NEWS

TOE TET GARMENT စက်ရုံ ကလေးလုပ်သားများအား ခိုင်းစေပြီး လုပ်သက် နစ်နာကြေး မပေးဟု ပြောဆို

CoverLogo
847 Views
 
ရန်ကုန်မြို့ ၊ ရွှေပြည်သာမြို့နယ်၊ အမှတ်(၁) ရပ်ကွက်၊ စက်မှုလမ်းနဲ့ သစ္စာလမ်း(ကျောင်းလမ်း) ထောင့်က TOE TET GARMENT CO.,LTD စက်ရုံဟာ ကလေးလုပ်သားတွေကို စေခိုင်းနေတဲ့အပြင် စက်ရုံနေရာ ပြောင်းရွှေ့ရာမှာ အသက် ၁၈ နှစ် မပြည့်တဲ့ အလုပ်သမားတွေကို လုပ်သက်နစ်နာကြေး မပေးဘူးဆိုပြီး ပြောဆိုနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“၁၈ နှစ် မပြည့်ကြသေးပါဘူး၊ လုပ်သက်က ၃ နှစ်နီးပါး ရှိပြီ။ စက်ရုံက ဝန်ထမ်းတွေကို ခွင့်ရက်တွေကို ခံစားခွင့် မပေးခဲ့ဘူး၊ လုပ်သက်ခွင့်လည်း မပေးဘူး၊ အဲဒီအတွက် ငွေ လည်း မပေးဘူး ။ အခု ဒီဇင်ဘာ ၁ ရက်က စက်လိုင်း မီတင် လုပ်တယ်။ စက်လိုင်းခေါင်းဆောင်တွေက အခုလာမဲ့ ဇန်နဝါရီ ၅ ရက်မှာ စက်ရုံကို ပိတ်မယ်၊ လှည်းကူးကို ပြောင်းမယ်ပြောတယ်။ မလိုက်ချင်တဲ့ ဝန်ထမ်းတွေကို စက်ရုံဘက်က ဘာမှ ပေးမှာ မဟုတ်ဘူး လို့လည်း ပြောတယ်” လို့ အလုပ်သမားတဦးက ပြောဆိုပါတယ်။
စက်ရုံအတွင်း အလုပ်သမား ၁၆၀ ဝန်းကျင် လုပ်ကိုင်နေပြီး အဲဒီထဲမှာ အသက် ၁၈ နှစ် မပြည့်တဲ့ အလုပ်သမား အများအပြား ပါဝင်တယ်လို့ ပြောဆိုပါတယ်။
 
ဒီဇင်ဘာ ၅ ရက် နေ့လယ်က TOE TET GARMENT CO.,LTD စက်ရုံ HR မန်နေဂျာက စက်ရုံဝန်ထမ်း အလုပ်သမား အားလုံးကို အစည်းအဝေးခေါ်ပြီး စက်ရုံကို လှည်းကူမြို့ကို ပြောင်းရွှေ့မဲ့အကြောင်းပြောဆိုခဲ့တယ်လို့ သိရပါတယ်။ စက်ရုံရွှေ့ပြောင်းမှာ ဖြစ်တာကြောင့် ဇန်နဝါရီ ၅ ရက်မှာ စက်ရုံကို ပိတ်သိမ်းမှာဖြစ်လို့ လုပ်သက်အလိုက် စက်ရုံပိတ်နစ်နာကြေး နှစ်ကြိမ်ခွဲ ပေးမယ်လို့ ပြောဆိုထား တယ်လို့ သိရပါတယ်။
 
ဒါပေမဲ့ အသက် ၁၈ နှစ်ပြည့်ပြီး ဖူလုံရေးကဒ်ပြုလုပ်ထားသူတွေကို လုပ်သက်နစ်နာကြေးတွေ ပေးသွားမှာ ဖြစ်ပြီး ကျန် အသက် (၁၈) နှစ် အောက် ဝန်ထမ်းတွေကိုတော့ လုပ်သက် နစ်နာကြေးများပေးမှာ မဟုတ်ဘူးလို့ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
 
TOE TET GARMENT CO.,LTD စက်ရုံမှာ ၁၈ နှစ်အောက် အလုပ်သမားများစွာရှိနေပြီး အဲ့ဒီ အလုပ်သမားတွေကို လူမှုဖူလုံရေးကတ် ပြုလုပ်ပေးတာ မရှိသလို EC စာချုပ်ချုပ်ဆိုတာလည်း မရှိခဲ့ဘူးလို့ အလုပ်သမားတွေက ပြောပါတယ်။
 
လက်ရှိ စက်ရုံအလုပ်သမားတွေကို စက်ရုံမန်နေဂျာနဲ့ စက်လိုင်းခေါင်းဆောင်တွေက ဖိအားပေးတာ၊ ခြိမ်းခြောက် ပြောဆိုတာ ၊ အော်ဟစ် ဆဲဆိုတာ ၊ ရက်ပျက်ပါက လုပ်ငန်းခွင်အများရှေ့မှာ အရှက်ရအောင် အော်ဟစ်ပြောဆို ကြိမ်းမောင်းတာ အပြင် စက်ရုံအလုပ်သမားတွေကို ကိုယ်တိုင် အလုပ်ထွက်ဖို့ ရည်ရွယ် လုပ်ဆောင်နေတယ်လို့လည်း အလုပ်သမားတွေက ပြောဆိုကြပါတယ်။
ပြောင်းရွှေ့မဲ့ လှည်းကူးမြိုက စက်ရုံနေရာ သန့်ရှင်းရေး လုပ်ဆောင်နေပြီး အဲ့ သန့်ရှင်းရေးလုပ်ငန်းတွေကို တာဝန်ရှိသူတွေက ခိုင်းစေတာကြောင့် လက်ရှိ အလုပ်သမားတွေ သွားရောက်လုပ်ကိုင်ပေးနေရတယ်လို့လည်း သိရပါတယ်။

Related posts

Cover
Dishang Fashion (Myanmar) အောစူပါမှ ကိုယ်ထိလက်ရောက်ပြုလုပ်တဲ့ အပြင် အလုပ်ပါ အထုတ်ခံရ
May 23, 2026
Cover
T M A အထည်ချုပ် စက်ရုံ အချိန်ပို တပတ် နာရီ ၂၀ ကျော် လုပ်ကိုင်ခိုင်း
May 23, 2026
Cover
Shan Dong Jiayi အထည်ချုပ်စက်ရုံ အချိန်ပို မဆင်းလို့ လုပ်ခ လျှော့ပေး
May 23, 2026
Cover
Peak Outdoor Yangon စက်ရုံ မန်နေဂျာ ဝမ်တိန်အသုံးချ အဓမ္မအလုပ်ထုတ် ပြင်ပဆေးခန်းပြလို့ ဆေးခွင့်မပေးဘဲ ဝမ်တိန်ထိုးခိုင်း
May 21, 2026
Cover
Shwe Myinn Co.,Ltd Washing Fact စက်ရုံ လုပ်သားများအား ဌာနနေရာစုံ လုပ်ကိုင်ခိုင်း
May 21, 2026
Cover
နေရွှေဝင်းအထည်ချုပ်က အလုပ်သမား ၈၀ ကျော်ကို လုပ်ငန်းခွင်ပြန်ဝင်ဖို့နဲ့ နောက်ထပ်တောင်းဆိုမှု ၁ နှစ်အတွင်းမလုပ်ဖို့ထုတ်ပြန်
May 19, 2026
Cover
အလုပ်သမားပေးစာ LUCKYSKY BAGS Myanmar သန့်စင်ခန်းများ ပျက်စီး  သန့်ရှင်းပေးမှု အားနည်း
May 19, 2026
Cover
Joyful Myanmar Garment အမျိုးသမီး လုပ်သားများအား ပိတ်လိပ်ထမ်းခိုင်း
May 19, 2026