NEWS

Sung BO စက်ရုံလုပ်ငန်းခွင်အတွင်း ခွဲခြားဆက်ဆံတာ‌တွေ လုပ်ဆောင်နေဟုဆို

CoverLogo
1.1K Views

ကိုရီယားနိုင်ငံသားပိုင် Sung BO စက်ရုံမှာလုပ်ငန်းခွင်တွင်း ခွဲခြားဆက်ဆံတာတွေရှိနေတယ်လို့  အလုပ်သမားတွေက ပြောပါတယ်။ 

အဆိုပါ စက်ရုံမှာ လှိုင်သာယာမြို့နယ် စက်မှုဇုန် ၅ ရွှေရင်အေးကျောင်းလမ်း တွင် ဖွင့်လှစ်ထားတာဖြစ်ပြီး လုပ်သားအင်အား ထောင်ကျော်နဲ့  လုပ်ငန်းလည်ပတ်‌ နေတာပါ။ 

ကိုရီယားနိုင်ငံသားပိုင်ဖြစ်ပြီး လုပ်ငန်းခွင်ထဲမှာ အလုပ်သမားသမဂ္ဂဖွဲ့စည်းထားတာမရှိဘဲ  WCC အဖွဲ့ ရှိတယ်လို့ သိရပါတယ်။ 

"ကျွန်တော်တို့က day ကြေးကို ၄၈၀၀ ကနေ ၅၆၀၀ ထိ တိုးတောင်းတယ်။ စက်ရုံနဲ့နှစ်ဖက်ညှိပြီး ၅၂၀၀ နဲ့ လက်ခံလိုက်တယ်။ အချိန်ပို‌ ကြေးက ၁၃၀၀ပေါ့။နောက်ကျွန်တာ်တို့က grade ကြေးလည်း ထပ်တိုးပေးဖို့ တောင်းဆိုတယ်။အမြင့်ဆုံး တစ်သောင်းထိ တိုးပေးဖို့တောင်းတယ်။ သုတို့က အဆင့် A B C သတ်မှတ်ပြီးတိုးပေးဖို့က နှုတ်နဲ့တော့ သဘောတူတယ်။ တောင်းဆိုတဲ့ ကျွန်တာ်တို့ ၁၇ ‌‌‌ယောက်ကိုတော့ day ကြေးကို ၄၈၀၀ ပြန်ပေးမယ်။OTလည်း ဆင်းစရာ မလိုဘူးလို့ မန်နေဂျာက ပြောတယ်' လို့ နစ်နာသူအလုပ်သမားက ပြောပါတယ်။ 

ခွဲခြားဆက်ဆံခံရသူ ၁၇ဦးတွင် အမျိုးသား ၉ဦး အမျိုးသမီး ၈ဦး ပါဝင်ပြီး လုပ်သက်၆နှစ် နီးပါးမှ တစ်နှစ်ကျာ်အထိ ပါဝင်တယ်လို့ သိရပါတယ်။ 

'ကျွန်တော်တို့ cutting ဌာနက၁၇ယောက်တည်းကို ခွဲခြားဆက်ဆံတာပါ။ ကျွန်တော်တို့က တောင်းဆိုတဲ့အချိန် နာရီပိုင်းလေးခဏ‌တော့အလုပ်မလုပ်ဘဲ နေမိတယ်။ ကျန်တာတော့ မရှိပါဘူး။ အခု ကျွန်တော်တို့ကိုလည်း ၅၂၀၀ ပေးဖို့ စက်ရုံကို စာပြန်တင်ထားတယ်။ မထူးရင်တာ့ လာမယ့်တနင်္လာ ကို အလုပ်သမားရုံးကို တိုင်စာသွားပို့မယ်'လို သူက ပြောပါတယ်။ 

အဆိုပါစက်ရုံတွင် CMP , sinsay စတဲ့အမှတ်တံဆိပ် အကျီ ဘောင်းဘီ ကျောပိုးအိတ် စတာ တွေကို ချုပ်လုပ်ပြီး စက်ရုံသက်တမ်း ၆နှစ်ကျော် ရှိပြီလို့ သိရပါတယ်။ 

#MyanmarLabourNews


Related posts

Cover
Max Technology စက်ရုံတွင် ဆန္ဒပြ အလုပ်သမားအား နိုင်ငံခြားသာားမှ ကိုယ်ထိလက်ရောက်ကျူးလွန်
Mar 23, 2026
Cover
W & F အထည်ချုပ်စက်ရုံ အချိန်ပို အလွန်အကျွံ ခိုင်းစေ
Mar 23, 2026
Cover
Tianjin Fashion Mileston စက်ရုံ ဆန္ဒပြအလုပ်သမားများ အား ခွဲခြားဆက်ဆံ ဖိနှိပ်
Mar 23, 2026
Cover
အလုပ်သမားများ ပေါ်တာဆွဲခံရသဖြင့် ကံမမြို့ရှိ ရေသန့်စက်ရုံပိတ်လိုက်ရ
Mar 23, 2026
Cover
ရွှေလင်ဗန်း Mengyue စက်ရုံ လုပ်ငန်းခွင်နှင့် အသက်ပေးခဲ့ရသည့် အလုပ်သမားဘဝများ
Mar 23, 2026
Cover
Sky Fashion Myanmar အထည်ချုပ် ရက်စား ၂ ရက်ဆင်းခိုင်းပြီး အချိန်ပို နာရီ လုပ်အားခေါင်းပုံဖြတ်
Mar 22, 2026
Cover
ပြည်တွင်းလုပ်သား ၅၀၀၀ ကျော် အလုပ်အကိုင်ရရှိနိုင်မည်ဆိုသည့် လုပ်ငန်းသစ် ၃၅ခု ကို စစ်ကော်မရှင် ခွင့်ပြု
Mar 22, 2026
Cover
စက်ရုံထဲက "သတို့သမီးလောင်း" ရှာပုံတော်နှင့် အဟောသိကံ စစ်ဆေးမှု
Mar 22, 2026