ကူညီပါရှင့်၊ Tianjin Fashion Milestone Garment စက်ရုံက အလုပ်သမားတွေပါရှင့် ။ လာမဲ့ အာဇာနည်နေ့မှာ စက်ရုံက အချိန်ပို ဆင်းခိုင်းနေပါတယ် ။ အဲဒီနေ့ကို “မိမိသဘောဖြင့် ဆင်းတာပါဆိုတဲ့ ခေါင်းစဥ်နဲ့” လက်မှတ်တွေ ထိုးခိုင်းနေတာပါ။ ဒီကနေ့ မနက်ကတည်းက အဲဒီလက်မှတ်တွေ ထိုးခိုင်းနေတာပါ။ HR မန်နေဂျာ က လက်မှတ် ထိုးခိုင်းတာပါ။
အလုပ်သမားတွေက အာဇာနည်နေ့မို့ မဆင်းချင်တာပါရှင့် ။ စက်ရုံက အချိန်ပိုတွေခေါ်နေတာလည်း ၆ လပိုင်း ကတည်းက ပါ။ နေ့တိုင်း အချိန်ပိုလုပ် ရပါတယ်။ ည ၇ နာရီခွဲမှ အလုပ်ဆင်းပါတယ်။ စနေနေ့ဆို ညနေ ၅ နာရီအထိ လုပ်ရပါတယ်။ တနင်္ဂနွေနေ့လည်း မနားရဘူး။ ညနေ ၄ နာရီအထိ အချိန်ပို လုပ်ပေးရပါတယ်။
WCC အဖွဲ့ ဖွဲ့ထားပါတယ်။ သူတို့ကလည်း စက်ရုံဘက်ကို ဘာမှ မပြောကြပါဘူး။
အကူအညီတောင်းပါတယ်ရှင့်။
(Tianjin Fashion Milestone Garment စက်ရုံက ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန် ဆိပ်ကမ်းသာလမ်းမှာ ဖွင့်လှစ်ထားပြီး လုပ်သား တစ်ထောင်ကျော် လုပ်ကိုင်နေတယ်လို့ သိရှိထားပါတယ်။ စက်ရုံမှာ WCC ဖွဲ့စည်းထားပေမဲ့ အလုပ်သမားကိုယ်စားလှယ် အပြည့်အစုံမပါဝင်တော့ဘူးလို့ သိရပါတယ်။ ဖေဖော်ဝါရီလအတွင်း အချိန်ပိုခိုင်းစေတာ ငြင်းဆန်လို့ဆိုပြီး စက်ရုံဘက်က ကြိုပို့ယာဉ် စီစဉ်မပေးလို့ အလုပ်သမားတွေ လမ်းလျှောက်ပြန်ခဲ့ ရပါတယ်။ အဲဒီအချိန်က ရရှိထားတဲ့ အချက်အလက်တွေအရ စက်ရုံက Sinsay , VERO MODA တံဆိပ်ကို ချုပ်လုပ်နေတယ်လို့ သိထားပါတယ်။)
NEWS
Tianjin Fashion Milestone Garment အာဇာနည်နေ့တွင် အချိန်ပို လုပ်ခိုင်း


399 Views
Related posts

လုပ်ခလစာမပေးဘဲ အလုပ်ကနေထုတ်ပယ်လို့ အလုပ်သမားတွေအခက်တွေ့နေရ
Aug 25, 2025

Chi Mei အထည်ချုပ် အချိန်ပို အတင်းအကျပ် ခိုင်းစေ
Aug 22, 2025

J&F Myanmar LNY Caps စက်ရုံ အလုပ်သမားများအား HR မန်နေဂျာ ခွဲခြားဆက်ဆံနေ
Aug 21, 2025

Great Glowin (JW) နှင့် Glowin & Win (ADK)စက်ရုံလုပ်သားများ အခွင့်အရေး ချိုးဖောက်ခံနေရခြင်းနှင့် လုပ်ငန်းခွင် ဖိနှိပ်မှုများ
Aug 20, 2025

New Plus အထည်ချုပ်စက်ရုံ ခွဲခြားဆက်ဆံမှုများ တင်ပြခြင်း
Aug 19, 2025

Sioen Myanmar စက်ရုံပိုင်ရှင်ထံသို့ အိတ်ဖွင့်ပေးစာ
Aug 18, 2025

Hope One မှာ ဖယ်ရီအဆင်မပြေ
Aug 17, 2025

တရုတ်နိုင်ငံ Longchuan Depin Clothing အထည်ချုပ်စက်ရုံ အလုပ်ချိန် စော လုပ်ခိုင်းပြီး အချိန်ပိုခ မပေး
Aug 11, 2025