NEWS

Tianjin Fashion Milestone Garment စက်ရုံမှ တောင်းဆိုမှု လိုက်လျော ၊ အလုပ်သမားများ လုပ်ငန်းခွင် ဝင်ရောက်မည်

CoverLogo
512 Views
 
ဒေးကြေးတိုးပေးဖို့ Tianjin Fashion Milestone Garment အလုပ်သမားတွေတောင်းဆိုမှုကို စက်ရုံဘက်က လိုက်လျောလိုက်တာကြောင့် မနက်ဖြန် မေ ၂၁ ရက်မှာ လုပ်ငန်းခွင် ပြန်လည်ဝင်ရောက်ကြမှာလို့ ပြောပါတယ်။ မေ ၁၆ ရက်မှာ လုပ်ငန်းခွင်ရပ်နားပြီး စတင် တောင်းဆိုခဲ့တာဖြစ်ပြီး ၄ ရက်မြောက်နေ့ ညှိနှိုင်းမှုအပြီးမှာ နှစ်ဖတ်သဘောတူနိုင်ခဲ့တာလို့ နီးစပ်သူတွေက ပြောပါတယ်။
 
“ဒီကနေ့ နေ့ ၁ နာရီခွဲလောက်မှာ ညှိနှိုင်းခဲ့ပြီး ၂ နာရီခွဲလောက်မှာ နှစ်ဖက်သဘောတူနိုင်ခဲ့တာပါ။ တောင်းထားတဲ့ အတိုင်း နေ့တွက် ဒေးကြေးက ကျပ် ၁၀၀၀၀ နဲ့ အိုတီကို တစ်နာရီ ၂၀၀ ပေါင်းပြီး ၂၂၀၀ တိုးပေးလိုက်တယ်။ အလုပ်သမားတွေ ညီလို့ ရတာပါ။ မနက်ဖြန် အလုပ် ပြန်လုပ်ကြမှာ” လို့ ပြောပါတယ်။
 
စက်ရုံဘက် ဒေးကြေး ၈၈၀၀ နဲ့ အိုတီ တနာရီ ကျပ် ၂၀၀၀ ပဲ ပေးခဲ့တာကြောင့် အလုပ်သမားတွေက ဒေးကြေး ကျပ် ၁၃၀၀၀ နဲ့ အချိန်ပိုကြေးကိုပါ တိုးပေးဖို့ တောင်းဆိုခဲ့တာဖြစ်ပါတယ်။ အလုပ်ရပ် တောင်းဆိုမှုအတွင်း စက်ရုံလုပ်သား ၁၀၀၀ ကျော်ပါဝင်ခဲ့ပြီး ဒေးကြေးနဲ့ အချိန်ပိုကြေးတွေတိုးပေးဖို့ကို အလုပ်သမား ၇၀၀ နီးပါးက လက်မှတ်ထိုးတောင်းဆို ခဲ့ကြပါတယ်။
 
တောင်းဆို ညှိနှိုင်းမှု ၄ ရက်အတွင်း စစ်ကောင်စီရဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေ စက်ရုံရှေ့ ရောက်လာသလို အလုပ်သမားဝန်ကြီးဌာန ဒုဝန်ကြီးလည်း တောင်းဆိုမှုပြုလုပ်နေတဲ့ အလုပ်သမားတွေနဲ့ တွေ့ဆုံခဲ့ ပါတယ်။
 
“ ခြိမ်းခြောက်မှုတွေကတော့ အမျိုးမျိုးပါပဲ။ စက်ရုံမလာကြဖို့တို့၊ လက်နက်ကိုင်တွေ စက်ရုံထဲ ဝင်မှာတို့ အမျိုးမျိုး ပြောခဲ့တာ။ လုပ်ဖော်ကိုင်ဖက်တွေရဲ ဆန္ဒနဲ့ပဲ အခုလို တောင်းဆိုတာကို ရခဲ့တာ” လို့ အလုပ်သမားတဦးက ပြောပါတယ်။
 
Tianjin Fashion Milestone Garment အထည်ချုပ် စက်ရုံကို တရုတ်နိုင်ငံသားပိုင်ဆိုင်ပြီး ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန် ၊ ဆိပ်ကမ်းသာလမ်းမှာ ဖွင့်လှစ်လုပ်ကိုင်နေပါတယ်။ လုပ်သား ၁၀၀၀ ဝန်းကျင်လုပ်ကိုင်နေပြီး VERO MODA အမှတ်တံဆိပ် ချုပ်နေတယ်လို့ သိထားပါတယ်။

Related posts

Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026
Cover
STUM ဦးဆောင်သူ ဒေါ်မျိုးအေးရဲ့အယူခံဝင်မှုအား ပလပ်၊ ဒုတိယအကြိမ်အယူခံတင်မည်
Mar 31, 2026
Cover
Asdet Myanmar Garment .စက်ရုံ အထည်စံချိန်တိုးတောင်းပြီး ဖိအားပေး အတင်းအကျပ် ချုပ်ခိုင်း
Mar 31, 2026
Cover
Jinli Garment တိုင်ကြားလို့ ဆိုပြီး အလုပ်သမားများအား ခြိမ်းခြောက်
Mar 27, 2026
Cover
ဝါးတရာစက်မှုဇုန် ရှိ ပလတ်စတစ်စက်ရုံ မှ အလုပ်သမား ၁၈ ဦးခန့် ဓာတုအဆိပ်သင့်မှုဖြစ်ပွား
Mar 26, 2026
Cover
စုယုအိ အထည်ချုပ် စက်ရုံ ပြန်ချိန် သတ်မှတ်ချက်မရှိဘဲ အချိန်ပို ဆင်းခိုင်း
Mar 26, 2026