NEWS

Universal Apparel အထည်ချုပ်စက်ရုံအလုပ်သမားများ အလုပ်သမားအခွင့်အရေးချိုးဖောက်ခံနေရ

CoverLogo
912 Views

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ ငွေပင်လယ်စက်မှုဇုန်၊ အမှတ်(၆)တွင်ဖွင့်လှစ်ထား သော Universl Apparel Co, ltd အထည်ချုပ်စက်ရုံက အလုပ်သမားတွေဟာ အလုပ်သမားအခွင့်အရေးချိုးဖောက်ခံနေရတယ်လို့ စုံစမ်းသိရှိရပါတယ်။ 

အဆိုပါစက်ရုံဟာ အလုပ်သမား ၁၂၀၀ ကျော်ဖြင့် ကုန်အမှတ်တံဆိပ် SFERA MAN၊ PRONTO UOMO တံဆိပ်များဖြင့် ရှပ်အင်္ကျီများချုပ်လုပ်နေတဲ့ ကိုရီယားနိုင်ငံသားပိုင် စက်ရုံတစ်ရုံဖြစ်ပါတယ်။ 

" အလုပ်ချိန်က မနက် ၇ နာရီခွဲကနေ  ညနေ၆နာရီ၁၀မိနစ် ထိပုံမှန်အလုပ်အချိန်။ အချိန်ပိုကမဖြစ်မနေမို့ဆင်းရမယ်ဆိုပြီးခေါ်ရင် ည၉နာရီအထ်ိ။  ထမင်းစားချိန်ကို၄၀မိနစ်ပဲပေးတယ်။အထည်တွေအရေးကြီးတယ်ဆိုပြီး ညဘက်(၈း၀၀)နာရီက  (၉း၀၀)နာရီအထိကို နားချိန်မရှိ အချိန်ပိုအိုတီခေါ်တယ်။ အချိန်ပိုအိုတီမဆင်းတဲ့အလုပ်သမားဆိုရင် ဆဲဆိုတာ ရိုင်းစိုင်းစွာပြောဆိုတာ​တွေ ၊ ခွဲခြားဆက်ဆံတာတွေ  စိတ်ဒုက္ခပေးတာပေါ့" လို့ သိရပါတယ်။ 

စက်လိုင်း တစ်လိုင်းကိုလူဦး‌ရေ(၄၀)ဦးရှိပြီး အထည်စံချိန်ကိုတစ်နာရီကို ၅၀အထိ‌တောင်းခံကာ  တောင်းခံသောအထည်စံချိန်မရရင် စူပါ၊ အောစူပါတွေက ရိုင်းစိုင်းစွာပြောဆိုခြင်း၊ ဆဲဆိုခြင်း များကိုလုပ်ငန်းခွင်ထဲတွင် နေ့စဉ်နဲ့အမျှပြုလုပ်သလို အလုပ်သမားများခံစာခွင့်ရှိသော ရှောင်တစ်ခင်ခွင့်ယူရာမှာလည်း လုပ်သက်နှစ်အတော်ကြာနေသော် လည်းတစ်ခါမှခွင့်ယူလို့မရသလို ခွင့်မပေးခြင်း၊  လူမှုဖူလုံရေး ဆေးခွင့်ယူလျင်လည်း ပြောဆိုခံရတယ်လို့ သိရပါတယ်။

အလုပ်သမားများခွင့်မရလို့  အလုပ်တစ်ရက်ပျက်လျင်  ဒေးကြေး(၆၀၀၀)ကျပ်၊ ထောက်ပံ့ကြေး(၁၀၀၀)ကျပ်၊ ရက်မှန်ကြေးရှေ့တစ်ရက်ပြတ်လျင်(၁၀၀၀၀)ကျပ်၊ လတစ်ဝက်မှာနောက်တစ်ရက်ပျက်ရင် (၂၀၀၀၀)ကျပ် အဖြတ်ခံရခြင်း‌‌ကြောင့် နစ်နာမှုများရှိနေတာဖြစ်တယ်လို့ ပြောပါတယ်။ 

အဆိုပါစက်ရုံမှာ အလုပ်သမားသမဂ္ဂမရှိဘဲ wcc ရှိသော်လည်းအလုပ်ရှင်ဘက်မှ စိတ်ကြိုက်ရွေးချယ်ဖွဲ့စည်း ထားတဲ့အတွက် လုပ်ငန်းခွင်ထဲတွင် အလုပ်သမားများနှင့် ပတ်သတ်ပြီးမည်သည့်ကိစ္စမှ ဆွေးနွေးပေးခြင်း မရှိပဲ အလုပ်ရှင်ပြောတာကိုသာ လိုက်လံလုပ်ဆောင်နေရခြင်းဖြစ်တယ်လို့ရပါတယ်။ 

ဒါ့အပြင် အလုပ်သမားများအတွက် ဆေးခန်းထားပေးထားသော်လည်း ဆေးခန်းက အမြဲတမ်းဆေးမရှိခြင်း၊ ၁၄နှစ်၁၅နှစ်ကလေးလုပ်သားတွေကိုလည်း ခိုင်းစေနေခြင်း ကျန်းမာရေးကောင်းမွန်ကြောင်း ဆေးလက်မှတ်မပါဘဲ လူကြီးအလုပ်သမားများနှင့် တန်းတူခိုင်းစေနေခြင်းစတဲ့ ချိုးဖောက်မှုတွေအတွက် အလုပ်သမားတွေဟာ အလုပ်မားများတောင်းဆိုချက် ထုတ်ပြန်ထားပါသေးတယ်။

အလုပ်သမားတွေဟာ ၁။ အလုပ်ရှင်ဘက်မှ အလုပ်သမားများ ခံစားခွင့်ရှိသော ရှောင်တခင်ခွင့်ကိုပေးရန်။
၂။ အလုပ်ရှင်ဘက်မှ အလုပ်သမားများကို အချိန်ပိုအိုတီကို ဖိအားပေးပြီး ဆင်းခိုင်းခြင်းမပြုလုပ်ရန်။
၃။ အလုပ်ရှင်ဘက်မှ ရွေးချယ်ထားသော wccမဟုတ်ပဲ အလုပ်သမားများမှ မဲပေးပြီးရွေးချယ်ထားသော WCC ကို ထားရှိရန်။
၄။ အလုပ်ရှင်ဘက်မှ အလုပ်သမားများချုပ်လုပ်နိုင်သော အထည်စံချိန်ကိုတောင်းခံရန်နဲ့ 
၅။ အောစူပါ၊ စူပါများမှ အလုပ်သမားများကို ဆဲဆိုခြင်းစတဲ့တောင်းဆိုချက် ၅ချက်ကိုပါ တောင်းဆိုထားတယ်လို့လည်း သိရပါတယ်။


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026