NEWS

Victory Fishion အထည်ချုပ် အချိန်ပို တလ နာရီ ၁၀၀ ကျော် လုပ်ကိုင် ရ

CoverLogo
261 Views
 
Victory Fishion Co.,Ltd (Myanmar Huasheng Kefu Fashion Co.,ltd)အထည်ချုပ်စက်ရုံက တနင်္ဂနွေ နားရက်တွေပိတ်မပေးတဲ့ အပြင် အောနိုက် အချိန်ပိုလုပ်ကိုင်ရလို့ တလ အချိန်ပို နာရီ ၁၂၀ နီးပါး လုပ်ကိုင်နေရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“အချိန်ပိုကို အလုပ်သမားရုံးက ခွင့်ပြုတယ်ပြောတာပဲ။ တစ်နေ့ကို ၃နာရီ အပြင် ညနက် ၁၂ မနက် ၃ နာရီတွေ လုပ်နေရတယ်။ အလုပ်သမားတွေ ကျန်းမာ ရေး ထိခိုက်မှုတာလည်း များလာပြီ” လို့ ပြောပါတယ်။
 
အောလင်း အောနိုက် အချိန်ပို တပတ် ၄ ရက်အထိ ဆင်းပေးရပြီး မဆင်းနိုင်လို့ ငြင်းပါကလည်း ခေါင်းဆောင်တွေက ပြောဆိုတယ်လို့ သိရပါတယ်။ အလုပ်ရုံနဲ့ အလုပ်သမားဥပဒေစစ်ဆေးရေး ဦးစီးဌာနက အချိန်ပိုလုပ်ကိုင်ဖို့ကို တပတ်ကြိုတင်ခွင့်ပြုချက်ယူဖို့၊ အလုပ်သမားတွေရဲ့ သဘောတူညီချက်ယူဖို့နဲ့ တပတ်အချိန်ပို နာရီ ၈၀ ပဲ ခွင့်ပြုတဲ့ အကြောင်း ၂၀၂၂ ခုနှစ်မှာ ထုတ်ပြန်ထားပါတယ်။
 
“အိပ်ရေး ပျက်တာများလို့ မဆင်းနိုင်လို့ မဆင်းပေးရင်လဲ ခေါ်ပြော ခံရတယ်။ အချိန်ပိုအိုတီဘာလို့ မဆင်းနိုင်တာလဲ၊ အကုန်လုံးအတူတူပဲ၊ နင်တို့ကွက်ပြီး ပင်ပန်းနေတာ လားနဲ့ပြောတာ၊ တစ်လကို အချိန်ပို နာရီပေါင်း ၁၂၀ အထိလောက်ဆင်းတယ်။ “ လို့ ပြောပါတယ်။
 
အချိန်ပိုဆင်းရလို့ အဆာပြေ စားစရာ မုန့် ဆောင်ထားတာကို တွေ့ပါက EC စာချုပ်အတိုင်း ဆောင်ရွက်မှုမရှိဘဲ အလုပ်ကနေ တကြိမ်တည်းနဲ့ အလုပ်ထုတ်တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ EC စာချုပ်အရ အလုပ်သမားတွေစည်းကမ်းဖေါက်ဖျက်ပါက သတိပေးမှု သုံးကြိမ် ပြုလုပ်ရမှာ ဖြစ်ပါတယ်။
 
“ အချိန်ပိုအိုတီ မတရားဆင်းရလို့ နေထိုင်မကောင်းဖြစ်လို့ ခွင့်တိုင်လည်း ခွင့်မရဘူး၊ အလုပ်တစ်ရက်ပျက်တာနဲ့ ဒေးကြေး ၁၁,၀၀၀၊ ရက်မှန်ကြေး ၂၅၀၀၀ အဖြတ်ခံရတယ်။ အရေးပေါ်ကိစ္စရှိလို့ ဂိတ်ပါတ် တစ်ခါယူတာနဲ့ ရက်မှန်ကြေး ၅၀၀၀ ထပ်ဖြတ်ခံရတယ်” လို့ အလုပ်သမားတဦးက ပြောပါတယ်။
 
လုပ်ငန်းခွင်ထဲ စစ်ဆေးရေးဝင်ရောက် တဲ့ နေ့တွေနဲ့ လုပ်ငန်းခွင်ချိုးဖောက်မှု သတင်းတွေ လူမှုကွန်ရက်မှာ ဖော်ပြတဲ့ နေ့တွေမှာ အလုပ်သမားတွေကို စက်ရုံဘက်က အောလင်းဆင်းခိုင်းပြီး အထီမဲ့မြင် ပြုလုပ်တယ်လို့လည်း အလုပ်သမားတွေက ပြောပါတယ်။ ၊
 
စက်ရုံဘက် အလုပ်သမား ၄၀ ဝန်းကျင် စက်လိုင်းကို အထည် ၅၀ ရဖို့ အောစူပါ၊ စူပါတွေက ဆဲဆိုခိုင်းစေတယ်လို့လည်း ပြောထားပါတယ်။
 
Victory FishionCo.,Ltd အထည်ချုပ်စက်ရုံက ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ မြစိမ်းရောင်စက်မှူဇုန် မြခေတ္တာလမ်းမှာ ဖွင့်လှစ် ထားတဲ့ တရုတ်နိုင်ငံသားပိုင် စက်ရုံဖြစ်ပါတယ်။ လက်ရှိ အလုပ်သမား ၈၀၀ ကျော်နဲ့ Sinsay, Encentro တံဆိပ်အထည်တွေချုပ်နေပါတယ်။

Related posts

Cover
Myanmar Handsome စက်ရုံ အချိန်ပို အတင်းကျပ် ဆင်းခိုင်း
Jun 25, 2026
Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026
Cover
စုပေါင်းတောင်းဆိုနေသည့် အလုပ်သမားများအား Max Technology  စက်ရုံ အတွင်း ဝင်ခွင့်မပေး
Jun 24, 2026
Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026