NEWS

Tain Yu ဖိနပ် စက်ရုံတွင် အများပြည်သူ ရုံးပိတ်ရက်များနှင့် တနဂ်နွေပိတ်ရက်တိုင်း အချိန်ပို ခေါ်ယူနေ

CoverLogo
1.1K Views

တရုတ်နိုင်ငံသားပိုင်ဖြစ်တဲ့ Tain Yu ဖိနပ်စက်ရုံမှာ အများပြည်သူရုံးပိတ်ရက် တွေနဲ့ တနဂ်နွေ ပိတ်ရက်‌‌တိုင်းမှာ အချိန်ပို ခေါ်ယူနေတယ်လို့ အလုပ်သမားတွေဆီက သိရပါတယ်။ 

ဒီစက်ရုံကို လှိုင်သာယာမြို့နယ် ရွှေလင်ဗန်း စက်မှုဇုန်မှာ ဖွင့်လှစ်ထားတာဖြစ်ပြီး လုပ်သားအင်အား ထောင်ဂဏန်းနဲ့ လုပ်ငန်းလည်ပတ်နေတယ်လို့ သိရပါတယ်။ 

"အချိန်ပိုတွေက အများပြည်သူရုံးပိတ်ရက်တွလည်း ခေါ်တယ်။တနဂ်နွေ ပိတ်ရက်လည်း ဆင်းရတယ် ။ ညီမအလုပ်ဝင်တာ တစ်နှစ်ကျော်ရှိပြီ။ အဲဒီအချိန်မတိုင်ခင်ကတည်းက ခေါ်တာ။ မဆင်းဘူးဆို အပြောအဆို ခံရတယ်။ ခွင့်ယူရတာလည်း အရမ်းခက်တယ်။ တော်ရုံဆို မပေးဘူး" လို့ စက်ရုံ အလုပ်သမားတစ်ဦးက ပြောပါတယ်။ 

လုပ်ငန်းခွင်တွင်းမှာ ချိုးဖောက်မှု တွေ ရှိနေ ပေမယ့် အလုပ်သမားတွေဘက်က တောင်းဆိုမှုတွေ မလုပ်ရဲဘူးလို့ စက်ရုံအလုပ်သမားတစ်ဦးက ပြောပါတယ်။ 

အချိန်ပို ခေါ်ယူတာတွေနဲ့ ပတ်သက်ပြီး အလုပ်သမားရုံးတွေကို တိုင်ကြားစာ ပေးပို့ ပေမယ့် ထိရောက်မှု မရှ်ိဘူးလို့ အလုပ်သမား‌ တွေဆီက သိရပါတယ်။ 

''ဇွန်လထဲမှာ တစ်လလုံး အပြည့်ဆင်းရတယ်။ တစ်လလုံး တနဂ်နွေ တစ်ရက်ပဲ ပိတ်တယ်။ အစ်နေ့လည်း ဆင်းရမယ်။ လတိုင်းမှာ ပိတ်ရက်က နှစ်ရက်လောက်ပဲ ရှိတယ်။ နေ့တိုင်းအချိန်ပိုတွေဆင်းနေရလည်း တနဂ်နွေကို မပိတ် ပေးဘူး''လို့ သူက ပြောပါတယ်။ 

ဒီစက်ရုံမှာ နေ့စဉ် မနက် ၇နာရီ ၂၀မိနစ်အရောက် လုပ်ငန်းခွင်ဝင်ရပြီး ည‌‌၇နာရီ ၃၀မိနစ်ထိ နေ့စဉ်နီးပါး အချိန်ပို လုပ်ကိုင်နေရတာ ဖြစ်ပါတယ်။ 

အချိန်ပို မဆင်းတဲ့ အလုပ်သမားတွေကို ခေါ်ယူကြိမ်း မောင်းတာ ၊ လုပ်ငန်းခွင်ထဲ ဖိအားပေးတာ‌ တွေ လုပ်နေတယ်လို့ သိရပါတယ်။ 

စက်ရုံတွင်းမှာ WCC ဖွဲ့စည်းထားပေမယ့် ပါဝင်သူ‌ေတွကို အလုပ်သမားတွေက မသိရသလို ရွေးချယ်တာလည်း မရှိခဲ့ဘူးလို့ အလုပ်သမားတွေက ပြောပါတယ်။ 

ဒါ့အပြင် ဥပဒေပါအတိုင်း ခွင့်ရက်ရယူရင်လည်း ရက်မှန် ကြေး အဖြတ်ခံရတာ၊ ဒေး ကြေး အဖြတ်ခံရတာတွေ ရှိနေတယ်လို့ သိရပါတယ်။ 

"အချိန်ပိုဆင်းလို့ လစာရတယ်ဆိုပမယ့် တစ်လလုံး မနားရတာကျ အဆင်မ ပြေဘူး။ တနဂ်နွေ ကိုတော့ ပိတ်စေချင်တယ်။ အခုက ပိတ်ရက်ကို မရှိသလောက် ဖြစ်နေတာ။ ဒီလိုခေါ်နေတာလည်း ကြာ နေပါပြီ။ ဒီလောက် အချိန်ပို တွေ ခေါ်နေတာ ဌာနက လက်ခံ နေတာလည်း မဖြစ်သင့်ပါဘူး"လို့ စက်ရုံ အလုပ်သမားက ပြောပါတယ်။ 

အလုပ်သမားတွေကို နေ့စဉ်အလုပ်ချိန် မနက် ၇နာရီ ၂၀ မိနစ်မှ ည ၈ နာရီ ၃၀ ထိ ခေါ်လေ့ရှိပြီး အော်ဒါရရှိမှုပါ် မူတည်ကာ လိုင်းတစ်ချို့ကို ညနေ ၆ နာရီ ၃၀မိနစ်အထိဖြစ်စေ ည ၇ နာရီ ၃၀ မိနစ်အထိဖြစ်စ ခေါ်ယူနေတယ်လို့ သိရပါတယ်။ 

"စက်ရုံဘက်က အဝေးသမားတွေကို ဖယ်ရီစီစဉ်‌ေပးထားတယ်။ အနီးအနားကတော့ ကိုယ့်အစီအစဉ်နဲ့ ပြန်ရတယ်။ စက်မှုဇုန်ဆိုတော့ လူပြတ်လို့ အိမ်ကလာကြိုရတယ်။ မကြာခဏ အလုခံရတာတွေလည်း ကြားရတာပဲ"လို့ သူက ပြောပါတယ်။ 

စက်ရုံလုပ်ငန်းခွင်တွင်းမှာ လေဝင်၊လေထွက် ကောင်းမွန်မှု မရှိသလို အိမ်သာအနံ့အသက်တွေလည်း ရနေတယ်လို့ သိရပါတယ်။ 

ဒီအခြအ နေနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ ဖြေရှင်းပေးစေလိုတယ်လို့ အလုပ်သမားတွေကပြောပါတယ်။ 

 

#MyanmarLabourNews


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026