NEWS

Tianjin Fashion Milestone လုပ်ငန်းခွင်အတွင်း ရိုင်းစိုင်းစွာ ခိုင်းစေပြောဆို ဆက်ဆံ နေ

CoverLogo
767 Views
Tianjin Fashion Milestone စက်ရုံမှာ အလုပ် လုပ်နေသူပါ ။ လုပ်ငန်းခွင်ချိုးဖောက်မှုတွေ့ အရမ်းများနေလို့ ပါရှင့်။ စက်ရုံကတော့ နှစ်ရုံတွဲပါ။ စက်ရုံမှာ မန်နေဂျာ ခန့်အပ်ထားမှုလဲ မရှိဘူးရှင့် ။ Coc အမျိုးသမီးကပဲ အကုန်လုံးကို ချုပ်ကိုင်ထားတာပါ။လုပ်ငန်းခွင်ကနေ အပြင်ကိုအရေးကြီးကိစ္စ ရှိလို့ အပြင်ကို ထွက်ချင်ရင်တောင်မှ သူလက်မှတ်ကို ယူပြီးမှ ထွက်ခွာလို့ရပါတယ်။
တခါတလေ ပြန်မလွှတ်ပါဘူး။ ပုဂ္ဂိုလ်ရေး ကိစ္စတွေကိုလည်း မေးပါတယ်။
 
တခါတရံသူနဲ့ မဆိုင်တဲ့ ကိစ္စတွေကိုပါ ဝင်စွတ်ဖက်တယ်။ စက်ချုပ်နေတာကိုတောင် ဝင်ပါတယ်။ စက်ရုံတွေမှာ ထမင်းစားခုံ တွေ လုံလောက်မှု မရှိဘူး။ ထမင်းစားနားချိန် နာရီဝက်ပဲရတာ၊ အဲ့နာရီဝက်တောင် အပြည့်အဝ မနားခိုင်ဘူး။ ထမင်းစားပြီးတာနဲ့ စက်တန်းချုပ်ဖို့ကို စူပါတွေက အမြဲ အော်ဟစ်ပြောနေတာပါ။
 
တောင်းတဲ့ အာဝါဒီး(Hourly အထည်စံချိန်) ကို မရရင် စက်လိုင်းစူပါတွေက “နင်ထမင်းဆင်းမစားနဲ့” လို့ ပြောပါ တယ်။ ပယ်ထည်ကျရင် တထည်ကို ၅၀၀ ဖြတ်တယ်။ B ရုံက B-5 superက ဖြတ်တာပါ။ အဲဒီဖြတ်တဲ့ ငွေကို ဘယ်လို သုံးမှန်းလည်း မသိပါဘူး။
ခွင့်တိုင်လည်း တခါမရဘူး၊ ရှောင်တခင်ခွင့်လည်း မရဘူးဖူး။ ရက်ပျက်ရင် ပိုက်ဆံဖြတ်ပါတယ်။ တရက်ပျက်ရင် ၃၅၀၀၀ လောက် နစ်နာပါတယ်။
 
စက်ရုံမှာ ကလေးအရွယ်တွေကို ခေါ်ခိုင်းထားပါတယ်။ B-4 super(စူပါ) ရဲ့သမီးလည်းရှိတယ်။ သူက အသက် ၁၆ လောက်ပဲရှိသေးတယ်။ မှတ်ပုံတင်အတုနဲ့ အလုပ်သွင်းထားတာပါ။ ဖယ်ရီကားတွေလည်း လူတွေ အရမ်းကျပ် ပါတယ်။ တချို့ ယောက်ျားလေးတွေ ဆိုရင် ပြုတ်ကျတော့မလို့ မကြာခဏ ဖြစ်ပါတယ်။ အခုရက်ပိုင်းတွေ ပိုဆိုးပါတယ်။
 
A ရုံ မန်နေဂျာ ဒေါ်မြမြထွေးက အလုပ်သမားတွေအပေါ် လူလို မဆက်ဆံဘူး။ သူလည်း သူများအလုပ် လုပ်နေတာ ။ ဒါကို လူလိုမဆက်ဆံတာပါ။ ဟော်ဟစ် ကြိမ်းမောင်းနေတာ ဆဲတာပေါ့။ B ရုံက B-4 super၊ B-5super က တော်တော် ဆဲပါတယ်။
 
သူတို့ဆဲတဲ့ စကားလုံးအတိုင်း ပြောပြပါ့မယ်။ ”ေ-ာက် ကောင်မတွေ အလုပ် မလုပ်ချင်ရင်၊ အစကတည်းက အိမ်က မလာနဲ့။ ေ-ာက် အထည်ကို မြန်မြန်ချုပ်ပေး။ ေ-ာက်လက်တွေက ကိုယ့်ဟာကို ကိုင်ထားနေကြတာ လား။ တခါတလေ အထည် မှားချုပ်မိရင် ေ-ာက် ကောင်မ နင့် ေ-ာက် လုံး မပါဘူးလား။ နင် ေ-ာက်လုံး ဘာမှာထိုးထားလို့လဲ” လို့ပြောတာပါ။
 
စက်ပြင် အောစူပါ မင်းမင်း ဆိုတဲ့သူ ရှိသေးတယ်။ စက်ပျက်လို့ သွားခေါ်ရင် အော်ဟစ်ပြောဆိုပါတယ်။ တခါတလေ ဆဲပါသေးတယ်။ လိုင်းထဲ စက်လာပြင်ရင် “သားပြော မယားပြော ပြောပါတယ်” ။ စက်ချုပ်တဲ့ မိန်းကလေးတွေမှာ ရှက်ကြလွန်းလို့ပါ။ ဟိုရက်က စက်ရုံ အကြံပြုစာထည့်တိုင်တာ ၊ စက်ရုံဘက်က အသေအချာ ရှင်းမပေးဘူး။ TianJin Fashion Milestone စက်ရုံက ရန်ကုန်မြို့ ၊လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်၊ ဆိပ်ကမ်းသာလမ်း မှာပါ ။အချိန် အောလင်းတွေ စက်ရုံက အတင်းအကျပ်ခေါ်ပါတယ်။ ပါကင်၊ မီးပူ(Iron) နဲ့ စက်ချုပ် တချို့ပါပါတယ်။
 
ပြီးခဲ့တဲ့ ၂၆ ရက်ညက အချိန်ပို အောလင်း ဆင်ရတဲ့သူတွေ ရှိပါတယ်။ စက်ရုံဘက်က အချိန်ပို အော်လင်းခေါ်တာကို သဘောမတူသူတွေရှိပါတယ်။ သဘောမတူတွေက မဆင်းဘူး ပြောရင် ခေါင်းဆောင်တွေ ဖိတာပေး အတင်းဆင်းခိုင်းပါတယ်။ ဒါကြောင့် မဆင်းချင်လည်း ဆင်းနေရပါတယ်။
 
စက်ရုံက ဖွဲ့စည်းပေးထားတဲ့ WCC အဖွဲ့ရှိပါတယ်။ စက်ရုံ အလုပ်သမားတွေအတွက်တော့ တာဝန်ယူ ညှိနှိုင်းဖြေရှင်းပေးတာမျိုး မရှိပါဘူး ။ လာရောက် စစ်ဆေးပေးပါရှင့် ။
(TianJin Fashion Milestone စက်ရုံက တရုတ်နိုင်ငံသားပိုင်စက်ရုံဖြစ်ပြီး Sinsay , VERO MODA နဲ့ LC WAIKIKI အမှတ်တံဆိပ်တွေကို လုပ်သား တထောင်ကျော် နဲ့ ချုပ်လုပ်နေတယ်လို့ သိထားရပါတယ်။)

Related posts

Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026
Cover
Myanmar Zhen Xiang Garment တပတ် နာရီ ၂၀ ကျော် အချိန်ပိုဆင်းခိုင်း ဖယ်ရီမပေးဘဲ ဆဲဆို
Jun 07, 2026
Cover
Casico Garment တွင် နှစ်လုံးရောင်းချသူ ဖုန်းအား မသိမ်းဘဲ၊ အလုပ်သမား ဖုန်း အားလုံး သိမ်းဆည်း
Jun 07, 2026
Cover
Saifeom International အထည်ချုပ် လျှစ်စစ် အန္တရာယ်နှင့် ကြုံတွေ့နေရ
Jun 07, 2026
Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026