NEWS

Textile Palace 2 စက်ရုံ လုပ်သက်နှစ်ကြေး သုံးနှစ်ပြည့်မှ ပေး

CoverLogo
1.5K Views
 
တနှစ်ပြည့်မှ ရတဲ့ လုပ်သက် နှစ်ကြေးတွေကို Textile Palace 2 စက်ရုံ တာဝန်ရှိသူဘက်က သုံးနှစ်ပြည့်မှ ထုတ်ပေးတဲ့ ပုံစံကို ကျင်သုံးနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ ဒီလို ထုတ်ပေးတဲ့ ပုံစံက အလုပ်သမားတွေရဲ့ သဘောဆန္ဒမပါဘဲ ကျင့်သုံးနေတာ ဖြစ်တယ်လို့ သိရပါတယ်။
 
" ၃နှစ်မှ ပေးတဲ့ စနစ်ကလည်း နှစ်ပြည့်ရင်တောင် ၂နှစ်စာပဲ ထုတ်ပေးတယ်။ ၁နှစ်စာကိုတော့ နှစ်အပေါင် ထားတယ်ဆိုပြီး မပေးပြန်ဘူး။ ဥပဒေအရဆို ၁နှစ် ပြည့်တာနဲ့ ထုတ်ပေးရမှာ။ နှစ်ပြည့်ရင်တော့ ကိုယ့်ပိုက်ဆံ ကို လိုချင်တာပေါ့။" လို့ အလုပ်သမားတွေက ပြောပါတယ်။
 
၁၉၅၁ ခုနှစ် ၊ခွင့်ရက်နှင့် အလုပ်ပိတ်ရက် အက်ဥပဒေမှာတော့ “လုပ်သက် အခကြေးငွေ သည် တစ်ဆက်နည်း ၁၂လပြည့်အောင် လုပ်ခဲ့သည့် အလုပ်သမားအား နောက်လာမည့် ၁၂လအတွင်း တွင် ပျမ်းမျှအခကြေးငွေဖြင့် ဖြစ်စေ ၊ ခွင့်ရက်ကို ၁၀ရက် တစ်ဆက်တည်း ခွင့်ပြုရမည်” လို့ ပြဌာန်းထားပါတယ်။
 
စက်ရုံမှာ လုပ်သား ၇၀၀ ကျော်ရှိပြီး ရန်ကုန်တိုင်း မှော်ဘီမြို့နယ် ၊ မြောင်းတကာစက်မှုဇုန်၊ စက်မှုလမ်းမှာ ဖွင့်လှစ်ထားပါတယ်။ ဒါ့အပြင် စက်ရုံဘက်က အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက် စာချုပ် (EC စာချုပ်) ကို တနှစ်ကြာတဲ့ အထိ ချုပ်ဆို မပေးတာကြောင့် စာချုပ်ပါ အခွင့်အရေးတွေ နစ်နာမှာကို စိုးရိမ်တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
"ဝန်ထမ်းဟောင်းဆိုရင်လည်း ၁နှစ်ကျော်မှ စာချုပ် ချုပ်တယ်၊ ဝန်ထမ်းသစ်တွေက ၁နှစ်ပြည့်တော့မယ် ချုပ် မပေးဘူး " လို့ပြောပါတယ်။
 
အလုပ်အကိုင်နှင့် ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေးဥပဒေ အခန်း(၃) ပုဒ်မ ၅၊ ပုဒ်မခွဲ (က)(၁) မှာတော့ အလုပ်ရှင် အနေနဲ့ အလုပ်သမားကို အလုပ်ခန့်ပြီးပါက ရက်ပေါင်း၃၀ အတွင်း အလုပ်ခန့်ထားမှု ဆိုင်ရာ သဘောတူညီချက် စာချုပ် (EC) ချုပ်ဆိုရမယ်လို့ ပြဌာန်း ထားပါတယ်။
 
Textile Palace 2 အထည်ချုပ် စက်ရုံကတော့ တရုတ်-မြန်မာ ဖက်စပ် ပိုင်ဆိုင်ပြီး မြန်မာနိုင်ငံသားအမည်နဲ့ ဖွင့်လှစ်ထားတယ်လို့ အလုသမားတွေက ပြောပါတယ်။ စက်ရုံမှာ Sinsay, GEMO , Suivez Nous , Trollkids စာတဲ့ ဥပရောပ အမှတ်တံဆိပ်တွေ ချုပ်လုပ်နေပါတယ်။

Related posts

Cover
Myanmar Handsome မန်နေဂျာ လုပ်အားခ ခေါင်းပုံဖြတ်
Aug 07, 2026
Cover
Yuan Hong Garment မှာ အပတ်တိုင်း အချိန်ပို ခိုင်းခွင့် အလုပ်သမားရုံး ဦးစီးမှူး ကိုယ်တိုင် ခွင့်ပြုပေးထား
Aug 07, 2026
Cover
New Zhoung Hui အထည်ချုပ် စနေ့နေ့ အလုပ်ဆင်းခိုင်းပြီး အချိန်ပိုကြေးမပေး
Aug 07, 2026
Cover
Jin chang Myanmar အထည်ချုပ် စံချိန်မရလို့ တနင်္ဂနွေပိတ်ရက်ပါ အလုပ်ဆင်းခိုင်း
Aug 05, 2026
Cover
Spring Moon Garment Co,Ltd အထည်ချုပ်လုပ်သားတွေ လုပ်ခတိုးမြှင့်ပေးရန်တောင်းဆိုနေ
Aug 05, 2026
Cover
SHWE MYINN စက်ရုံ အချိန်ပို မဆင်းနိုင်ပါက အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Aug 05, 2026
Cover
Victory Myanmar အထည်ချုပ် အချိန်ပို မနက် ၃ နာရီအထိ တစ်ပတ် လေးရက် ခေါ်ခိုင်း
Aug 05, 2026
Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026