NEWS

Tough Way Garment အချိန်ပို တပတ် ၂၀ နာရီကျော် ခိုင်းစေပြီး၊ တနင်္ဂနွေ နားရက် အလုပ်ဆင်းခိုင်း

CoverLogo
341 Views
 
Tough Way Garment Mfg Co., Ltd ပိုင် အထည်ချုပ် စက်ရုံမှာ တစ်နေ့ အလုပ်ချိန် ၁၂ နာရီကျော် လုပ်ကိုင်ရပြီး နေ့လယ်စာ စားချိန် နာရီဝက်ပဲ အနားပေးတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ နေ့စဉ်အလုပ်ချိန်က မနက် ၇ နာရီခွဲကနေ ည ၇ နာရီခွဲအထိ ဖြစ်ပြီး နေ့စဉ် အချိန်ပို ၃ နာရီခွဲလုပ်ကိုင်နေရတာလို့ ပြောပါတယ်။
 
“အလုပ်ချိန်နှင့် အချိန်ပိုအပါ တစ်နေ့လျှင် ၁၂ နာရီ) ပုံမှန်ခိုင်းတယ်။ စနေနေ့ဆို ညနေ ၅ နာရီအထိ မပြီးဘူးဆိုပြီး ၆ နာရီအထိဆင်းရတယ်။ တနင်္ဂနွေနေ့ဆို တပတ်ခြား အတင်း ဆင်းရသေးတယ်။ ဒီနေ့ ပိတ်ရက်လည်း ဆင်းနေရတာ ။ ” လို့ အလုပ်သမားတွေက ပြောပါတယ်။
 
စက်ရုံမှာ အလုပ်သမား ၄၀၀ ဝန်းကျင်လုပ်ကိုင်နေကြပြီး စက်ရုံအဆောင်မှာ အလုပ်သမား ၃၀/ ၄၀ နေထိုင်တယ်လို့လည်း သိရပါတယ်။ အဆောင်နေ အလုပ်သမားတွေကတော့ ည ၈ နာရီခွဲအထိ အလုပ်ဆင်းရတယ်လို့လည်း ပြောပါတယ်။
 
“ အလုပ်ဆင်းတာ ၇ ခွဲဆို၊ စက်ရုံမှာနေတဲ့ အလုပ်သမားက ည ၈ ခွဲအထိ လုပ်ပေးမှ ရတယ်။ ကိုယ်တွေ အလုပ်ချိန်က ၁၂ နာရီ၊ သူတို့က ၁၃ နာရီ လုပ်ပေးရတာ ။ စနေနေ့ ဆို ညနေ ၅နာရီအထိပဲ ကိုအထည်မပြည့်လို့ ပြန်မလွတ်ဘူး ၆ နာရီကျော် ထိ ဆက်လုပ် ရတယ်။ အဲ့လို ဆင်းတဲ့အချိန်အတွက် ပိုက်ဆံမပေးပါဘူး.” လို့ အလုပ်သမားတွေက ပြောပါတယ်။
ဒါ့အပြင် တနင်္ဂနွေနေ့ (နားရက်) အချိန်ပိုတွေ လုပ်ခိုင်းပေမဲ့ ဥပဒေအတိုင်း လုပ်ခလစာ မပေးဘူးလို့လည်း ပြောပါတယ်။ ဒါ့အပြင် စက်လိုင်းစူပါက အထည်စံချိန်တွေ ဖိအားပေးတောင်းပြီး ဥပဒေမဲ့ ခိုင်းစေနေတယ်လို့ လည်း ပြောဆိုထားပါတယ်။
 
Tough Way Garment Mfg Co., Ltd အထည်ချုပ်စက်ရုံက ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်၊ ရွှေပြည်သာစက်မှုဇုန် ၁ ၊ ကနောင်မင်းသားကြီးလမ်းမှာ ရှိပြီး လက်ရှိ SOIE တံဆိပ် အထည်တွေချုပ်လုပ်နေတယ်လို့ သိထားပါတယ်။

Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026