NEWS

UA Electronic Co.,Ltd စက်ရုံမှာ လုပ်ခလစာ တိုးမြှင့်ရေး တောင်းဆိုမှု ပြုလုပ်

CoverLogo
723 Views
 
ရန်ကုန်တိုင်း၊ ကျောက်တန်းမြို့နယ်၊ သီလဝါပြည်တွင်းစက်မှု့ဇုန်မှာ လျှပ်စစ်ပစ္စည်းတွေ ထုတ်လုပ်တဲ့ စက်ရုံအလုပ်သမားတွေ လုပ်ခလစာ တိုးမြှင့်ရေးတောင်းဆိုနေတယ်လို့ သိရပါတယ်။ ဒီကနေ့ မေလ၁၇ရက် နေ့လည်ပိုင်းမှာ စက်ရုံအတွင်းမှာ စတင် တောင်းဆိုမှုတွေ ပြုလုပ်ခဲ့လို့ အလုပ်သမားတွေက Myanmar Labour News ကို ပြောပါတယ်။
 
"အဓိကတောင်းဆိုတာက ဒေးကြေး ၅၃၀၀၊ထောက်ပံကြေး ၂၀၀၀ ၊ အိုတီကြေး ၁၈၀၀ ကို ၊ ဒေးကြေး ၇၀၀၀ ၊ ထောက်ပံကြေး ၂၀၀၀ ၊ စုစုပေါင်း ဒေးကြး ကျပ် ၉၀၀၀ နဲ့ အိုတီကြေး ၂၀၀၀ တိုးပေးဖို့ တောင်းဆိုတာပါ။ နောက်တခုက စက်ရုံက စကားပြန်က စက်ရုံဝန်ထမ်းတွေ အပေါ်မောက်မာ ရိုင်းစိုင်းပြောဆိုတာ ၊ စည်းကမ်း အရမ်းတင်းကြပ်လွန်းတာတွေအတွက် တောင်းဆိုခဲ့တာပါ။ ခုချိန်ထိတော့ ညှိနှိုင်းတုန်းပါ။” လို့ အလုပ်သမားတဦးက ပြောပါတယ်။
 
လက်ရှိ စက်ရုံဘက်က ပေးတဲ့ ဒေးကြေး၊ထောက်ပံ့ကြေး၊အချိန်ပိုကြေးတွေက လုပ်သက် ၃ လပြည့်သူတွေပဲ ရရှိပြီး ၃ လမပြည့်တဲ့ အလုပ်သမားတွေကတော့ ဒေးကြေး ၄၈၀၀၊ ထောက်ပ့ကြေး ၂၀၀၀ နဲ့ အိုတီကြေး တနာရီ ၁၅၀၀ ပဲ ရရှိတယ်လို့ ပြောပါတယ်။
 
စက်ရုံကတော့ တရုတ်နိုင်ငံသားပိုင် စက်ရုံဖြစ်ပြီး စကားပြန် အမျိုးသမီးက အလုပ်သမားတွေကို အပေါ် မောက်မာရိုင်းစိုင်းစွာဆက်ဆံတာတွေ ပြောင်းလဲပေးဖို့ အခုလို တောင်းဆိုနေတယ်လို့ အလုပ်သမားတွေကပြောပါတယ်။
 
“တရုတ်စကားပြန်တွေက ဆိုးပါတယ်ရှင့်။ ညီမအလုပ်ဝင်ခဲ့တုန်းက စကားပြန်၄ယောက်နဲ့ အလုပ်လုပ်ခဲ့တာ ဘာပြဿနာမရှိခဲ့ဘူး။ သူတို့ထွက်သွားပြီး ဝင်လာတဲ့ တစ်ယောက်က စက်ရုံအလုပ်သမားတွေတွေအပေါ်ရိုင်းစိုင်းမောက်မာစွာဆက်ဆံပါတယ်။ သူလည်း မိန်းကလေးပါ။
 
ဒါကြောင့် စကားပြန်တွေက အလုပ်သမားတွေအပေါ် နိုင့်ထက်စီးနင်း မလုပ်ဖို့ပါတောင်းဆိုရတာပါ။” လို့ အမျိုးသမီးလုပ်သားတဦးက ပြောပါတယ်။
 
UA Electronic Co.,Ltd စက်ရုံမှာ လုပ်သား ၃၀၀ ဝန်းကျင်ရှိပြီး အခု တောင်းဆိုမှု့မှာ အလုပ်သမား အားလုံး ပါဝင်နေတယ်လို့ အလုပ်သမားတွေက ပြောကြားထားပါတယ်။

Related posts

Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026
Cover
Dongxin Garment Co, Ltd လုပ်ခတိုးပေးရန်တောင်းဆိုမှု အလုပ်ရှင်အလုပ်သမား ဒုတိယအကြိမ် စာချုပ်ချုပ်ဆို
May 30, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အထည်စံချိန်မပြည့်ပါက အလုပ်ထုတ်မည်ဟု နို့တစ်ကပ်
May 30, 2026
Cover
FM (1) အထည်ချုပ်စက်ရုံ သတ်မှတ်လစာ လျှော့ပေး
May 30, 2026
Cover
YST Co.,Ltd အထည်ချုပ် မန်နေဂျာမှ အထည်မရလို့ ကိုယ်ထိလက်ရောက် ကျူးလွန် ခိုင်းစေ
May 29, 2026
Cover
New Zhong Hui အထည်ချုပ် အချိန်ပို မဆင်းလို့ အလုပ်ထုတ်နေ
May 29, 2026
Cover
Victory Myanmar အထည်ချုပ် အချိန်ပို စစ်ဆေးမှုကို တိမ်းရှောင်ခိုင်း
May 29, 2026
Cover
He MeT (2)Co.,Ltd စက်ရုံ အချိန်ပို လုပ်ခမပေးဘဲ ကိုယ့်စရိတ်နှင့်ကိုယ် လုပ်ကိုင်ပေးနေရ
May 29, 2026