NEWS

True Green စက်ရုံ ဒေးကြေး ၈၀၀၀ ကျပ်သာ တိုးမြှင့်ပေးရန်သဘောတူညီမှုရ

CoverLogo
399 Views
 
ကုန်စျေးနှုန်းကြီးမြင့်လာတာကြောင့် စားဝတ်နေရေးကျပ်တည်းလာတဲ့အတွက် အနည်းဆုံးအခကြေးငွေ (၆၈၀၀) ကျပ်မှ ဒေးကြေး (၁၀၀၀၀) ကျပ်ရရှိရေး True Green စက်ရုံအလုပ်သမားတွေ တောင်းဆိုခဲ့ရာမှာ ဒေးကြေး ၈၀၀၀ ကျပ်ပေးဖို့ သဘောတူခဲ့ရတယ်လို့သိရပါတယ်။
ရွှေပြည်သာမြို့နယ် ဝါးတရာစက်မှုဇုန်မှာ ဖွင့်လှစ်ထားတဲ့ True Green Co.,Ltd ကော်စေ့ စက်ရုံမှာ အလုပ်သမားတွေအနေနဲ့
၁။ ဒေးကြေး (၁၀၀၀၀ ကျပ်) အထိတိုးမြှင့်ပေးရန်။
၂။ ရက်မှကြေး (၃၀၀၀၀ ကျပ်)ကိုလဲ ရှေ့ ၁၅ ရက်ပျက်လျှင် (၁၅၀၀၀ ကျပ်) နောက် ၁၅ ရက်တွင်ပျက်လျင် (၁၅၀၀၀ ကျပ်)စီဖြတ်​​တောက်ပေးရန် ညှိနှိုင်းခဲ့တာ ဖြစ်ပါတယ်။
မြို့နယ်အဆင့် ညှိနှိုင်းဖျန်ဖြေရေးမှာ ၆ ကြိမ် ညှိနှိုင်းခဲ့သော်လည်း ပြေလည်မှု မရရှိတဲ့ အတွက် တိုင်းပေါင်းစပ်ညှိနှိုင်းရေး အဖွဲ့သို့ လွှဲပြောင်းခဲ့ပြီးနောက် ညှိနှိုင်းရေး လုပ်နေစဥ် EC ခေါင်းဆောင် ၄ ဦးကို စက်ရုံက အလုပ်မှထုတ်ပယ်ရာမှ စက်ရုံအလုပ်သမားတွေ အလုပ်ရပ်ပြီး ၄ ရက်တိုင်တိုင် တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။
"တောင်းဆိုဆန္ဒပြခဲ့ပြီး ၂၃-၅-၂၀၂၅ ရက်နေ့ ညပိုင်းတွင် စက်ရုံဘက်မှ ဒေးကြေး (၈၀၀၀)ကျပ်ပေးရန် သဘောတူညီမှုရရှိပြီး အလုပ်ရှင် အလုပ်သမား နှစ်ဘက်သဘောတူစာချုပ်ကို ချုပ်နိုင်ခဲ့တယ်"လို့ STUM ကထုတ်ပြန်ထားပါတယ်။

Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026