NEWS

SUNLONG (Myanmar) Sports Co.,Ltd အိတ်ချုပ် စက်ရုံ အချိန်ပို နေ့စဉ် လုပ်ကိုင်ရပြီး တနင်္ဂနွေနေ့ပါ ဆင်းနေရ

CoverLogo
549 Views
SUNLONG (Myanmar) Sports Co.,Ltd (စန်းလုံ)အိတ်ချုပ် စက်ရုံကပါ ရှင့်။
အကူညီလေး တောင်းချင်ပါတယ်ရှင့်။ .
ရွှေပြည်သာမြို့နယ်သာဓုကန်စက်မှုဇုန် ၊ နွားခြံမှတ်တိုင်အနီး၊ maxဆီဆိုင်အရှေ့(စန်းလုံ) အိတ်ချုပ်စက်ရုံမှာ အလုပ်ဆင်းနေသူပါရှင့် ။ စက်ရုံပိုင်ရှင်က တရုတ်နိုင်ငံသားပါ။
စက်ရုံမှာ အချိန်ပို OTတွေ အရမ်းဆင်းနေရ လို့ပါ။ ဘယ်လိုမှ အဆင်မပြေဖြစ်နေပါတယ်။
အချိန်ပိုက ည၈ခွဲအထိ နေ့တိုင်း ခေါ်ပါတယ်။
စနေနေ့ တစ်ရက်ပဲ ၆နာရီခွဲအထိ ဆင်းရပါတယ်။ တနင်္ဂနွေဆိုလည်း တစ်ပတ်ခြားဆင်းပေးရပါတယ်
မဆင်းရင်လည်း မရပါဘူး။ နားမခံနိုင်အောင် ဆူပူပါတယ်။
မဆင်းလို့လည်း မရဘူးဆင်းနေရပါတယ်။
ညီမတို့မှာ အချိန်ပိုတွေများလို့ စိတ်ပင်ပန်း၊ လူပင်ပန်းတော့ နားချင်ကြတာပါ။ တခါတလေတောင် အချိန်ပို နားခွင့်မရပါဘူး။
ဒီလို အချိန်ပိုဆင်းရတာက ၄ လ ပိုင်း (မတ်လ)တည်းက ဆင်းနေရတာပါ။ အခု ၇လ ပိုင်း (ဇွန်လ) ကုန်ရောက်နေပါပြီ၊ အခုထိဆင်းနေရပါတယ်။
အချိန်ပိုတွေ ဆင်းရတာကြာလာတော့ ကျန်းမာရေးလည်းထိခိုက်ပါတယ်။
အလုပ်ချိန်နောက်ကျမှ အိမ်ပြန်ရတာလည်း အဆင်မပြေလို့ပါ။ လုံခြုံရေးအခြေအနေနဲ့မို့ လမ်းခရီး တခုခု ဖြစ်မှာ စိုးရိမ်ပါတယ်။
စက်ရုံကတော့ အားကစားအိပ်တွေနဲ့ ခရီးဆောင်အိပ်တချို့ ချုပ်ပါတယ်။
ညီမတို့ အခက်အခဲကို သက်ဆိုင်သူတွေကို သိ‌စေချင်ပါတယ်။
Myanmar Labour News ကို အကူအညီတောင်းပါတယ်။

Related posts

Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026
Cover
Dongxin Garment Co, Ltd လုပ်ခတိုးပေးရန်တောင်းဆိုမှု အလုပ်ရှင်အလုပ်သမား ဒုတိယအကြိမ် စာချုပ်ချုပ်ဆို
May 30, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အထည်စံချိန်မပြည့်ပါက အလုပ်ထုတ်မည်ဟု နို့တစ်ကပ်
May 30, 2026
Cover
FM (1) အထည်ချုပ်စက်ရုံ သတ်မှတ်လစာ လျှော့ပေး
May 30, 2026
Cover
YST Co.,Ltd အထည်ချုပ် မန်နေဂျာမှ အထည်မရလို့ ကိုယ်ထိလက်ရောက် ကျူးလွန် ခိုင်းစေ
May 29, 2026
Cover
New Zhong Hui အထည်ချုပ် အချိန်ပို မဆင်းလို့ အလုပ်ထုတ်နေ
May 29, 2026
Cover
Victory Myanmar အထည်ချုပ် အချိန်ပို စစ်ဆေးမှုကို တိမ်းရှောင်ခိုင်း
May 29, 2026
Cover
He MeT (2)Co.,Ltd စက်ရုံ အချိန်ပို လုပ်ခမပေးဘဲ ကိုယ့်စရိတ်နှင့်ကိုယ် လုပ်ကိုင်ပေးနေရ
May 29, 2026