NEWS

Sunrise Myanmar Fashion အထည်ချုပ်စက်ရုံက လုပ်သက် (၃) လပြည့် နေ့စားလုပ်သားများကို ဥပဒေနဲ့အညီ လုပ်ဆောင်ပေးရန် လိုလားနေ

CoverLogo
1.3K Views

တရုတ်နိုင်ငံသားပိုင် Sunrise Myanmar Fashion အထည်ချုပ်စက်ရုံက နေ့စားလုပ်သားတွေဟာ လုပ်သက် (၃)လ ကျော်ပြီး (၆)လထိ ရှိနေပေမယ့် အမြဲတမ်းဝန်ထမ်းအနေနဲ့ ခန့်အပ်ခံရတာမရှိသလို ချိုးဖောက်မှုတွေ လုပ်ဆောင်ခံနေရတယ်လို့ သူတို့ကပြောပါတယ်။

စက်ရုံကိုတော့ ရန်ကုန်တိုင်းဒေကြီး၊ ရွှေပြည်သာမြို့နယ်၊ သာဓုကန် စက်မှုဇုန် (၄)၊ ကျောက်စိမ်းလမ်းမှာ ဖွင့်လှစ်ထားပြီး အလုပ်သမားအင်အား (၁၀၀၀) ကျော်နဲ့ Recycle, CLOSSHI Biz စတဲ့ အမှတ်တံဆိပ်တွေကို ချုပ်လုပ်နေတာပါ။

“အလုပ်ချိန်က မနက် (၈) နာရီကနေ ည (၇) နာရီထိ ဆင်းရပါတယ်။ လစာကတော့ တစ်ပတ်တစ်ခါရှင်းပါ။ သူတို့အလုပ်ခေါ်တုန်း တော့ တစ်ရက်ကို (၈၂၀၀) ပေးမယ်လို့ တစ်ခြားခံစားခွင့်တွေပေးမယ်လို့ ကြေညာ ထားပါတယ်။ တကယ်တမ်းကျ တစ်နေ့လုပ်အားခကို (၅၆၀၀) နဲ့ပဲ ရှင်းပါတယ်။ တနင်္လာကနေ စနေအထိ အလုပ်ဆင်းရတယ်။ စနေနေ့နေ့တစ်ဝက်ကို အချိန်ပိုကြေး မပေးပါဘူး။ နေ့စားဆိုပြီး သတ်မှတ်ထားလို့ တနင်္ဂနွေနေ့ အတွက်လည်း လုပ်ခမရပါဘူး။ တစ်ခြားရက်တွေဆိုရင်တော့ အချိန်ပိုဆင်းရရင် တစ်နာရီကို (၁၄၀၀) နဲ့ ရှင်းပေးပါတယ်။ စက်ရုံကရှိပြီးသား အလုပ်သမားတွေကို ဒေးကြေး (၈၂၀၀)ကျပ်၊ ရက်မှန်ကြေး၊ ထောက်ပံကြေး၊ အချိန်ပိုကြေး (၁၈၀၀) ကျပ် ကိုပေးပါတယ်။ ကျွန်မတို့က လုပ်သက် (၃) လကျော်နေပေမယ့် အမြဲတမ်းဝန်ထမ်းမခန့်ပါဘူး”လို့ နေ့စား အလုပ်သမားတစ်ဦးက ပြောပါတယ်။

အဆိုပါစက်ရုံမှာတော့ နေ့စားလုပ်သား (၆၀) နီးပါး ရှိနေတာဖြစ်ပါတယ်။ ဒီလို လုပ်သက်ပြည့်မီတဲ့ နေ့စားဝန်ထမ်း တွေကို အမြဲတမ်းဝန်ထမ်းအဖြစ် ခန့်အပ်မှု မရှိတာကြောင့် နေ့စားသမားတွေဟာ လုပ်ခလစာ၊ ခွင့်ခံစားခွင့်၊ ထောက်ပံ့ကြေးစတာတွေကို ခံစားခွင့် ဆုံးရှုံးနေတာပဲ ဖြစ်ပါတယ်။

“ကျွန်မတို့လည်း စက်ရုံဝန်ထမ်းတွေလို အကုန်အတူတူ လုပ်နေရတာပါ။ ကျွန်မတို့ဆို လစာပေးတာကအစ 
လစာစာရွက်နဲ့ မပေးဘူး။ စာရွက်ပေါ်မှာ နေ့စားလုပ်သူ နာမည်တွေကို ချရေးထားပြီး စုစုပေါင်း ဘယ်လောက် ဆိုတာရေးထားတယ်။ အပေါ်မှာ  လက်မှတ်ထိုးပြီး ပိုက်ဆံပေးတယ်။ အလုပ်သမားအခွင့်အရေးအရတော့ ကျွန်မတို့လည်း အမြဲတမ်းဝန်ထမ်းဖြစ်နေပါပြီ။  လုပ်ခလစာနဲ့ အခြားခံစားခွင့်တွေလည်း အများနည်းတူ ခံစားခွင့်ရှိနေပါပြီ။ ဒါပေမယ့်မရပါဘူး။ စက်ရုံထဲမှာတော့ အလုပ်ရှင်က ဖွဲ့စည်းပေးထားတဲ့ လုပ်ငန်းခွင်ညှိနှိုင်းရေး ကော်မတီ ရှိပါတယ်။ ဒါပေမယ့် အလုပ်သမားအခွင့်အရေးနဲ့ ပတ်သက်ပြီး ဘာမှ ဖြေရှင်းပေးတာမရှိပါဘူး။ တိုင်ကြားတာရှိရင်တောင် အလုပ်ရှင်ဘက်ကို ဘက်လိုက်ပါတယ်”လို့ နစ်နာသူတစ်ဦးကပြောပါတယ်။

Sunrise Myanmar Fashion အထည်ချုပ်စက်ရုံက နေ့စားလုပ်သားတွေအနေနဲ့ စက်ရုံမှာ လုပ်ကိုင်နေတဲ့ အလုပ်သမားတိုင်းကို ဒေးကြေး (၈၂၀၀) ကျပ် ပေးဖို့၊ လုပ်သက် (၃) လပြည့် အလုပ်သမားတွေကို အမြဲတမ်းဝန်ထမ်း ခန့်အပ်ပြီး ခံစားခွင့်တွေပေးဖို့၊ နေ့စားလုပ်သားတွေရဲ့ စနေနေ့နေ့ဝက် အလုပ်ဆင်းခဲ့ရတဲ့ အချိန်ပိုကြေးတွေကို ဘတ်ဒိတ်နဲ့ ပြန်လည်တွက်ချက်ပေးရေးနဲ့ တနင်္ဂနွေနေ့ အလုပ်ပိတ်ရက်တွေအတွက် လုပ်ခလစာခံစားခွင့်ပေးရေး၊ နေ့စားဝန်ထမ်းတွေကို လစာပေးရာမှာ လစာစလစ်ထုတ်ပေးရေးစတာတွေကို လိုလားနေတာဖြစ်ပါတယ်။


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026