NEWS

Tian Yu စက်ရုံ စစ်ဆေးရေး ဝင်တိုင်း လိမ်လည် ဖြေကြားခိုင်း၊ အမှန်တိုင်းဖြေမိသူ အလုပ်ထုတ်ခံရ

CoverLogo
538 Views
 
ညီမက Tian Yu ဖိနပ်စက်ရုံမှာ အလုပ် လုပ်တာပါ။
စက်ရုံမှာ အလုပ် လုပ်နေတာလည်း တော်တော် ကြာနေပြီ။
စက်ရုံအကြောင်း ခဏခဏ တိုင်ကြပါတယ် ၊ ထိထိရောက်ရောက် ဖြေရှင်းတာ မရှိခဲ့ဘူး။
အခု သတင်း post အောက်မှာ မှတ်ချက် commentတွေ ရေးနေကြတယ်ဆိုတာကလည်း ၊ တနေ့က စက်ရုံမန်နေဂျာက ခေါင်ဆောင်ပိုင်းတွေကို အစည်းအဝေး ခေါ်ပြီး သတင်းအောက်မှာ အခုလိုတွေ သတင်းရေးထားတာ မဟုတ်ပါဘူးဆိုတာ ရေးပေးလို့ ပြောတယ်။
 
အဲ့ဒါကြောင့် သူတို့တွေ ရေးနေကြတာပါ။
ရေးကြသူ အများစုက ခေါင်းတောင်ပိုင်းတွေနဲ့ စက်ရုံမှူးရုံးခန်းက လူတွေ ပါပဲ။ အခု သတင်း postအောက်မှာ ဝင်မန့်တဲ့ သူတွေဆို ညီမနဲ့ သိတဲ့ ခေါင်းဆောင်ပိုင်းတွေ၊ အသိတွေ ပါပါတယ်။ လက်ရှိ စက်ရုံမှာ ည ၈ခွဲ အထိ ဆင်းနေရတာ မျိုးတော့မရှိသေးဘူး။ နောက်ရက်တွေ ခေါ်တော့မယ်လို့တော့ ကြားတယ်။ အခုအထိ ည ၇ခွဲအထိပဲ ဆင်းရသေးတယ်။
 
စက်ရုံကို လာစစ်တာတော့ ရှိတယ် ၊ အလုပ်သမားရုံးက လူကြီးတွေလာတယ်။ အလုပ်သမားတွေကို စစ်ဆေးဖို့ခေါ်ရင် စက်ရုံက ခေါင်းဆောင်တွေက လမ်းမှာပဲ ဘယ်လိုပြောရမယ်၊ ဘယ်လိုဖြေရမယ် ဆိုတာကို တိုက်ရိုက်သင်ပေးတာ။
ညီမ ကိုယ်တိုင်လည်း သင်ထားပေးသလို ဖြေခဲ့ရတယ်။
 
တခါတလေ လူသစ်တွေကို မေးလို့ ၊ သူတို့ သင်ပေးသလို မဖြေမိဘဲ မှားဖြေတဲ့ မိန်းကလေး တစ်ယောက်ကို ဆဲဆိုပြီး စက်ရုံက အလုပ်ထုတ်ခဲ့ဖူးတယ်။ အလုပ်သမားရုံးက လူကြီးရှိနေလို့ နေ့လည် ထမင်းစားဆင်းရင် တံခါးဖွင့်ပေးထားတယ်။ ကျန်တဲ့ ရက်တွေဆို လိုင်းဆရာ လက်မှတ် ခေါင်းဆောင်လက်မှတ်ပါတဲ့ ဂိတ်ပတ်စ်နဲ့ မှ ထွက်ရတယ်။
ထွက်ရင်လည်း ဘာအကြောင်းကြောင့်ဖြစ်ဖြစ် မမေးဘူး။ မရဘူးဆိုတာဘဲ။ ဘာညာနဲ့ လွယ်လွယ် မရကြဘူး။
မပြောရဲလို့ မပြောကြတာ။
 
အချိန်ပိုမရှိတဲ့ အလုပ်ဆင်းချိန်ကတော့ ည ၆ခွဲ ဆိုတာက ပုံမှန်ပါပဲ။ အချိန်ပို ရှိရင် ၇ ခွဲ။ တနေ့ကို အချိန်ပိုက ပုံမှန် ၂ နာရီ၊ ၃ နာရီလုပ်နေရတာ။ အခုက အောက်ထပ်တွေမှာ ည ၇ခွဲ ဆင်းရတယ်။ အပေါ်ထပ်က ၆ခွဲ အထိ ဆင်းရပါတယ်။
တနင်္ဂနွေကို တစ်ပတ်ခြား ဆင်းရတယ်။
 
ဒါတွေက ညီမ ကြုံရတာပါ။ စက်ရုံအဖြစ်အပျက်တွေ အကြောင်း အကောင့် တခုက အမှန်တိုင်း မန့်ထားတာလည်း တွေ့ရပါ။
 
အလုပ်သမားတွေဘက်က အမြဲရပ်တည် သတင်းရေးပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်ရှင့်။
(Tain Yu ဖိနပ်စက်ရုံက ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန် ၊ ပိထောက်လမ်းမှာ ရှိပြီး တရုတ်နိုင်ငံသားပိုင် စက်ရုံလို့ အလုပ်သမားတွေက ပြောထားပါတယ်။ Tain Yu ဖိနပ်စက်ရုံမှာ အလုပ်သမား ၃၀၀၀ ဝန်းကျင်က H&M တံဆိပ် shoes ဖိနပ်တွေ ချုပ်လုပ်တာကို ၂၀၂၃ ခုနှစ်က အချက်အလက် တွေမှာ တွေ့ရပါတယ်။)

Related posts

Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026
Cover
Dongxin Garment Co, Ltd လုပ်ခတိုးပေးရန်တောင်းဆိုမှု အလုပ်ရှင်အလုပ်သမား ဒုတိယအကြိမ် စာချုပ်ချုပ်ဆို
May 30, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အထည်စံချိန်မပြည့်ပါက အလုပ်ထုတ်မည်ဟု နို့တစ်ကပ်
May 30, 2026
Cover
FM (1) အထည်ချုပ်စက်ရုံ သတ်မှတ်လစာ လျှော့ပေး
May 30, 2026
Cover
YST Co.,Ltd အထည်ချုပ် မန်နေဂျာမှ အထည်မရလို့ ကိုယ်ထိလက်ရောက် ကျူးလွန် ခိုင်းစေ
May 29, 2026
Cover
New Zhong Hui အထည်ချုပ် အချိန်ပို မဆင်းလို့ အလုပ်ထုတ်နေ
May 29, 2026
Cover
Victory Myanmar အထည်ချုပ် အချိန်ပို စစ်ဆေးမှုကို တိမ်းရှောင်ခိုင်း
May 29, 2026
Cover
He MeT (2)Co.,Ltd စက်ရုံ အချိန်ပို လုပ်ခမပေးဘဲ ကိုယ့်စရိတ်နှင့်ကိုယ် လုပ်ကိုင်ပေးနေရ
May 29, 2026