NEWS

Tha Shu (Myanmar) Glory Fashion အထည်ချုပ် စက်ရုံ နားချိန်မပေးဘဲ ၇  နာရီဆက်တိုက် ခိုင်းစေ၊  ထမင်းစားဆောင်တွင် ကျပ်တည်းစွာ စားသောက်ရ

CoverLogo
914 Views

ရွှေသံလွင်စက်မှုဇုန်၊ သံလွင်လမ်းက Tha Shu (Myanmar) Glory Fashion အထည်ချုပ် စက်ရုံမှာ နားချိန်မပေးဘဲ အချိန်ပို ဆက်လက် လုပ်ကိုင်ခိုင်းတာကြောင့် ၇ နာရီဆက်တိုက် လုပ်ကိုင်နေရတယ်လို အလုပ်သမားတွေက ပြောပါတယ်။

“နေ့လယ် ၁၂ ခွဲကတည်းက ည ၇ နာရီအထိ ဆက်တိုက်လုပ်ရတယ်။ အနားကို မပေးတာ။ ဘာမှလည်း မကျွေးဘူး။ အလုပ်သမားတွေ ဆာကြတာပေါ့။ “ လို ပြောပါတယ်။

အစာအိမ်နဲ့ လေအောင့်ရောဂါရှိတဲ့ အလုပ်သမားတချိုက မုန့်စားတာကိုလည်း စက်ရုံဘက်က သေချာစောင့် ကြည့်ပြီး ဝိမ်တိန်(သတိပေး) လက်မှတ်ထိုးခိုင်းတယ်လို အဲ့ အလုပ်သမားက ပြောပါတယ်။ မြန်မာနိုင်ငံမှာ ပြဌာန်းထားတဲ့ အလုပ်သမား ဥပဒေမှာတော့ အလုပ်ချိန်အပိုင်းအခြား ၅ နာရီထက်ပိုပြီး ဆက်တိုက် ခိုင်းစေ ခွင့်ပြုခွင့်မရှိဘူးလို ရေးသားထားပါတယ်။ 

စက်ရုံအတွင်း ထမင်းစားဆောင်မှာ ပစ္စည်းတွေချထားတာကြောင့် စားသောက်ဖို အဆင်မပြေတာ၊ သောက်သုံးရေ မသန့်ရှင်းတာ၊ ကိုယ်ပိုင်ရေဗူးယူခွင့်မပေးတာ၊ စက်ရုံတခါးတချပ်သာဖွင့်ပေးတဲ့အတွက် အလုပ်သမားတွေ အပူဒဏ်ခံစားရတာတွေ ကြောင့် သက်ဆိုင်ရာကို ပြီးခဲ့တဲ့ လက တိုင်ကြားခဲ့တယ်လို  အလုပ်သမားတွေက ပြောပါတယ်။

အလုပ်သမားရုံးတာဝန်ရှိသူတွေ လာရောက်စစ်ဆေးခဲ့မဲ့ တိုင်ကြားထားတဲ့ အချက်အလက်ကို စက်ရုံဘက် က ပြင်ဆင်တာမရှိဘူးလို အလုပ်သမားတွေက ပြောပါတယ်။ 

“အပြင်မှာမိုးရွာ၊ စက်ရုံထဲက ပူဆိုတော့ ဖျားကြတာပေါ့၊ တချိုမူးလဲတာတွေရှိတယ်။  ရုံးကလည်း ၄ ယောက်လာ စစ်တယ်။ အခုအထိဘာမှ မပြောင်းလဲဘူး။ ထမင်းစားဆောင် လာကြည့် ကျပ်နေဆဲ၊ အပူဒဏ်လည်း ခံနေရတုန်း ပဲ၊ သောက်ရေလည်း မသန့်မရှင်းနဲ့။ မန်နေဂျာ၊ အောစူပါနဲ့ စူပါတွေလည်း ဆဲဆိုနေဆဲပဲ” လို အလုပ်သမား တဦးက ပြောပါတယ်။

စက်ရုံဘက်က အထည်အရည်အတွက်(စံချိန်)ကို တနာရီ အထည် ၄၀ အထိ တောင်းခံပြီး မပြည့်တဲ့ စက်လိုင်းတွေ က အလုပ်သမားတွေကို စက်ရုံတာဝန်ရှိသူတွေက ဆဲဆိုနေတာလို အလုပ်သမားက တဦးက ပြောပါတယ်။  
“ရှေ့တန်းတွေက စူပါ လေးယောက်လည်း တအားဆဲတယ်၊ အောစူပါကလည်း လာဆဲတယ်၊ မန်နေဂျာအမျိုးသမီ ကလည်း ဝင်ဆဲသေးတယ်။ အဆဲခံရသူတွေ ဘယ်လို နေလဲမသိဘူး။ ကြားရတဲ့သူတောင် ဝမ်းနည်းလာတယ်” လို ပြောပါတယ်။

Tha Shu (Myanmar) Glory Fashion အထည်ချုပ်စက်ရုံကို တရုတ်နိုင်ငံသားတဦးပိုင်ဆိုင်တယ်လို သိရပါတယ်။ စက်ရုံအတွင်း စက်လိုင်း ၁၅ လိုင်းနဲ့ လုပ်သား ၁၂၀၀ ဝန်းကျင် လုပ်ကိုင်နေတယ်လို အလုပ်သမားတွေက ပြောကြား ထားပါတယ်။

 


Related posts

Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026
Cover
Myanmar Handsome စက်ရုံ အချိန်ပို အတင်းကျပ် ဆင်းခိုင်း
Jun 25, 2026
Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026
Cover
စုပေါင်းတောင်းဆိုနေသည့် အလုပ်သမားများအား Max Technology  စက်ရုံ အတွင်း ဝင်ခွင့်မပေး
Jun 24, 2026
Cover
Tanjin fashion milestone အောစူပါ၊ စူပါများ ကလေးလုပ်သားများအား အလုပ်သွင်း
Jun 23, 2026
Cover
ဟွာဖု (မြန်မာ) အထည်ချုပ် လုပ်အားခ ခေါင်းပုံဖြတ်ဖို့ နေ့စားလုပ်သား ခိုင်းနေ
Jun 23, 2026
Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026