VIDEO

ချန်းရိ(Tsang Yih) ဖိနပ်စက်ရုံအလုပ်သမား တောင်းဆိုမှု အောင်မြင်စွာ ပြီးဆုံး

CoverLogo
924 Views

ချန်းရိ(Tsang Yih) ဖိနပ်စက်ရုံအလုပ်သမား တောင်းဆိုမှု အောင်မြင်စွာ ပြီးဆုံး

မေ ၁၉၊ ၂၀၂၅ Adidas

တံဆိပ် ဖိနပ်တွေ ချုပ်လုပ်နေတဲ့ ချန်းရိ Tsang Yih စက်ရုံလုပ်သားတွေ တောင်းဆိုထားတဲ့ အချက်တွေ အားလုံးနီးပါး လိုက်လျော အလုပ်သမားတွေရဲ့ တောင်ဆိုမှု အောင်အောင်မြင်မြင်နဲ့ ပြီးဆုံးခဲ့ပြီလို့ အလုပ်သမားတွေက ပြောပါတယ်။ “

ဒေးကြေးကို ၅၂၀၀ ကနေ ၆၀၀တိုးပေးပြီး ၅၈၀၀ ။ ထောက်ပံကြေးတိုးပေးတာ ၃၈၀၀ ပါ။ အစိုးရ ထောက်ပံကြေး ၂၀၀၀ ၊ ဆန်ဖိုးဆီဖိုးက ၄၀၀ ကို အရင်တိုင်းပေးမှာ ဆိုတော့ ဒေးကြေး စုစုပေါင်း ၁၂၀၀၀ ရသွားတာပေါ့။ ဒီမနက်တောင်းထားတဲ့ အချက်ငါးချက်ထဲက တောင်းဆိုမှု လုပ်တဲ့ ၇ ရက်ထဲက ၄ ရက်ကိုတော့ ဒေးကြး မရဘူး။ ဒါလေးပါပဲ။ ” လို့ အလုပ်သမားတွေက ပြောပါတယ်။ မေလ ၁၄ ရက်မှာ လုပ်ခ ဒေးကြေး တိုးမြှင့်ပေးဖို့ ချန်းရိ(Tsang Yih) ဖိနပ်စက်ရုံအလုပ်သမားတွေက အလုပ်ရုံအတွင်း စတင် တောင်းဆိုမှုတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

တောင်းဆိုမှု ပြုလုပ်ချိန်အတွင်း စက်ရုံဘက်က ဒေးကြေး ကျပ် ၉၀၀ တိုးပေးမယ်ဆိုပြီး သဘောတူစာချုပ် ချုပ်ဆိုခဲ့ပေမဲ့ အဲဒီ သဘောတူညီချက်ကို အလုပ်သမားတွေဘက်က လက်မခံနိုင်တာကြောင့် တောင်းဆိုမှုတွေ ဆက်လက်ပြုလုပ်ခဲ့ပါတယ်။ တောင်းဆိုမှုမှာ အလုပ်သမား ၆၀၀၀ ကျော်ပါဝင် ရက်ပေါင်း ၇ ရက်ကြာမြင့်ခဲ့တာ ဖြစ်ပါတယ်။

“ညီမတို့ အလုပ်သမားတွေ ဝမ်းသာနေ ကြ တယ်။ မနက် ၇ နာရီခွဲဆို အလုပ်ဝင်ကြတော့မှာ ။” လို့ အမျိုးသမီး အလုပ်သမားတဦးက ပြောပါတယ်။ ချန်းရိ(Tsang Yih) ဖိနပ်စက်ရုံမှာ အလုပ်သမား ၆၂၀၀ ကျော်လုပ်ကိုင်နေပြီး စက်ရုံကတော့ ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ အပြင်ပဒံရပ်ကွက်အနီး၊ အနော်ရထာစက်မှုဇုန်အပိုင်း ၂ မှာဖွင့်လှစ်ထားပါတယ်။ Adidas ဖိနပ်ချုပ်တဲ့ သာဓုကန်စက်မှုဇုန်က Myanmar Pon Chen စက်ရုံအလုပ်သမားတွေကလည်း ဒေးကြေးကျပ် ၁၃၀၀၀ တိုးမြှင့်ပေးဖို့ တောင်းဆိုထားပြီး ညှိနှိုင်းမှုပြုလုပ်နေတယ်လို့ သိထားပါတယ်။

 #MyanmarLabourNews #TsangYih


Related posts

Cover
Dishang Fashion (Myanmar) အောစူပါမှ ကိုယ်ထိလက်ရောက်ပြုလုပ်တဲ့ အပြင် အလုပ်ပါ အထုတ်ခံရ
May 23, 2026
Cover
T M A အထည်ချုပ် စက်ရုံ အချိန်ပို တပတ် နာရီ ၂၀ ကျော် လုပ်ကိုင်ခိုင်း
May 23, 2026
Cover
Shan Dong Jiayi အထည်ချုပ်စက်ရုံ အချိန်ပို မဆင်းလို့ လုပ်ခ လျှော့ပေး
May 23, 2026
Cover
Peak Outdoor Yangon စက်ရုံ မန်နေဂျာ ဝမ်တိန်အသုံးချ အဓမ္မအလုပ်ထုတ် ပြင်ပဆေးခန်းပြလို့ ဆေးခွင့်မပေးဘဲ ဝမ်တိန်ထိုးခိုင်း
May 21, 2026
Cover
Shwe Myinn Co.,Ltd Washing Fact စက်ရုံ လုပ်သားများအား ဌာနနေရာစုံ လုပ်ကိုင်ခိုင်း
May 21, 2026
Cover
နေရွှေဝင်းအထည်ချုပ်က အလုပ်သမား ၈၀ ကျော်ကို လုပ်ငန်းခွင်ပြန်ဝင်ဖို့နဲ့ နောက်ထပ်တောင်းဆိုမှု ၁ နှစ်အတွင်းမလုပ်ဖို့ထုတ်ပြန်
May 19, 2026
Cover
အလုပ်သမားပေးစာ LUCKYSKY BAGS Myanmar သန့်စင်ခန်းများ ပျက်စီး  သန့်ရှင်းပေးမှု အားနည်း
May 19, 2026
Cover
Joyful Myanmar Garment အမျိုးသမီး လုပ်သားများအား ပိတ်လိပ်ထမ်းခိုင်း
May 19, 2026