NEWS

Tianjin fashion Milestone အထည်ချုပ် အောစူပါ ဆဲဆိုပြီး နာရီ ၁၀၀ အချိန်ပို ဆင်း ခိုင်း

CoverLogo
434 Views
 
ညီမတို့က Tianjin fashion Milestone အထည်ချုပ်စက်ရုံက အလုပ်သမားတွေပါ။
 
စက်ရုံမှာ B ရုံ အောစူပါက အချိန်ပို Ot အတင်းအကျပ် ခေါ်ပါတယ် ။ စနေနေ့တွေမှာ ည ၇ ခွဲအထိ ဆင်းခိုင်းပါ။ မဆင်းနိုင်ရင် အလုပ်မလာနဲ့ လို့ တခါတည်း ပြောပါတယ်။ အလုပ်အကိုင် ရှားတဲ့ အချိန်မှာ အခုလို ပြောဆိုတာက ခြိမ်းခြောက်ခံရတာပါ။ ညီမတို့မှာ မဆင်းချင်လည်း ဆင်းရပါတယ်။
 
အချိန်မဆင်းနိုင်လို့ ပြောပြလည်း “ကောင်မတွေ အကြောင်းပြချက်ပေးနေတာ၊ မဆင်းနိုင်ရင် အလုပ်မလာနဲ့၊ နောက်နေ့လည်း မလာနဲ့၊ နင်တို့ပဲ အကြောင်းပြချက်တွေ ပေးနေတာလို့” လို့ ကြမ်းကြမ်းတမ်းတမ်း ပြောပါတယ်။
 
စက်ရုံ အဲ့ဒီ အောစူပါက အပြောအဆိုကြမ်းတမ်းပါတယ်။ မိန်းကလေးအချင်းချင်းတောင် နားမခံနိုင်တာပါ။ ဆဲဆိုနေတာတွေက မကြားချင် အဆုံးပါ။
 
ညီမတို့ အချိန်ပို ဆင်းရတာက တစ်လကို နာရီ၁၀၀ ဝန်းကျင်ရှိပါတယ်။ နာရီ ၉၀ အောက် တခါမှ မကျဘူးပါဖူး။ တပတ်ကို နာရီ ၂၀ မကပါဘူး။
 
အောစူပါကို ကြောက်ပြီး အလုပ်သမားတွေမှာ အချိန်ပို မဆင်းချင်လည်း ဆင်းနေရပါတယ်။ လုပ်ငန်းခွင် အခြေအနေတွေကို စက်ရုံ အကြံပြုစာပုံးကနေ တင်ပြပါတယ်။ တိုင်ကြားပါတယ်။
 
အဲလို တိုင်တော့လည်း ဘာမှ ထူးခြားမလာပါဘူး ။
 
HR မန်နေဂျာတွေနဲ့ WCC တွေလည်း ကူညီပြောဆိုတာ တင်ပြတာက ဘာမှမရှိတာပါ။ HR မန်နေဂျာတိုင်လည်း ဘာမှမထူးခြားပါဘူး။ WCC တိုင်လည်း အဲ့တိုင်းပါပဲ။ သူတို့က ဘာမှမလုပ်ပေးနိုင်တော့ အလုပ်သမားတွေမှာ အောစူပါ ဖိနှိပ် ပြောဆိုခံရပြီး အချိန်ပိုလုပ်ခိုင်းသမျှ အားလုံး လုပ်ပေးနေရတာပါ။
 
ကူညီပေးဖို့ တောင်းဆိုပါတယ် ရှင့် ။

Related posts

Cover
လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီကို ပွင့်လင်းမြင်သာစွာ ပြန်လည်ဖွဲ့စည်းပေးဖို့ INNOVATION FOOD Co.,Ltd အလုပ်သမားတွေလိုလားနေ
Apr 26, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026
Cover
STUM ဦးဆောင်သူ ဒေါ်မျိုးအေးရဲ့အယူခံဝင်မှုအား ပလပ်၊ ဒုတိယအကြိမ်အယူခံတင်မည်
Mar 31, 2026
Cover
Asdet Myanmar Garment .စက်ရုံ အထည်စံချိန်တိုးတောင်းပြီး ဖိအားပေး အတင်းအကျပ် ချုပ်ခိုင်း
Mar 31, 2026