NEWS

U BEAUTY CO,LTD ဆံပင်တု လုပ်ငန်းတွင် အကာအကွယ်မပြည့်စုံဘဲ လုပ်ကိုင်နေရ

CoverLogo
1K Views
 
ရန်ကုန်တိုင်းမြို့၊ လှိုင်သာယာမြို့နယ်၊ စက်မှုဇုန် (၅) ၊ ဧရာလမ်း မှာ ဖွင့်လှစ်ထားတဲ့ U BEAUTY CO,LTD ဆံပင်တုစက်ရုံမှာ လုပ်ငန်းခွင် အကာအကွယ် ပြည့်စုံမှုမရှိဘဲ လုပ်ကိုင်နေရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ ဒီ အန္တရာယ်ရှိတဲ့ လုပ်ငန်းကို စားဝတ်နေရေးအတွက် လုပ်ကိုင်နေရတာ ဖြစ်တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“လုပ်ငန်းခွင်ထဲမှာ အန္တရာယ် အရမ်းကို များတယ်။ ဆံပင်တွေကို ရေလျှော်ရတဲ့ နေရာမှာဆိုရင် တချို့ ဆံပင်တွေက အက်စစ်နဲ့ ဆေးရတယ်။ အဲလိုဆေးရင် အကယ်ဒမီ ချေးချွတ်ဆေးလိုမျိုး သုံးရတယ်။ လုပ်ငန်းသုံး အကာကွယ်ပစ္စည်းတွေကို သေချာ ပေးမထားပါဘူး။ လက်အိတ်ပေးတယ်၊ နာခေါင်းအုပ်ပေးတယ်၊ ဒါက လည်း ပါးတယ်။ မျက်မှန် မရှိဘူး။ ဆံပင်လျှော်တာနဲ့ အနံတွေ ရူရတယ် ၊ အန်တယ်။ မျက်စိတွေ စပ်တယ်။ လက်တွေဆို အရေခွံတွေ လန်တာတွေ ဖြစ်တယ်။ အရမ်းအန္တရာယ် များတယ်။” လို့ ပြောပါတယ်။
 
U BEAUTY CO,LTD ဆံပင်တု စက်ရုံကို တရုတ်နိုင်ငံသားပိုင်ဆိုင်ပြီး အလုပ်သမား (၃၀) ကျော်နဲ့ လည်ပတ်နေ တယ်လို့ သိရပါတယ်။ စက်ရုံ ဖွင့်လှစ်ထားတာ (၁) နှစ်နီးပါးရှိပြီး လုပ်ငန်းခွင်း သမဂ္ဂနဲ့ WCC ဖွဲ့စည်း ထားတာ မရှိဘူးလို့ အလုပ်သမားတွေက ပြောပါတယ်။
 
အလုပ်သမား (၃၀) ကျော်ထဲမှာ နေစားအလုပ်သမားက များပြီး အဲဒီ နေ့စားအလုပ်သမားတွေ (၂) လ လုပ်ကိုင် ပြီးပါက အမြဲတမ်းဝန်ထမ်းခန့်လိုမှ ခန့်ပြီး အကြောင်းပြချက် မရှိ အလုပ်ထုတ်တာတွေ ပြုလုပ်တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ နေ့စား အလုပ်သမားကို လစာ တစ်သိန်းခွဲသာ ပေးပြီး အမြဲတမ်းဝန်ထမ်း ဖြစ်သူတွေကို လစာ ကျပ်နှစ်သိန်းကနေ နှစ်သိန်းနှစ်သောင်း ပေးတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
လစာ စလစ် ထုတ်ပေးတာ မရှိသလို လူမှုဖူလုံရေးကြေး ပေးဆောင်ရတာလည်းမရှိဘူးလို့ အလုပ်သမားတွေက ပြောပါတယ်။ အလုပ်သမားတွေမှာ ခွင့်ရက် ခံစားခွင့် မရသလို့ စက်ရုံပိုင်ရှင် ကိုယ်တိုင် အုပ်ချုပ်လို့ အော်ဟစ် ပြောဆိုတာတွေလည်း ခံရတယ်လို့လည်း အလုပ်သမားတွေက ပြောကြားထားပါတယ်။

Related posts

Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026
Cover
STUM ဦးဆောင်သူ ဒေါ်မျိုးအေးရဲ့အယူခံဝင်မှုအား ပလပ်၊ ဒုတိယအကြိမ်အယူခံတင်မည်
Mar 31, 2026
Cover
Asdet Myanmar Garment .စက်ရုံ အထည်စံချိန်တိုးတောင်းပြီး ဖိအားပေး အတင်းအကျပ် ချုပ်ခိုင်း
Mar 31, 2026
Cover
Jinli Garment တိုင်ကြားလို့ ဆိုပြီး အလုပ်သမားများအား ခြိမ်းခြောက်
Mar 27, 2026
Cover
ဝါးတရာစက်မှုဇုန် ရှိ ပလတ်စတစ်စက်ရုံ မှ အလုပ်သမား ၁၈ ဦးခန့် ဓာတုအဆိပ်သင့်မှုဖြစ်ပွား
Mar 26, 2026
Cover
စုယုအိ အထည်ချုပ် စက်ရုံ ပြန်ချိန် သတ်မှတ်ချက်မရှိဘဲ အချိန်ပို ဆင်းခိုင်း
Mar 26, 2026