နယ်၊ ရန်ကုန်တိုင်းမြို့မှာ ဖြစ်ပြီး ရာနှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနဲ့ စက်ရုံဖွင့်လှစ်ထားတယ်လို့ DICA အချက်အလက်တွေအရ သိရပါတယ်။
 

Related posts

Cover
Myanmar Handsome မန်နေဂျာ လုပ်အားခ ခေါင်းပုံဖြတ်
Aug 07, 2026
Cover
Yuan Hong Garment မှာ အပတ်တိုင်း အချိန်ပို ခိုင်းခွင့် အလုပ်သမားရုံး ဦးစီးမှူး ကိုယ်တိုင် ခွင့်ပြုပေးထား
Aug 07, 2026
Cover
New Zhoung Hui အထည်ချုပ် စနေ့နေ့ အလုပ်ဆင်းခိုင်းပြီး အချိန်ပိုကြေးမပေး
Aug 07, 2026
Cover
Jin chang Myanmar အထည်ချုပ် စံချိန်မရလို့ တနင်္ဂနွေပိတ်ရက်ပါ အလုပ်ဆင်းခိုင်း
Aug 05, 2026
Cover
Spring Moon Garment Co,Ltd အထည်ချုပ်လုပ်သားတွေ လုပ်ခတိုးမြှင့်ပေးရန်တောင်းဆိုနေ
Aug 05, 2026
Cover
SHWE MYINN စက်ရုံ အချိန်ပို မဆင်းနိုင်ပါက အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Aug 05, 2026
Cover
Victory Myanmar အထည်ချုပ် အချိန်ပို မနက် ၃ နာရီအထိ တစ်ပတ် လေးရက် ခေါ်ခိုင်း
Aug 05, 2026
Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026