NEWS

ဟွာဖု (မြန်မာ) အထည်ချုပ် လုပ်အားခ ခေါင်းပုံဖြတ်ဖို့ နေ့စားလုပ်သား ခိုင်းနေ

CoverLogo
253 Views

#ပေးစာ

ဟွာဖု (မြန်မာ) အထည်ချုပ် (Myanmar Fortress Wealth Garment)  နေ့စားအလုပ်သမားတွေကို ခေါ်ခိုင်းပါတယ်ရှင့်။  တချို့ နေ့စားအလုပ်သမားတွေဆို ၃ လကျော် နေကြပါပြီ။  


ပြီးခဲ့တဲ့လမှာ သတင်းတင်တာတွေ့လို့ ဖြည့်ပြီး ပြောချင်တာပါရှင့်။ 
စက်ရုံက နေ့စားလုပ်သား ခေါ်ခိုင်းတယ်ဆိုတာ အလုပ်သမား အခွင့်အရေးနဲ့ လုပ်အားခကို ခေါင်းပုံဖြတ် ချင်တာပါ။ 
ညီမတို့ စက်ရုံက ပုံမှန်လုပ်သားလိုအပ်နေတာပါရှင့်၊ 


နေ့စားအလုပ်သမားတွေ င့် တစ်ပတ်တစ်ခါ လုပ်ခ ရှင်းတယ်။  တနင်္ဂနွေပိတ်ရက်အတွက် လုပ်ခ လစာ မပေးပါဘူး။ သူတို့ နေ့စား အလုပ်သမားမို့ ပိုပေးတာလည်းမရှိပါဘူး။ 


ညီမတို လစားအလုပ်သမားတစ်ဦးက အလုပ်ချိန် ၄၄ နာရီခိုင်းပြီးတိုင်း တစ်ရက်ကို လုပ်ခလစာအပြည့်နဲ့ နားရပါတယ်။ 
နေ့စားတွေက တော့ အဲ့လို ခံစားခွင့်မရဘူး။ ဒါဆို နေ့စားတွေရဲ့ တစ်ရက်စာ လုပ်ခလစာကို ခေါင်းပုံဖြတ်တာမို့ပါ။  
စက်ရုံ နေ့စားတွေဆိုလည်း ပုံမှန်အပတ်တိုင်း၊ လတိုင်း ခေါ် ခိုင်းနေတာမို့ပါ။  ။ 
အချိန်ပိုများတွေဆို အော်လင်း၊ အော်နိုက် ဆင်းရတယ်။ ဒီလိုဆင်းရတော့လည်း  စနေနေ့ ဆို ည ၈ ခွဲ အထိ ဆင်းရပြန်တယ်။ ဒါတင် မဟုတ်ပါဘူး  တနင်္ဂနွေပိတ်ရက်ဆိုလည်း အလုပ်ဆင်းခိုင်းပါတယ်၊  စနေဆို ညဘက် ၂ နာရီထိ ဆင်းရတဲ့ ညတွေရှိပါတယ်ရှင့်။


အချိန်ပို ဆင်းခိုင်တော့လည်း  ဒေးကြေး ၁၁၀၀၀ နဲ့ တွက်ပေးတာမဟုတ်ဘူး။ အဲ့နေ့အတွက် ၁၇၆၀၀ ပဲ ရှင်းပေးပါတယ်။  စက်ရုံက  တနင်္ဂနွေနေ့ပိတ်ရက်တွေ ဆင်းခိုင်ရင်  ပေးထားတဲ့ ဒေးကြေးကို အခြေခံပြီး ဥပဒေအတိုင်း နှစ်ဆ ပေးဖို့ပါ ရှင့်။


 တကယ်ဆို  တနင်္ဂနွေနေ့ မဆင်းချင်သူတွေ များပါတယ်၊  မဆင်းခိုင်းရင် ပိုကောင်းပါတယ် ။
အချိန်ပို မဆင်းလိုတာကို  အတင်းအကျပ် အပြောအဆိုတွေနဲ့ ဆင်းခိုင်းတာတွေ လုပ်ပါတယ်။ မဆင်းတာနဲ့  သူတို့ခိုင်းတာမလုပ်လို့ဆိုပြီး ခွဲခြားဆက်ဆံပါတော့တယ် ရှင့် ။ 


 စနေနေ့ဆိုလည်း အများနည်းတူ ၄ နာရီခွဲ  ပြန်လွတ်ပေးစေချင်ပါတယ်။ 
အခုက အထည်စံချိန်ဖို့ အဆဲခံ၊အဆိုခံ လုပ်ပေးရသလို၊ အချိန်ပိုဆိုလည်း မဆင်းချင်လည်း ဆင်းနေရတယ် ရှင့်။ 
စံချိန်တွေတောင်းနည်း အထည်ကြေးပေးဖို့ဆို  ခေါင်းဆောင်တွေက ဘက်လိုက်ပါတယ်။ 
လုပ်ငန်းခွင်ထဲက ခေါင်းဆောင်တွေ မမှန်မကန်လုပ်တာတွေရှိပါတယ်။
 တခုက  အထည်စစ် (QC) အော်စူပါက ပွဲစားလုပ်ပြီး အလုပ်သွင်းပေးတယ်၊ အဲလို အလုပ်ရဖို့  အလုပ်သမားတွေက  ၂ သိန်း/  ၁သိန်းခွဲ ပေးရတယ်။ ဒါမှာ အလုပ်ခန့်ပေးပါတယ်။   


အထည်စံချိန်ကို ဆဲဆို ပြီးတောင်းတာကို ပြောပြီးပါပြီ။ ဒါပေမဲ့ အော်စူပါ၊ စူပါနှင့် အထက်လူကြီးတွေ ဆဲဆိုလို့ ၊ ကြမ်းတမ်းစွာ ပြောဆိုလို့ဆိုပြီး မန်နေဂျာတွေ၊ HR တွေက EC စာချုပ်အတိုင်း အရေးယူတာ မရှိပါဘူး။  
ဒါပေမဲ့ အလုပ်သမားတွေက တစ်ခုခု ပြန်ပြောလို ဖြစ်ဖြစ် ၊ အသံကျယ်ကျယ်ပြောလို ဖြစ်ဖြစ်  လုပ်ငန်းခွင် စူပူအောင် မငြိမ်အောင်လုပ်တယ်၊ အထက်လူကြီး ပြန်ပြောတယ်ဆိုပြီး အလုပ်ကနေ ဝမ်တိန်ပေးပါတယ်။ သူတို့ကြည့်မရသူဆို အလုပ်ထုတ်ပါတယ်။

 
စက်ရုံရဲ့ EC စာချုပ်ဆိုတာ  အလုပ်သမားများအတွက်သာဖြစ်ပြီး အထက်လူကြီးတွေ ၊ အော်စူပါ၊ စူပါတွေ အတွက် မဟုတ်သလို့ ဘက်လိုက်ပြီး မန်နေဂျာတွေ၊ HR တွေက ကျင့်သုံးနေကြပါတယ် ရှင့်။ 


လုပ်ငန်းခွင် WCC တွေ ရှိပါတယ်။ အခုလို ဖိနှိပ်နေတာ ချိုးဖောက်နေတာကိုကို WCC တွေ သိပါတယ်။ သိလည်း ရှင်းမပေးပါဘူး။  သူတို့က အလုပ်သမားအခွင့် အရေးချိုးဖောက်ခံရတာကို  ကာကွယ်ဖို့ ဖြေရှင်းပေးဖို့ ဖွဲ့ထားတဲ့ အဖွဲ့မဟုတ်ပါဘူး၊ အလုပ်ရှင် လုပ်ချင်တာလုပ်ဖို့ အသိသက်သေလိုက်ဖို့ ဖွဲ့ထားတဲ့အဖွဲ့ဖြစ်ပါတယ်။ အလုပ်သမားတွေ အားကိုးလို့လည်းမရပါဘူးရှင့် ။ 


(ဟွာဖု (မြန်မာ) အထည်ချုပ် (Myanmar Fortress Wealth Garment)  အထည်ချုပ် စက်ရုံက  ရန်ကုန်မြို၊ လှိုင်သာယာမြို့နယ်၊ အနော်ရထာစက်မှုဇုန်၊ အနော်ရထာလမ်းမှာရှိပြီး Dishang Group ထဲက တရုတ် နိုင်ငံသားပိုင် စက်ရုံဖြစ်ပါတယ်။ အလုပ်သမား ၁၅၀၀ ဝန်းကျင်လုပ်ကိုင်နေပြီး လက်ရှိ  RESERVED  တံဆိပ် အထည်တွေ ချုပ်လုပ်နေပါတယ်။ )


Related posts

Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026
Cover
Jin chang Myanmar အထည်ချုပ် စံချိန်မရလို့ တနင်္ဂနွေပိတ်ရက်ပါ အလုပ်ဆင်းခိုင်း
Aug 05, 2026
Cover
Tanjin fashion milestone အောစူပါ၊ စူပါများ ကလေးလုပ်သားများအား အလုပ်သွင်း
Jun 23, 2026
Cover
New Fubon Garment အချိန်ပိုအတင်းအကျပ် ဆက်ခိုင်းနေ
Jun 07, 2026
Cover
WAN HE SHUO FASHION အထည်ချုပ် မော်တော်ယာဉ် ဖမ်းဆီးခံရ၍ လစာထုတ်မပေးဟုဆို
Jun 07, 2026
Cover
He MeT (2)Co.,Ltd စက်ရုံ အချိန်ပို လုပ်ခမပေးဘဲ ကိုယ့်စရိတ်နှင့်ကိုယ် လုပ်ကိုင်ပေးနေရ
May 29, 2026
Cover
Eslite Garment အထည်ချုပ်စက်ရုံ အလုပ်နောက်ကျလို့ ရက်မှန်ကြေးဖြတ်
May 25, 2026