NEWS

Tianjin Fashion Milestone Garment  အာဇာနည်နေ့တွင် အချိန်ပို လုပ်ခိုင်း

CoverLogo
337 Views

ကူညီပါရှင့်၊ Tianjin Fashion Milestone Garment စက်ရုံက အလုပ်သမားတွေပါရှင့် ။ လာမဲ့ အာဇာနည်နေ့မှာ စက်ရုံက အချိန်ပို  ဆင်းခိုင်းနေပါတယ် ။ အဲဒီနေ့ကို “မိမိသဘောဖြင့် ဆင်းတာပါဆိုတဲ့ ခေါင်းစဥ်နဲ့” လက်မှတ်တွေ ထိုးခိုင်းနေတာပါ။  ဒီကနေ့ မနက်ကတည်းက အဲဒီလက်မှတ်တွေ ထိုးခိုင်းနေတာပါ။ HR မန်နေဂျာ က လက်မှတ် ထိုးခိုင်းတာပါ။ 
အလုပ်သမားတွေက အာဇာနည်နေ့မို့ မဆင်းချင်တာပါရှင့် ။ စက်ရုံက အချိန်ပိုတွေခေါ်နေတာလည်း ၆ လပိုင်း ကတည်းက  ပါ။ နေ့တိုင်း အချိန်ပိုလုပ် ရပါတယ်။ ည ၇ နာရီခွဲမှ အလုပ်ဆင်းပါတယ်။ စနေနေ့ဆို ညနေ ၅ နာရီအထိ လုပ်ရပါတယ်။ တနင်္ဂနွေနေ့လည်း မနားရဘူး။ ညနေ ၄ နာရီအထိ အချိန်ပို လုပ်ပေးရပါတယ်။
WCC  အဖွဲ့ ဖွဲ့ထားပါတယ်။ သူတို့ကလည်း စက်ရုံဘက်ကို ဘာမှ မပြောကြပါဘူး။ 
အကူအညီတောင်းပါတယ်ရှင့်။
(Tianjin Fashion Milestone Garment စက်ရုံက ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန် ဆိပ်ကမ်းသာလမ်းမှာ  ဖွင့်လှစ်ထားပြီး လုပ်သား တစ်ထောင်ကျော် လုပ်ကိုင်နေတယ်လို့ သိရှိထားပါတယ်။ စက်ရုံမှာ WCC ဖွဲ့စည်းထားပေမဲ့ အလုပ်သမားကိုယ်စားလှယ်  အပြည့်အစုံမပါဝင်တော့ဘူးလို့ သိရပါတယ်။ ဖေဖော်ဝါရီလအတွင်း အချိန်ပိုခိုင်းစေတာ ငြင်းဆန်လို့ဆိုပြီး စက်ရုံဘက်က ကြိုပို့ယာဉ် စီစဉ်မပေးလို့ အလုပ်သမားတွေ  လမ်းလျှောက်ပြန်ခဲ့ ရပါတယ်။ အဲဒီအချိန်က ရရှိထားတဲ့ အချက်အလက်တွေအရ စက်ရုံက Sinsay , VERO MODA တံဆိပ်ကို ချုပ်လုပ်နေတယ်လို့ သိထားပါတယ်။)


Related posts

Cover
၇ ရက် ဘဏ်စနစ်ဆိုပြီး ဝန်ထမ်းများ နားရက် မရှိ လုပ်ကိုင်ပေးရ
Apr 11, 2025
Cover
Alpine သောက်ရေသန့် သင်္ကြန်ကာလ အတင်းအကျပ် အချိန်ပို လုပ်ခိုင်း
Apr 11, 2025
Cover
Lita Myanmar က HR မန်နေဂျာ အဝတ်အစားပေါ် ခွဲခြားဆက်ဆံ
Apr 09, 2025
Cover
Yangon Global Star အထည်ချုပ် အလုပ်ခန့်လစာထက် လျှော့ပေး
Apr 09, 2025
Cover
ခြေထောက်ရောင်ရမ်းနေသည့် အိမ်အကူအား လျှော်ကြေး သိန်းတရာနီးပါး အိုမန်နှင့် မြန်မာအေးဂျင့်တောင်း
Apr 09, 2025
Cover
Great Summer အထည်ချုပ် သတ်မှတ် လုပ်ခလစာ အပြည့်မပေး
Apr 08, 2025
Cover
Yoyika Garment အထည်ချုပ် သင်္ကြန်ရက်အစား ည ၈ နာရီအထိ လုပ်ကိုင်ခိုင်း
Apr 07, 2025
Cover
ZHEJIANG TONGLI Clothing (Myanmar) ပိတ်ရက်အတွက် ထောက်ပံကြေး မပေး
Apr 06, 2025