NEWS

Suntime Jck စက်ရုံတွင် အလုပ်ရပ် တောင်းဆိုမှု ပြီးဆုံး၊ လုပ်ငန်းခွင် ပြန်စ

CoverLogo
452 Views
 
Suntime Jck စက်ရုံအလုပ်သမားတွေရဲ့ အလုပ်ရပ်တောင်းဆိုမှုတွေကို စက်ရုံဘက်က လိုက်လျော လိုက်တာကြောင့် လုပ်ငန်းခွင် ပြန်လည်စတင်မယ်လို့ ပြောပါတယ်။ လုပ်ငန်းခွင် ဖိနှိပ်မှုတွေ ပြုလုပ်နေတဲ့ ကြိးကြပ်သူတဦးကို အောစူပါ အဖြစ် ခန့်ထားခဲ့တာကို ပြန်လည် သုံးသပ်နိုင်ဖို့ အလုပ်သမားတွေက အလုပ်ရပ်ဆိုင်းပြီး တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။
 
“ မနေ့က တနေကုန် ညှိနှိုင်းပြီး၊ ညနေလောက်မှာ အလုပ်သမားတွေရဲ့ တောင်းဆိုမှုတွေကို လိုက်လျော လိုက်တယ်။ အလုပ်ရပ်တောင်းဆိုနေတဲ့ အလုပ်သမား တွေကိုလည်း ညနေ ၄ ခွဲမှာ ပြန်လွှတ်ပေးလို့။ ဒီမနက် လုပ်ငန်းခွင် ပြန်စကြတော့မယ်.” လို့ အလုပ်သမားတွေက ပြောပါတယ်။
 
အလုပ်ရပ်တောင်းဆိုမှုက မေလ ၈ ရက်မှာ စတင်ခဲ့တာဖြစ်လို့ စုစုပေါင်း ၄ ရက် ကြာမြင့်ခဲ့ပါတယ်။ တောင်းဆိုမှုကို စက်လိုင်း ၁၀ လိုင်းပါဝင်ပြီး အလုပ်သမားတွေက လုပ်ငန်းခွင်အတွင်းမှာပဲ အလုပ် မလုပ်ဘဲ တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။
 
“ အလုပ်သမားတွေ စုစုစည်းစည်း တောင်းဆိုခဲ့လို့ ရခဲ့တာပါ။ ညီမတို့ ကန့်ကွက်ထားတဲ့ တယောက်ကလည်း ထွက်စာ တင်သွားလို့ ကြားတယ်။ အလုပ် ပြန်လုပ်တော့မှာပါ။” လို့ အလုပ်သမားတဦးက ပြောပါတယ်။
 
အလုပ်ရပ်တောင်းဆိုခဲ့တဲ့ ရှေ့ပိုင်းရက်တွေမှာ စက်ရုံဘက်က ညှိနှိုင်းဖြေရှင်းတာ မရှိခဲ့ဘဲ အလုပ်မလုပ်သူတွေကို လုပ်ခလစာ မပေးဘူးဆိုပြီး ပြောဆိုခဲ့ပါတယ်။ ဒီနောက် စက်ရုံတာဝန်ရှိသူတွေနဲ့ အလုပ်သမားတွေကြား တိုက်ရိုက်ညှိနှိုင်းမှုတွေ ပြုလုပ်ခဲ့ပြီး တရက်အကြာမှာ တောင်းဆိုမှုတွေကို စက်ရုံဘက်က လိုက်လျောခဲ့တာ ဖြစ်ပါတယ်။
 
Suntime Jck စက်ရုံက တရုတ်နိုင်ငံသားပိုင်ဖြစ်ပြီး ရွှေပြည်သာစက်မှုဇုန် ၂ ၊ သံချပ်ဝန်ဦးညွှန်လမ်းမှာ လုပ်သား ၁၀၀၀ ဝန်းကျင်လုပ်ကိုင်နေတဲ့ အထည်ချုပ်စက်ရုံဖြစ်ပါတယ်။
 
Photo - စက်ရုံအတွင်း မီးပိတ် အလုပ်ရပ်တောင်းဆို နေကြစဉ်

Related posts

Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026
Cover
STUM ဦးဆောင်သူ ဒေါ်မျိုးအေးရဲ့အယူခံဝင်မှုအား ပလပ်၊ ဒုတိယအကြိမ်အယူခံတင်မည်
Mar 31, 2026
Cover
Asdet Myanmar Garment .စက်ရုံ အထည်စံချိန်တိုးတောင်းပြီး ဖိအားပေး အတင်းအကျပ် ချုပ်ခိုင်း
Mar 31, 2026
Cover
Jinli Garment တိုင်ကြားလို့ ဆိုပြီး အလုပ်သမားများအား ခြိမ်းခြောက်
Mar 27, 2026
Cover
ဝါးတရာစက်မှုဇုန် ရှိ ပလတ်စတစ်စက်ရုံ မှ အလုပ်သမား ၁၈ ဦးခန့် ဓာတုအဆိပ်သင့်မှုဖြစ်ပွား
Mar 26, 2026
Cover
စုယုအိ အထည်ချုပ် စက်ရုံ ပြန်ချိန် သတ်မှတ်ချက်မရှိဘဲ အချိန်ပို ဆင်းခိုင်း
Mar 26, 2026