NEWS

Jin chang Myanmar အထည်ချုပ် စံချိန်မရလို့ တနင်္ဂနွေပိတ်ရက်ပါ အလုပ်ဆင်းခိုင်း

CoverLogo
139 Views
ဇူလိုင် ၁၁ ၊ ၂၀၂၆
 
Jin chang Myanmar မှာ စက်ရုံက တောင်းတဲ့ စံချိန်မရလို့ဆိုပြီး အချိန်ပို အောလင်း၊ အောနိုက် ဆင်းခိုင်း ပါတယ်၊ ဒါတင်မဆုံးပါဘူး တနင်္ဂနွေပိတ်ရက်လည်း မနားရပဲ အချိန် ထပ်ဆင်းပေးရပြန်တယ်။ အော‌နိုက်ဆင်း ပြီးလို့ အလုပ်က ပြန်တော့ ဖယ်ရီကားလည်း မပေးဘဲ ကိုယ်အစီစဥ်နဲ ပြန်ခိုင်းတယ်။ သိပ်ကို လွန်လွန်း နေလို့ပါ ။
 
စံချိန်က အလုပ်သမားတွေ မချုပ်နိုင်တဲ့ စံချိန်ကို တောင်းပါတယ်။ ၄၅ ယောက်လောက်ရှိတဲ့ စက်လိုင်းလိုင်း ကို တစ်နာရီ လိုင်းပေါက် အထည် ၇၀ကနေ ၈၀ အထိ တောင်းတယ်။ စံချိန်မပြည့်တော့ နိုင်ငံခြားသား တရုတ်အမျိုးသမီးကစပြီး အော်စူပါ၊ စူပါတွေ အဆုံး အော်ဟစ်ဆဲဆိုတယ်။
 
တောင်းတဲ့ စံချိန်ပြည့်ဖို့ အလုပ်သမားတစ်ယောက် နှစ်ပွိုင့်မှ သုံးပွိုင့်ချုပ်နေရတာ သူတို့ မမြင်တာလား ၊ ချုပ်ရတဲ့အထည်က ကိုလာဖီ အမွှေးအထည်တွေ ။
ပေးတဲ့ ဒေးကြေးက ၁၂၀၀၀ ဘာမှ ပိုပေးတာမရှိဘူး။ တခြားစက်ရုံတွေထက် ပိုတာ ဘာမှမရှိတာ။
 
ရက်မှန်ကြေး ၇၀၀၀၀ နဲ့ ဂရိတ်ကြေး ပေးတာလည်း အတူတူပဲ။ အလုပ်တစ်ရက်ပျက်တော့ ၅၀၀၀၀ ကျော် အဖြတ်ခံတယ်။ ဘာမှာ အလုပ်သမားအပေါ် ငဲ့ညှာတာ မရှိပါဘူး ။
 
ရက်ပျက်တယ်ဆိုတာက စက်ရုံက ခွင့်မပေးလို့ ရက်ပျက်ရတာပါရှင့်။ ခွင့်ဆိုရင် ဘာခွင့်မှ စက်ရုံက မပေးတာပါ။ ဆေးခွင့်လည်း မရှိပါဘူး။ လူမှုဖူလုံရေးကြေးကို လစာအနည်းများပေါ်မူတည်ပြီး လတိုင်း ၅၀၀၀ ဖြတ်ပါတယ်။
 
လုပ်ငန်းခွင်က ထမင်းစားဆောင်ဆိုတာ နေရာကကျဥ်းလို့ အလုပ်သမားတွေ ထမင်းစားရတာ အ‌ဆင်မပြေပါဘူး ။ ဒီထက်ဆိုးတာလည်း ရှိပါတယ်။ အိမ်သာပါ။ မသန့်ရှင်းပါဘူး။
 
အလုပ်သမား တစ်လပြည့်အောင်ဆင်းပြီး အလုပ်ထွတ်တော့ လစာကို အများနည်းတူ ၅ ရက်နေ့ ထုတ်မပေးပါဘူး။ ၁၀ ရက်နေ့မှာ ထုတ်ပေးပါတယ်။ လစာထုတ်ပေးတော့ အပြည့်အဝ ထုတ်မပေးဘဲ ခေါင်းပုံဖြတ်ထားပါတော့တယ်။
 
လက်ရှိ Jin chang Myanmar Co.,Ltd မှာက LIVE SMARTတံဆိပ်ချုပ်ပါတယ်။ ပိုင်ရှင်က တရုတ်နိုင်ငံသား တွေပါ။ အလုပ်သမားက ၂၀၀ ဝန်းကျင်လောက် ရှိပါတယ်။ စက်ရုံက ဗိုလ်ချုပ်၊ ဦးအောင်သူလမ်း၊ လှိုင်သာယာစက်မှုဇုန် ၂ မှာပါ။

Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026