NEWS

Tech-wear (BonTech) အချိန်ပိုကြေး အပြည့်မပေး

CoverLogo
505 Views
 
Tech-wear စက်ရုံမှာ အချိန်ပိုခိုင်းပြီး တန်ရာတန်ကြေးမပေးလို့ပါ။ အလုပ်သမားတွေ ခေါ်တာက ဘွန်တက် BonTech စက်ရုံလို့ သိကြပါတယ်။
 
အချိန်ပို ot တွေက ည ၇ နာရီခွဲ ပုံမှန်ပါ။ ဒါပေမဲ့ ည ၉ နာရီခွဲ အထိလည်း လုပ်ရပါတယ်။ အောလင်းတွေလည်း ဆင်းရပါတယ်။ တနင်္ဂနွေလည်း ဆင်းရပါတယ်။
 
ဒီလို အချိန်ပိုတွေလုပ်ရတော့လည်း လုပ်ခတွေကို ပိုက်ဆံအပြည့်ဝမရှင်းပေးဘူး။ အထည်ကြေးလည်း မပေးပါ ဘူး။
ပိတ်ရက်ကို ot အလုပ်ဆင်းခိုင်းပြီး ဒေးကြေး ၂ ဆမရှင်းပေးပါဘူး။ တနင်္ဂနွေနေ့ဆိုရင် ၂ ဆ၊ နှစ်သောင်း သုံးထောင် ရှင်းပေးရမှာကို ၊ နှစ်သောင်းပဲ ပေးပါတယ်။
 
အောလင်းဆင်းရရင် တစ်သောင်းခြောက်ထောက် ရှစ်ရာပဲ ပေးပါတယ်။ သတ်မှတ်ထားသလို အပြည့်မပေးပါဘူး။
စတိုင်တစ်ခုချုပ်ရပြီဆိုရင် ကွန်တိန်နာထွက်ဖို့ ရက်နီးနီးလေး မှာ ချပေးပါတယ်။
 
စတိုင်တခုဝင်တာနဲ့ လိုင်းကမချိန်းရသေးဘူး။ နောက်အိပ်စပို့ date ကသိနေရပါပြီး ။ အသည်းအသန် ချုပ်ရပါတယ်။
ချုပ်တာ လက်သား ကျ လက်သားတောင် မသေသေးဘူး၊ အာဝါတီ အထည်စံချိန်တောင်းပါတော့တယ်။ မချုပ်နိုင်တော့ အိပ်စပို့ မီအောင် အချိန်ပို ot တွေ ခေါ်ပါတော့တယ်။ အမြဲ အချိန်ပို လုပ်ရတော့ တာပဲ။ စနေနေ့ဆို အလုပ်ဆင်းချိန် ညနေ ၄နာရီ ဆင်းမပေးပါဘူး။ ည ၈နာရီအထိ ဆင်းရပါတယ်။
 
ညီမတို့ အိမ်တွေနဲ့ အလုပ်နဲ့က ဝေးပါတယ်။ အချိန်ပိုတွေ ဆက်တိုက်ဆင်းရတာ အဆင်မပြေပါဘူး။
အချိန်ပို အောလင်းဆင်းရတော့ စက်ရုံနဲ့ ဝေးတဲ့သူတွေဆို ဖယ်ရီ မပေးတော့ဘူး။ အိမ်က မိဘတွေလည်း မယုံတော့ဘူး၊ မဖြစ်လို့ အလုပ် လုပ်နေရတာပါ။
 
အောတစ်(ကုန်အမှတ်တံဆိပ်)တွေ၊ စစ်ဆေးရေးလည်း မဝင်ပါဘူး။ မစစ်ကြပါဘူး။
ညီမတို့မှာ အခက်အခဲ ရှိတာကို ဘယ်သူ့ ပြောပြရမလဲ ဆိုတာ မသိလို့ပါ။
သက်ဆိုင်သူတွေကို သိစေချင်ပါတယ်ရှင့် ။

Related posts

Cover
Dongxin Garment Co, Ltd လုပ်ခတိုးပေးရန်တောင်းဆိုမှု အလုပ်ရှင်အလုပ်သမား ဒုတိယအကြိမ် စာချုပ်ချုပ်ဆို
May 30, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အထည်စံချိန်မပြည့်ပါက အလုပ်ထုတ်မည်ဟု နို့တစ်ကပ်
May 30, 2026
Cover
FM (1) အထည်ချုပ်စက်ရုံ သတ်မှတ်လစာ လျှော့ပေး
May 30, 2026
Cover
YST Co.,Ltd အထည်ချုပ် မန်နေဂျာမှ အထည်မရလို့ ကိုယ်ထိလက်ရောက် ကျူးလွန် ခိုင်းစေ
May 29, 2026
Cover
New Zhong Hui အထည်ချုပ် အချိန်ပို မဆင်းလို့ အလုပ်ထုတ်နေ
May 29, 2026
Cover
Victory Myanmar အထည်ချုပ် အချိန်ပို စစ်ဆေးမှုကို တိမ်းရှောင်ခိုင်း
May 29, 2026
Cover
He MeT (2)Co.,Ltd စက်ရုံ အချိန်ပို လုပ်ခမပေးဘဲ ကိုယ့်စရိတ်နှင့်ကိုယ် လုပ်ကိုင်ပေးနေရ
May 29, 2026